အာဖျံကွီးနဲ.ကုလားကြီး (Myself & India Man)

အာဖ်ံ ကြီးDecember 9, 20101min20816

အာဖျံကွီး ၅ တန်းဖြေပီးလို. ရန်ကုန်ကိုလာလည်တုန်းကပေါ့ဗျာ …
ဟိုဘုရားဖူး၊ ဒီဘုရားဖူး၊ ဟိုဟိုဒီဒီ ကစားကွင်းတွေ လျှောက်သွား၊ အသိတွေအိမ်လည်နဲ. အာဖျံကွီးတစ်ယောက် အလုပ်တွေရှုတ်နေတာလေ … 😉

တစ်နေ.တော့ အာဖျံကွီးရဲ. ချစ်လှစွာသော အမေက အသိအန်တီတစ်ယောက်နဲ. ကိစ္စရှိလို. အပြင်သွားကြမလို.တဲ့။ အာဖျံကွီးကို “နေပူတရ် သမီးရယ် … မလိုက်နဲ.တော့” တဲ့။ အာဖျံကွီးပဲ … လျှော့တွက်လို.ဘယ်ရမလဲ 🙁 “မကျန်နေခဲ့ဘူး … လိုက်မရ်” ပေါ့လေ။ အဲဒါနဲ.ပဲ ချစ်လှစွာသောအမေတို. နောက်ကပါသွားရော။

နေကလဲ ပူလိုက်တာ ပြောမနေနဲ.တော့၊ အရေးထဲ လိုင်းကားကလဲ အသကုန်
ကြပ်မှကြပ်၊ စိတ်တွေလဲ တော်တော်ကိုပိန်နေပီ၊ ဇွတ်လိုက်လာတာကို နောင်တကရချင်နေပီ။ “အာဖျံကွီးတို.က ကိစ္စရှိလို.အပြင်သွားတာကို လူတွေကကိစ္စလဲမရှိပဲနဲ. တမင်သက်သက် လိုင်းကားကြပ်အောင် လျှောက်သွားနေကြတရ် :'( ” ဆိုပီးတော့လဲ ကလေးအတွေးနဲ. ဒေါသထွက်လိုက်သေးတရ်။

ခဏနေတော့ ချစ်လှစွာသောအမေတို. သွားတဲ့အိမ်ရောက်ပီ။ အိမ်ထဲဝင်ပီးမှ ချစ်လှစွာသောအမေက ချွေးတလုံးလုုံးနဲ. ဖြစ်နေတဲ့ အာဖျံကွီးကိုသတိထားမိပီး (တစ်လမ်းလုံး အာဖျံကွီးကို ဂရုမစိုက်နိင်ဘဲ သူ.အသိနဲ. တွက်ထိုးနေတရ်လေ 🙁 ) “ငါ့သမီးလေး တော်တော်ပင်ပန်းနေပီလား” ဆိုပီး အာဖျံကွီးရဲ.ခေါင်းကို ငုံနန်းလိုက်တာ “အမလေး … ငါ့သမီးခေါင်းက ချိုင်းချွေးစော်နံလိုက်တာ” ဆိုပီးထအော်ပါလေရော။

အာဖျံကွီးလဲ ဘာဖြစ်လို. ဒီလိုဖြစ်တာလဲလို. စဉ်းစားလိုက်တော့ … အာလာလာ … လိုင်းကားပေါ်မှာ … စွပ်ကျယ်နဲ. ကုလားဝတုတ်ကြီးတစ်ယောက်ဗျာ … တန်းလေးကိုင်ပီး အာဖျံကွီးဘေးမှာ မတ်တပ်ကြီးရပ်လို. … အာဖျံကွီးရဲ.ခေါင်းက ကုလားဝတုတ်ကြီးရဲ. ချိုင်းအောက်မှာ …….. 😀 😀 😀

16 comments

  • naywoonni

    December 9, 2010 at 9:28 am

    တစ်လမ်းလုံးချိုင်းအောက်ရောက်နေတာ အိမ်ကျမှသတိရသလား အာဖျံကွီးရေ…….. ရယ်ရတယ်

  • kai

    December 9, 2010 at 9:33 am

    လူတွေကကိစ္စလဲမရှိပဲနဲ. တမင်သက်သက် လိုင်းကားကြပ်အောင် လျှောက်သွားနေကြတရ်
    ရယ်စရာ..ကလေးအတွေးပေါ့..။

    အင်း..။
    အမှန်တကယ်ကတော့ … ချိုင်းချွေးနံ့..ဆိုသည်မှာ ကုလားကြီးမှမဟုတ်..တရုတ်ကြီး..ဘိုကြီးတွေလည်းနံတာပါပဲ..။
    နံဆို…ကမ္ဘာမှာ ဘို(အဖြူ)တွေကအနံဆုံးဆိုကြတယ်…။
    ဒါကြောင့် … ရေးမွေးတွေကို သူတို့ဆီကအများဆုံးထုတ်တာဆိုပဲ.. 🙂
    (ကလေးအတွေးမဟုတ်ပါ..။)

  • weiwei

    December 9, 2010 at 9:59 am

    ကျွန်မထင်တာတော့ ကုပ္ပလီတွေက အနံဆုံးထင်တာပဲ … 🙂
    နွေရာသီဆို သူတို့ရဲ့ လေညာအရပ်မှာတောင် ဖြတ်မလျှောက်ရဲဘူး … 🙂
    ကိုယ်တွေ့ … 🙂 🙂

  • ဆူး

    December 9, 2010 at 10:02 am

    အာဖျံ နဲ့ ကုလားကြီး ဆိုလို့ ဖတ်လာလိုက်တာ.. တောက်လျောက်.. ကုလားဆိုတဲ့ အသုံး နောက်ဆုံးမှဘဲ.. အော်.. သူပြောချင်တာ ဒါကိုးးး လို့ သိလိုက်ရတယ်။ ခေါင်းစဉ်ကြည့်တော့ ကုလားကြီးနဲ့ ရန်များ ဖြစ်သလားလို့ပါ..

  • kyawmonkhant

    December 9, 2010 at 12:32 pm

    အော်—အာဖျံကွီးဆိုတာ ယောက်ျားလေးထင်နေတာ။ ခုမှဘဲ ရှင်းတော့တယ်။

  • နေ ဘုန်းလျံ

    December 9, 2010 at 2:21 pm

    မဝီးတွေ့ဘူးတဲ့ လူတွေက အာဖရိက ကလူတွေနဲ့ ဆိုမားလီးယား တွေဘဲဖြစ်ရမယ်

  • unclegyi1974

    December 9, 2010 at 3:03 pm

    မဝေက ဘယ်မှာများကိုယ်တွေ့ကြုံလာတာလဲ
    စာတပုဒ်လောက်တင်လိုက်ရင်ကောင်းမယ်

    • weiwei

      December 9, 2010 at 3:25 pm

      ကိုယ်တွေ့ပေါ့ … သူတို့နဲ့ အဆောက်အဦးတစ်ခုထဲမှာ အတူတူနေတာလေ …
      (တစ်ခန်းထဲတော့ မဟုတ်ဘူးနော် … 🙂 )
      သူတို့အကြောင်းကတော့ မမြလေးပြောသလိုပဲ .. ပြောကို မပြောချင်တော့ပါဘူး .. 🙂

  • koyinmaung

    December 9, 2010 at 10:36 pm

    ညအိပ်ယင်ဘယ်လိုအိပ်တဲ့အကြောင်းလေး မကြားဘူးသေးတဲ့လူတွေရှိနေသေးတယ် ပြောပြလိုက်ပါ မမြလေးရယ်….အဲ့ယောင်လို့ …ဒေါ်ဝေရယ် ဟဲဟဲ….

  • bigcat

    December 10, 2010 at 1:23 am

    အာဖျံကွီးနဲ့ တရုတ်ကြီး၊ အာဖျံကွီးနဲ့ ဂျပန်ကြီးတို့ ရှိရင်လည်းလုပ်ပါအုံး။ အာဖျံကွီးနဲ့ ကိုကြောင်ကြီးကတော့ အွန်လိုင်းဂေဇက်ပေါ်မှာလေ။

  • etone

    December 10, 2010 at 3:03 am

    လိုင်းကားစီးရတာ အဲ့ဒါတစ်ခုက ပြသနာရှိတယ် … ။ အီးတုံးအကျင့်က သူများဆီက အနံ့ဆိုးဆိုးရရင် အန်ချင်တာပါပဲ …။ ကားပေါ်မှာ သူများအန်တဲ့အနံရပြီး မေ့လဲတော့မလို ဖြစ်ဖူးတယ် ။ နောက်ပိုင်းတော့ ကားစီးရင် ဘေးပတ်ဝန်းကျင်သေချာကြည့်ပြီးမှစီးတယ် ။ ကြပ်နေရင် ထပ်စောင့်တယ် ။ စောင့်လို့မလာရင်တော့ ကားငှားလစ်တယ် ။ အရေးကြီးရင်တော့ ဘယ်သူငယ်ချင်းကားခေါ်သုံးလို့ရမလဲ စဉ်းစားတယ် ။

  • char too lan

    December 10, 2010 at 4:05 am

    ကျနော်ကတော့ လွယ်အိပ်ထဲမှာ ရှုဆေးကောင်းကောင်းအမြဲပါတယ် အဲ့အနံ့တွေရလာရင် မူးလွန်းလို့ တနေကုန်အလုပ်လုပ်ရတာ မပင်ပန်းဘူး လိုင်းကားစီးပြန်ရတာ တော်တော်ပင်ပန်းတယ်လို့ထင်တယ် 🙁 ရန်ကုန်မှာအမြဲလိုင်းကားစီးနေကြတဲ့သူတွေကိုတော့ ကျနော်ချီးကျူးတယ် သူတို့ရဲ့သီးခံခွင့်လွှတ်နိုင်မူကတော့စံပါပဲဗျာ

  • အာဖျံ ကွီး

    December 10, 2010 at 4:21 am

    ဟုတ်ပ ချာတူးရာ
    သူတို့ရဲ့သီးခံခွင့်လွှတ်နိုင်မူကတော့စံပါပဲဗျာ
    မင်းရဲ.မသီးခံခွင့်မလွှတ်နိုင်မူကလဲစံပါပဲဟ ….

    ပုံ/ အာဖျံကွီး
    (ချာတူးရဲ. ဂျိုစောင်း၊ ခွက်စောင်း၊ မျက်စောင်း၊ ချိုင့်စောင်း၊ လက်စောင်း အကြောင်း ကောင်းကောင်းသိသူ)

  • windtalker

    July 19, 2011 at 2:44 pm

    အာဖျံ ကွီး ဆိုတော့ တရုတ်မလေး ပေါ့

  • နီလေး

    July 19, 2011 at 4:44 pm

    အာဖျံကွီးကတော့စံပါပဲဗျာ
    ခွက်ပြောင်တဲ့နေရာမှာတော့ စံပါပဲဟ
    ပုံ/နီလေး
    (အာဖျံကွီးရဲ့ ဘက်ပေါင်းစုံ ခွက်ပြောင်ခြင်း (ဥပမာ ထိပ်ပြောင်ခြင်း)အကြောင်းကို ကောင်းကောင်းသိသူ

  • နီလေး

    July 19, 2011 at 4:57 pm

    သူကြီး ဘယ်လိုဖြစ်တာလဲ မန့်ပေးတာ ပွိုင့်လဲမတိုးဘူး လော့အောက်လုပ်ပြီး ကြည့်တော့ ကို့မန့်ထားတာလဲမတွေ့တော့ဘူး ဘာဖြစ်လို့လဲ ပြောပြပေးပါဦး

Leave a Reply