9 comments

  • unclegyi1974

    December 9, 2010 at 3:25 pm

    မြန်မာမှာအလှူ လှူရင် ဖိနပ်ချွတ်လှူရတယ်ဆိုတာ
    ယဉ်ကျေးမှုတခုပါ

    • အာဖျံ ကွီး

      December 10, 2010 at 4:37 am

      အင်း … ဟုတ်တရ်

      အသေးအဖွဲ.ကအစ တတ်သိလိမ္မာတဲ့ တို.ရဲ.အမေစု 🙂

      (သူများတွေဆို ဘုရားရှေ.မှာလဲ ယူနီဖောင်းတကားကားနဲ.၊ 🙁 ဩကာသဘုရားကန်တော့ထဲကလို ဖူးမြော်မာန်လျှော့မဟုတ်ပဲ ဖူးမြော်မာန်မလျှော့ဖြစ်နေပီ 🙁 )

      ပီးတော့ ကြုံတုန်းလေး ဘုန်းဘုန်းတွေ ဆရာလေးတွေကိုမှ မဟုတ်ပဲ သူတောင်းစားကိုတောင် ဖိနပ်ချွတ်ပီး လေးလေးစားစားလှုုရတရ် လို.အာဖျံကွီးသိထားတဲ့ Knowledge တစ်ခုကိုပြောချင်တရ်။ ကိုယ့်ရဲ.အလှုုပိုမြင့်မြတ်သွားတာပေါ့။

  • etone

    December 10, 2010 at 2:05 am

    ဆွမ်းဆန်စိမ်းလောင်းမလို့ထင်ပါရဲ့ ပခုံးပေါ်က တဘက်ကိုတွေ့ပြီးသိတာပါ …။ မဟုတ်ရင် ဖိနပ်မပါပဲ လမ်းထွက်လာလားထင်မိဦးမယ် ။

  • nwl

    December 10, 2010 at 3:46 am

    ဒါ အမေစု ဆွမ်းလောင်းတုန်းက ပုံလေး ဟုတ်တယ်မဟုတ်လား .. ဓာတ်ပုံဆရာက ဘာသာတရားကို အမေစုတို့ ဘယ်လောက် အလေးထားတယ်ဆိုတာ ပြောချင်လွန်းလို့ထင်ပါတယ် …

  • နိုင်နိုင်

    December 10, 2010 at 4:06 am

    ဓါတ်ပုံဆရာ စိတ်ကူးလေး တော်တော်ကောင်းပါတယ် အဓိပ္ပါယ်အရမ်းရှိတယ်ဗျာ ဒါဟာ မြန်မာ့ ဓလေ့ အစစ်မှန်ပေါ့နှော…..

  • kai

    December 10, 2010 at 10:07 am

    ရဟန်းတွေက ဆွမ်းခံကြွရင်… ဖိနပ်မစီးကြဖူးလေ..။ အဲဒါကဝိနည်းထင်တာပါပဲ..။
    အဲဒါကို … တန်ပြန်ရိုသေသမှုနဲ့.. လူပုဂ္ဂိုလ်က ဆွမ်းကပ်ရင်လည်း .. လှူတဲ့သူဖက်ကဖိနပ်မစီးတာ ထင်တာပါပဲ..။မြန်မာ့ရိုးရာဖြစ်လာတယ်ပေါ့..။

    မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ … နိုင်ငံရေးသမိုင်းထဲမှာ .. ဖိနပ်ကိစ္စက..တော်တော်အရေးပါအရာရောက်ပါတယ်..။
    ဒေါ်အောင်ဆန်းစုကြည် သေသေချာချာကို သတိနဲ့လုပ်တယ်ထင်မိပါတယ်…။

  • paukpauk

    December 10, 2010 at 5:22 pm

    အန်တီစုကို အရမ်းကို လေးစားဘို့ ကောင်းလို့
    ဒီပုံလေးကို အမှတ်တရ သိမ်းထားမယ်။

    ချီးကျူးထိုက်ပါပေ့ဓါတ်ပုံဆရာ… ဘယ်သူပါလိမ့်။

    ရုပ်ပုံလွှာ တစ်ခုက စာလုံးပေါင်း တစ်ထောင်ထက် တာသွားပါပေတယ်။

  • ကြယ်လေး

    December 10, 2010 at 10:29 pm

    သင်္ကန်းကပ်လှူနေချိန် ခြေဗလာနှင့် ဒေါ်အောင်ဆန်းစုကြည်
    Dec. 8, 2010 အမေစုမှ သံဃာတော်များအား သင်္ကန်းကပ်လှူနေစဉ် — ၃
    ဘေးနားက လူတွေ ဖိနပ်စီးထားတာတောင် ဖိနပ်မစီးပဲ ဆွမ်းလောင်းနေတဲ့ပုံကို Getty Images မှ ဓါတ်ပုံဆရာက သေချာရိုက်တင်ပြပေးထားတာပါ။ ဗုဒ္ဓဘာသာမြန်လူမျိုးများသည် သံဃာတော်အား ဆွမ်းလောင်းချိန်တွင် ဖိနပ်ချွတ်လောင်းလေ့ရှိကြောင်း ရှင်းပြထားသေးသည်။

Leave a Reply