ကြက်ဥ စတော်ဘယ်ရီ Putin

weiweiDecember 9, 20101min2259

ဒီနေ့တော့ ဆူးတင်ထားတဲ့ ငါးတွေကို စားချင်စိတ်ပေါက်တာနဲ့ ငါးဟင်းချက်စားပါတယ်။ ငါးကို အရင်ကထဲက သိပ်မကြိုက်လို့ ထမင်းစားပြီးရင် အချိုထပ်စားရအောင်လဲ တစ်ခါထဲ စီစဉ်ထားလိုက်ပါတယ်။ ကြက်ဥ စတော်ဘယ်ရီ နွားနို့နဲ့ အလွယ်ဆုံး ပူတင်းလုပ်ပါတယ်။

ပါဝင်သောပစ္စည်းများ

-ပုံတွင်ပြထားသည့်အတိုင်း

ပြူလုပ်ပုံအဆင့်ဆင့်

ပါဝင်မည့်ပစ္စည်းအားလုံးကို ဘလန်ဒါထဲထည့်ပြီး မွှေလိုက်ပါတယ် … ထို့နောက်ကြွေဇလုံအနေတော်တစ်ခုထဲ လောင်းထည့်လိုက်ပါတယ် .. ထို့နောက် အဲဒီကြွေဇလုံထည့်ပြီး အဖုံးဖုံးနိုင်တဲ့ အိုးတစ်လုံးထဲကိုရေထည့်ပြီး  အဖုံးဖုံးပြီး မီးအနေတော်ဖြင့် ၃ဝ မိနစ် ပစ်ထားလိုက်ပါတယ်။

မိနစ် ၃ဝ ပြည့်သွားတော့ သွားယူပြီး စားလိုက်ရုံပါပဲ … အခုအချိန်က ဆောင်းရာသီဆိုတော့ အေးအောင် မစောင့်ပဲ ဒီအတိုင်းပဲ ခပ်စားလိုက်ပါတယ် …

မွှေးမွှေးချိုချိုအီအီနဲ့ စားလို့ကောင်းပါတယ် … အလွန်လွယ်ကူပြီး အာဟာရပြည့်ဝသော အစားအစာတစ်ခုဖြစ်ပါတယ် ..

ပြသနာကတော့ စတော်ဘယ်ရီကြောင့်ထွက်တဲ့ရေတွေကြောင့် ပူတင်းက မာမနေဘဲ အထဲမှာ အရည်ကြည်တွေထွက်နေပါတယ်။ အရသာကောင်းပေမယ့် ခပ်လိုက်ရင်တော့ မလှဘူးဖြစ်နေပါတယ် …

ဒီ့ထက်ကောင်းတဲ့ နည်းလမ်းလေးများရှိရင် အကြံပေးပါအုန်း …

ကြက်ဥနဲ့နွားနို့ကိုတော့ မကြာခဏပူတင်းလုပ်စားလေ့ရှိပါတယ် … အရည်မထွက်ပါဘူး …

တစ်ခါတစ်လေ ငှက်ပျောသီးထည့်ပြီးလဲ လုပ်ပါတယ် … အရည်မထွက်ပဲ အဆင်ပြေပါတယ် …

** ရှိတဲ့ပစ္စည်းတွေနဲ့ ဖြစ်သလို အလွယ်ဆုံးပြုလုပ်ခြင်း ဖြစ်ပါသည်**

9 comments

  • True Faith

    December 9, 2010 at 2:35 pm

    ဘလန်ဒါမရှိဘူးဗျ။ အဲဒီအစား ဘာနဲ့လုပ်ရမလဲ။ ပါဝင်သည့် ပစ္စည်းများက ပုံတွင်ပြထားသည့်အတိုင်းဆိုတော့ ပုံကို ကြည့်တာ စတော်ဘယ်ရီ၊ ကြက်ဥ၊ နွားနို့အနည်းငယ်နဲ့ ဟိုဘက်က တရုတ်စာတန်းနဲ့ ဗူးက ဘာဗူးတုန်း မဝေဝေရဲ့။ မိန်းမကို ချက်ကျွေးရအောင်လို့ သေချာမေးထားမှ။

  • weiwei

    December 9, 2010 at 2:59 pm

    ပုံထဲမှာပါတာက ကြက်ဥ ၃ လုံး .. စတော်ဘယ်ရီ ၁ဝ သားခန့် .. ပန်းကန်ထဲက သကြား .. ဗူးကတော့ နွားနို့ဗူး 250 ml ဖြစ်ပါတယ် ..
    ဘလန်ဒါမရှိလဲ ကြေအောင် ခပ်နာနာလေးခေါက်လိုက်ရင် ဖြစ်ပါတယ် …

  • bigcat

    December 10, 2010 at 1:37 am

    စတော်ဘယ်ရီကို ထည့်မကြိတ်ခင် အရည်ညှစ်ပစ်လိုက်လေ။

  • nwl

    December 10, 2010 at 3:30 am

    အစ်မ တစ်ယောက်တစ်ခါပြောဘူးတာကတော့ ပူတင်းကို မာပြီး အရည်မထွက်စေချင်ရင် ဘီစကွတ်မုန့် (2) ချပ်လောက်ရောပြီးထည့်မွှေ ရတယ်တဲ့ ။ တစ်ခါမှတော့ ထည့်မလုပ်ဘူးဘူး …. မဝေ နောက်တစ်ခါလုပ်ရင် စမ်းကြည့်ပါလား ..ဟီး .. အဆင်ပြေရင်ပြန်ပြောလေနော် …

  • weiwei

    December 10, 2010 at 5:04 am

    ဘီစကစ်ချေထည့်ရင် မာတယ် .. လုပ်ဖူးပါတယ် .. ဒါပေမယ့် စားတဲ့အခါ အရသာကို မကြိုက်လို့ မထည့်ဖြစ်ဘူး …

  • etone

    December 10, 2010 at 6:45 am

    အရင်ကတော့ ပျင်းရင် ကြက်ဥပူတင်းလုပ်စားတယ် ။ အခုနောက်တစ်မျိုး လုပ်စားလို့ရပြီ ။ ကျေးဇူးပဲ မဝေရေ ။

  • ဆူး

    December 10, 2010 at 11:00 am

    ဈေးထဲမှာ ရောင်းတန်း ပူတင်းကတော့.. လွယ်လွယ်ကူကူ ပေါင်မုန့် ဘီစကွတ် ရေနဲ့ ချေလိုက်.. ကြက်ဥ သင့်သလိုထည့် နို့နဲ့ ရော သကြားထည့်ပြီး ကြို ပြီးရင် မီးဖိုမှာ ဖုတ်လိုက်.. ကွက်တိဘဲ.. မာမာလေးနဲ့ စားကောင်းတယ် မြန်မာနည်းကတော့ အပေါ်မီး အောက်မီးပေါ့.. ဘိုလို နည်းကတော့ micro wave ထည့်ပြီး ဖုတ်လိုက်.. ကောင်းမှကောင်း

  • weiwei

    December 10, 2010 at 11:04 am

    ဝေဝေ့နည်းကတော့ အလွယ်ဆုံးပေါ့နော် …. ဖုတ်စရာမလိုဘူးလေ .. ရေနဲ့ ပြုတ်လိုက်ရုံပဲ … 🙂

  • ဆူး

    December 10, 2010 at 1:06 pm

    နောက် ထပ် မုန့် လုပ်နည်း တွေ အားကြီးဘဲ သိတယ်.. ပါးစပ်နဲ့တော့ ကောင်းကောင်း လုပ်တတ်တယ်.. မုန့်လုပ်တဲ့ ပတ်ဝန်းကျင်မှာ အကြာကြီးနေဘူးလို့.. အဟမ်း.. စားချင်တာ ပြောကြနော်.. သိတာ ရှိရင် ဆရာလုပ်ပေးမယ်`

Leave a Reply