နိုင်ငံတကာလူ ့အခွင့်အရေးနေ ့ ဒီဇင်ဘာလ (၁၀) ရက်နေ ့

ၾကယ္ေလးDecember 9, 201011min1167

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အကျယ်

* Article (1)

All human beings are born free and equal in dignity and rihgts. They are endowed with reason and conseience and should act towards one another in spirit of brotherhood.

* အပိုဒ် ၁

လူတိုင်းသည် တူညီ လွတ်လပ်သော ဂုဏ်သိက္ခာဖြင့် လည်းကောင်း၊ တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း၊ မွေးဖွားလာသူများ ဖြစ်သည်။ ထိုသူတို့၌ ပိုင်းခြား ဝေဖန်တတ်သော ဉာဏ်နှင့် ကျင့်ဝတ် သိတတ်သော စိတ်တို့ရှိကြ၍ ထိုသူတို့သည် အချင်းချင်း မေတ္တာထား၍ ဆက်ဆံကျင့်သုုံးသင့်၏။

* Article (2)

Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such as race, color, sex, language, religion, political or other opinion, national or social origin, property, birth or other status. Furthermore, no distinction shall be made on the bases of the political, juriscictional or international status of the country or territory to which a person belogs, whether it be incependent, trust, non-self-governing or under any other linitation of sovereignty.

* အပိုဒ် ၂

လူတိုင်းသည် လူ့အခွင့် အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊ အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား ၊ မ ၊ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကာားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့် ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်း အားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရ။ ထို့ပြင် လူတစ်ဦး တစ်ယောက် နေထိုင်ရာ နိုင်ငံ၏ သို့တည်းမဟုတ် နယ်မြေဒေသ၏ နိုင်ငံရေးဆိုင်ရာ ဖြစ်စေ စီရင် ပိုင်ခွင့်ဆိုင်ရာ ဖြစ်စေ တိုင်းပြည် အချင်းချင်း ဆိုင်ရာဖြစ်စေ၊ အဆင့်အတန်း တစ်ခုခုကို အခြေပြု၍ သော်လည်းကောင်း၊ ဒေသနယ်မြေတစ်ခုသည် အချုပ်အခြာ အာဏာပိုင် လွတ်လပ်သည့် နယ်မြေ၊ သို့တည်းမဟုတ် ကုလသမဂ္ဂ ထိန်းသိမ်း စောင့်ရှောက် ထားရသည့် နယ်မြေ၊ သို့တည်းမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့် အာဏာတို့ တစိတ်တဒေသလောက်သာ ရရှိသည့် နယ်မြေ စသဖြင့် ယင်းသို့ သော နယ်မြေများ ဖြစ်သည်၊ဖြစ်သည် ဟူသော အကြောင်းကို အထောက်အထား ပြု၍ သော်လည်းကောင်း ခွဲခြားခြင်း လုံးဝ မရှိစေရ။

* Article (3)

Everyone has the right to life, liberty and security of person.

* အပိုဒ် ၃

လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။

* Article (4)

No one shall be held in slavery or servitude; slavery and the slave trade shall be prohibited in all their forms.

* အပိုဒ် ၄

မည်သူကိုမျှ ကျေးကျွန်အဖြစ်၊ သို့တည်းမဟုတ် အစေအပါးအဖြစ်၊ နိုင်ထက်စီးနင်း စေခိုင်းခြင်း မပြုရ၊ လူကို ကျေးကျွန် သဖွယ် အဓမ္မ စေခိုင်းခြင်း၊ အရောင်းအဝယ် ပြုခြင်းနှင့် ထိုသဘော သက်ရောက်သော လုပ်ငန်းဟူသမျှကို ပိတ်ပင် တားမြစ် ရမည်။

* Article (5)

No one shall be subjected to torture or to crucl, inhuman ordegrading treatment or punishment.

* အပိုဒ် ၅

မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။

* Article (6)

Every one have to rights to recognition every where as a person before the law.

* အပိုဒ် ၆

လူတိုင်းတွင် ဥပဒေအရာ၌ လူပုဂ္ဂိုလ်တစ်ဦး အဖြစ်ဖြင့် အရာခပ်သိမ်းတွင် အသိအမှတ် ပြုခြင်းကို ခံယူပိုင်ခွင့်ရှိသည်။

* Article (7)

All are equal before the law and are entitled without any discrimination to equal protection of the law. All are entitled to equal protection against any discrimination in violation of this Declaration and against any incitement to such discrimination.

* အပိုဒ် ၇

လူအားလုံးတို့သည် ဥပဒေအရာ၌ တူညီကြသည့်အပြင်၊ ဥပဒေ၏ အကာအကွယ်ကို ခြားနားခြင်း မခံရစေဘဲ တူညီစွာ ခံစားပိုင်ခွင့်ရှိသည်။ ဤကြေညာ စာတမ်းပါ သဘောတရားများကို ဖီဆန်၍ ခွဲခြားခြင်းမှ လည်းကောင်း၊ ထိုသို့ခွဲခြားခြင်းကို လှုံဆော်ခြင်းမှ လည်းကောင်း၊ ကင်းလွတ် စေရန် အကာအကွယ်ကို တူညီစွာ ခံစားပိုင်ခွင့် ရှိသည်။

* Article (8)

Every one has the right to an effective remedy by the competent national tribunals for acts violating the fundamental rights granted him by the constitution or by law.

* အပိုဒ် ၈

ဖွဲ့စည်းပုံ အခြေခံဥပဒေက သော်လည်းကောင်း အခြား ဥပဒေက သော်လည်းကောင်း လူတိုင်းအတွက် ပေးထားသည့် အခြေခံ အခွင့်အရေး များသည် ချိုးဖောက် ဖျက်ဆီးခြင်းခံခဲ့ရလျှင် ထိုသို့ ချိုးဖောက်ဖျက်ဆီးသော ပြုလုပ်မှုကြောင့် ဖြစ်ပေါ်လာသော နစ်နာချက် အတွက် ထိုသူသည် နိုင်ငံဆိုင်ရာ အာဏာပိုင်တရားရုံးတွင် ထိရောက်စွာ သက်သာ ခွင့်ရနိုင်စေရမည်။

* Article (9)

No one shall be subjected to arbitrary arrest. detention or exile.

* အပိုဒ် ၉

မည်သူမျှ ဥပဒေအရ မဟုတ်သော ဖမ်းဆီးခြင်းကို ဖြစ်စေ၊ ချုပ်နှောင်ခြင်းကို ဖြစ်စေ၊ ပြည်နှင်ခြင်းကိုဖြစ်စေ မခံစေရ။

* Article (10)

Every one is entitled in full equality to a fair and public heauing by an independent and impartial tribunal,in the determination of his rights and of any criminal charge against him.

* အပိုဒ် ၁ဝ

အခွင့်အရေးများနှင့် တာဝန် ဝတ္တရားများကို အဆုံးအဖြတ်ခံရာတွင် လည်းကောင်း၊ ပြစ်မှုကြောင့် တရားစွဲဆိုစီရင် ဆုံးဖြတ်ခံရာတွင် လည်းကောင်း၊ လူတိုင်းသည် လွတ်လပ်၍ ဘက်မလိုက်သော တရားရုံးတော်၏ လူအများ ရှေ့မှောက်တွင် မျှတစွာ ကြားနာစစ်ဆေးခြင်းကို တူညီစွာ ခံစား ပိုင်ခွင့်ရှိသည်။

* Article (11)

Every one charged with a penal offence has the right to be presumed innocent until proved guilty according to law in a public trial at which he has all guarantees necessary for his defence.

* အပိုဒ် ၁၁
o (၁) လူအများ ရှေ့မှောက်၌ ဥပဒေအတိုင်း စစ်ဆေး၍ ပြစ်မှုကျူးလွန်သည်ဟု ထင်ရှား စီရင်ခြင်းခံရသည့် အချိန်အထိ ပြစ်မှုနှင့် တရားစွဲဆိုခြင်း ခံရသူတိုင်းသည် အပြစ်မဲ့သူဟူ၍ ယူဆခြင်းခံထိုက်သည့် အခွင့်အရေးရှိသည်။ ထိုအမှုကို ကြားနာစစ်ဆေးရာဝယ် စွပ်စွဲခံရသည့် ပြစ်မှုအတွက် ခုခံချေပနိုင်ရန် လိုအပ်သော အခွင့်အရေးများကို ထိုသူအား ပေးပြီး ဖြစ်စေရမည်။
o Article(11.2) No one shall be held guilty of any penal offence on account of any act or onnission which did constitute a penal offence, under national or international law , at the time when it was commited .Nor shall a heavier penalty be imposed than the one that was applicable at the time the penal offence was committed.
o (၂)လူတစ်ဦးတစ်ယောက်အား နိုင်ငံဥပဒေအရဖြစ်စေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ဖြစ်စေ၊ ပြစ်မှုမမြောက်သော လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုအရ ဆွဲဆိုပြစ်ပေးခြင်း မပြုရ။ ထို့အပြင် ပြစ်မှုကျူးလွန်စဉ်အခါက ထိုက်သင့်စေနိုင်သော အပြစ်ဒဏ်ထက်ပိုမိုကြီးလေးသော အပြစ်ဒဏ်ကို ထိုက်သင့်ခြင်းမရှိစေရ။

* Article (12)

No one shall be bjected to arbitrary interference which his privacy, fanily, home or correspondence, nor to attacks upon his honour and reputation.Every one has the right to the protection of the law against such interference or attacks.

* အပိုဒ် ၁၂

မည်သူမျှ မိမိသဘောအတိုင်း အေးချမ်းလွတ်လပ်စွာ နေထိုင်ခြင်းကို သော်လည်းကောင်း၊ မိမိ၏ မိသားစုကို သော်လည်းကောင်း၊ မိမိ၏ နေအိမ် အသိုက်အဝန်းကို သော်လည်းကောင်း၊ စာပေးစာယူကို သော်လည်းကောင်း၊ ဥပဒေအရ မဟုတ်သော ဝင်ရောက် စွက်ဖက်ခြင်း မခံစေရ။ ထို့ပြင် မိမိ၏ဂုဏ်သိက္ခာ ကိုလည်း အထက်ပါအတိုင်း ပုတ်ခတ်ခြင်း မခံစေရ။ လူတိုင်းတွင် ထိုသို့ ဝင်ရောက်စွက်ဖက်ခြင်းမှ သော်လည်းကောင်း ပုတ်ခတ်ခြင်းမှ သော်လည်းကောင်း ဥပဒေအရ ကာကွယ် ပိုင်ခွင့်ရှိသည်။

* Article(13.1)

Every one has the right to freedom of movement and residence within the borders of each state.

* အပိုဒ် ၁၃
o (၁)လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်ခွင့်ရှိသည်။
o Article(13.2)Every one has the right to leave any country, including his own and to return to his country.
o (၂)လူတိုင်းတွင် မိမိနေထိုင်ရာ တိုင်းပြည်မှ လည်းကောင်း၊ အခြားတိုင်းပြည်မှလည်းကောင်း ထွက်ခွာ သွားပိုင်ခွင့်ရှိသည့်အပြင်၊ မိမိ၏ တိုင်းပြည်သို့ ပြန်လာ ပိုင်ခွင့်လည်းရှိသည်။

* Article(14.1)

Every one has the right to seek and to enjoy in ther countries asylum persecution.

* အပိုဒ် ၁၄
o (၁)လူတိုင်းသည် ညှဉ်းပန်း နှိပ်စက် ခံနေရခြင်းမှ လွတ်ကင်းရန် အခြားတိုင်းပြည် များ၌ အေးချမ်းစွာ ခိုလှုံနေနိုင်ခွင့်ရှိသည်။
o Article(14.2) This rights may not invoked in the case of prosecutions genuinely arising from non-political crimes or from acts contrary the purposes and principles of the United Nations.
o (၂)နိုင်ငံရေးနှင့် မပတ်သက်သည့် ပြစ်မှုများမှ သော်လည်းကောင်း၊ ကုလသမဂ္ဂ၏ ရည်ရွက်ချက်နှင့် သဘောတရား မှုများကို ဖီဆန်သော အမှုများမှ သော်လည်းကောင်း၊ အမှန် ပေါ်ပေါက် လာသော ပြစ်မှုကြောင့် တရားစွဲဆိုခြင်း ခံရသည့် အမှုအခင်များတွင် အထက်ပါ အခွင့်အရေးကို အသုံးမပြုနိုင်စေရ။

* Article(15.1)

Every one has the right to a nationality.

* အပိုဒ် ၁၅
o (၁)လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။
o Article(15.2) No one shall be arbitrarily deprived of his tionality nor denied the right to change his nationality.
o (၂)ဥပဒေအရ မဟုတ်လျှင် မည်သူမျှ မိမိ၏ နိုင်ငံသားအဖြစ်ကို စွန့်လွှတ်ခြင်း မခံစေရ၊ နိုင်ငံသားအဖြစ် ပြောင်းလဲနိုင်သော အခွင့်အရေးကို လည်း ငြင်းပယ်ခြင်း မခံစေရ။

* Article (16.1)

Men and wonen of full age, without any limitation due to race, nationality or religion, have the right to marry and to found a family. They are entitled to equal rights as to marriage and at its dissolution.

* အပိုဒ် ၁၆
o (၁)အရွယ်ရောက် ပြီးသော ယောက်ျား နှင့် မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော်လည်းကောင်း ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစု ထူထောင်နိုင်ခွင့်ရှိသည်။ အဆိုပါ ယောက်ျားနှင့် မိန်းမ တို့သည် လင်မယားအဖြစ် ပေါင်းသင်းနေစဉ် အချိန် အတွင်း၌ သော်လည်းကောင်း၊ အိမ်ထောင်ကို ဖျက်သိမ်း၍ ကွာရှင်းကြသည့် အခါ၌လည်းကောင်း၊ လက်ထပ် ပေါင်းသင်း အိမ်ထောင် ပြုခြင်းနှင့် စပ်လျဉ်းသော တူညီသည့် အခွင့်အရေးများကို ရရှိထိုက်သည်။
o Article (16.2) Marriage shall be entered into only with the free and full consent of the intending spouses.
o (၂)သတို့သား နှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။
o Article (16.3) The family is the natural and fundamental group unit of society and is entitled to protection by society by the State.
o (၃)မိသားစု တစ်ခုသည် လူ့အဖွဲ့အစည်း၏ သဘာဝကျသော အခြေခံအဖွဲ့တစ်ရပ်ဖြစ်သည်၊ ထိုမိသားစုသည် လူ့ အဖွဲ့အစည်းနှင့် အစိုးရတို့၏ ကာကွယ်စောင့်ရှောက်ခြင်းကို ခံယူခွင့်ရှိသည်။

* Article (17.1)

Every one has the right to own property alone as well as in association with others.

* အပိုဒ် ၁၇

လူတိုင်းတွင် မိမိတစ်ဦး ချင်းသော်လည်းကောင်း ၊ အခြားသူများနှင့် ဖက်စပ်၍ သော်လည်းကောင်း၊ ပစ္စည်းဥစ္စာ တို့ကို ပိုင်ဆိုင်ရန် အခွင့်အရေးရှိရမည်။

*
o Article (17.2) No one shall be arbitrarily deprived of his property.
o (၂) ဥပဒေအရ မဟုတ်လျှင်၊ မည်သူမျှ မိမိ၏ ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်ခြင်း မခံစေရ။

* Article (18)

Everyone has the right to freedom of thought, conscience and religion; this right includes freedom to change his religion or belief and freedom, either alone or in community with others and in public or private, to manifest his religion or belief in teaching, practice, worship and observance.

* အပိုဒ် ၁၈

လူတိုင်းတွင် လွတ်လပ်စွာ တွေးခေါ် ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာ ခံယူရပ်တည်နိုင်ခွင့် နှင့် လွတ်လပ်စွာ သက်ဝင် ကိုးကွယ်နိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ မိမိကိုးကွယ်သည့် ဘာသာကို သို့တည်းမဟုတ် သက်ဝင်ယုံကြည်ချက်ကို လွတ်လပ်စွာ ပြောင်းလဲနိုင်ခွင့် ပါဝင်သည့် အပြင် မိမိတစ်ယောက် ချင်းဖြစ်စေ၊ အခြားသူများနှင့် စုပေါင်း၍ဖြစ်စေ၊ ပြည်သူအများ ရှေ့မှောက်တွင် သော်လည်းကောင်း၊ ရှေ့မှောက်တွင် မဟုတ်ဘဲ သော်လည်းကောင်း၊ မိမိ ကိုးကွယ်သော ဘာသာကို သို့တည်းမဟုတ် သက်ဝင် ယုံကြည်ချက်ကို လွတ်လပ်စွာ သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည် နိုင်ခွင့်တို့လည်း ပါဝင်သည်။

* Article (19)

Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers.

* အပိုဒ် ၁၉

လူတိုင်းတွင် လွတ်လပ်စွာ ထင်မြင် ယူဆနိုင်ခွင့်နှင့် လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြနိုင်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ၌ အနှောင့် အယှက်မရှိဘဲ လွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့် ပါဝင် သည့်အပြင်၊ နိုင်ငံနယ်နိမိတ်များကို ထောက်ထားရန် မလိုဘဲ သတင်းအကြောင်းအရာနှင့် သဘောတရားများကို တနည်းနည်းဖြင့် လွတ်လပ်စွာ ရှာယူဆည်းပူးနိုင်ခွင့်၊ လက်ခံနိုင်ခွင့်နှင့် ဝေငှ ဖြန့်ချီခွင့်တို့လည်း ပါဝင်သည်။

* Article (20.1)

Everyone has the right to freedom of peaceful assembly and association.

* အပိုဒ် ၂ဝ
o (၁)လူတိုင်းတွင် လွတ်လပ် အေးချမ်းစွာ စုဝေးနိုင်ခွင့် နှင့် ဖွဲ့စည်းနိုင်ခွင့် တို့ ရှိသည်။
o Article (20.2) No one may be compelled to belong to an association.
o (၂)မည်သူကိုမျှ အဖွဲ့အစည်းတစ်ခုသို့ ဝင်စေရန် အတင်းအကျပ်မပြုရ။

* Article (21.1)

Everyone one has the right to take part in the government of his country, directly or through freely chosen representatives.

* အပိုဒ် ၂၁
o (၁) လူတိုင်းတွင် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များမှ တစ်ဆင့်ဖြစ်စေ ပါဝင် ဆောင်ရွက်နိုင်ခွင့် ရှိသည်။
o Article (21.2) Everyone has the right of equal access to bublic servece in his country.
o (၂)လူတိုင်းတွင် မိမိ၏နိုင်ငံရှိ ပြည်သူ့ ဝန်ထမ်းအဖွဲ့၌ ဝင်ရောက်နိုင်ရန် တူညီသည့် အခွင့် အရေးရှိသည်။
o Article (21.3) The will of the people shall be the basis of the authority of government; this will shall be expressed in periodic and genuine elections which shall be by universal and equal suffrage and shall be held by secret vote or by equivalent free voting procedures.
o (၃)ပြည်သူပြည်သားတို့၏ ဆန္ဒသည် အုပ်ချုပ် အာဏာ၏ အခြေခံဖြစ်ရမည်၊ အဆိုပါ ဆန္ဒကို အချိန်ကာလပိုင်းခြားလျက် စစ်မှန်သောရွေးကောက်ပွဲများဖြင့်

ထင်ရှားစေရမည်။ ရွေးကောက် ပွဲများတွင်လည်း လူတိုင်းအညီအမျှ ဆန္ဒမဲ ပေးနိုင်ခွင့် ရှိရမည့်အပြင် ၊ ထိုရွေးကောက်ပွဲများကို လျှို့ဝှက် မဲပေး စနစ်ဖြင့် ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ် ဖြင့်ဖြစ်စေ၊ ကျင်းပရမည်။

* Article (22)

Everyone, as a number of society, has the right to social security and is entitled to realization, through natilnal effort and international co-poreation and in accordance with the organization and resources of each state , of the economic, social and cultural rights indispensable for his dignity and the free development of his personality,

* အပိုဒ် ၂၂

လူတိုင်းတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်တစ်ဦးအနေနှင့် လူမှုရေးလုံခြုံခွင့်ရယူပိုင့်ခွင့်ရှိသည့်အပြင်နိုင်ငံရေးကြိုးပမ်းမှုဖြင့်ဖြစ်စေ၊ နိုင်ငံတကာ ပူပေါင်းဆောင်ရွက်မှုဖြင့်ဖြစ်စေ၊ နိုင်ငံအသီးသီး၏ဖွဲ့စည်းပုံနှင့် လည်းကောင်း၊ သယံဇာတအင်အားနှင့်လည်းကောင်း ထိုလူ၏ ဂုဏ်သိက္ခာနှင့် စရိုက်လက္ခဏာ လွတ်လပ်စွာ တိုးတက်မြင့်မားရေးအတွက် မရှိမဖြစ်လိုအပ်သော စီးပွားရေး၊လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများကို သုံးစွဲပိုင်ခွင့်ရှိသည်။

* Article(23.1)

Everyone has the rightto work ,to free choice of employment to just and favourable conditions of work and to protection against unemployment.

* အပိုဒ် ၂၃
o (၁)လူတိုင်းတွင် အလုပ်လုပ် ရန်လည်းကောင်း၊ မိမိနှစ်သက်ရာ အသက်မွေးမှု အလုပ် အကိုင်ကို လွတ်လပ်စွာရွေးချယ်ရန် လည်းကောင်း၊ တရား မျှတ၍ လုပ်ပျော်သော အလုပ်ခွင်၏ အခြေအနေကို ရရှိရန် လည်းကောင်း၊ အလုပ်လက်မဲ့ ဖြစ်ရခြင်းမှ အကာအကွယ် ရရှိရန် လည်းကောင်း အခွင့်အရေးရှိသည်။
o Article(23.2) Everyone, without any discrimination, has the right to equal pay for equal work.
o (၂)လူတိုင်းတွင် ခွဲခြားခြင်းမခံရစေဘဲ၊ တူညီသော အလုပ်အတွက် တူညီသော အခကြေးငွေ ရနိုင်ခွင့်ရှိသည်။
o Article(23.3) Everyone, who works has the right to just and favourable remumeration ensuring for himself and his family existence worthy of human dignity, and supplemented,if mecessary other means of social protection.
o (၃)အလုပ်လုပ်ကိုင်သည့် လူတိုင်းတွင်၊ မိမိနှင့် မိမိ၏ မိသားစုအတွက် လူ့ဂုဏ်သိက္ခာ နှင့် ညီအောင် နေထိုင် စားသောက်နိုင်ရန်၊ စိတ်ချလောက်သည့်ပြင်၊ တရား မျှတ၍ လုပ်ပျော်သည့် လစာကြေးငွေ ရပိုင်ခွင့်ရှိသည်။ လိုအပ်ခဲ့လျှင်အခြား နည်းလမ်းများမှ လူမှုရေး အထောက်အပံ့ကိုလည်း ထပ်မံ၍ ရနိုင်ခွင့် ရှိသည်။
o Aricle(23.4) Everyone has the right to form and to join reade unions for the protection of his interests.
o (၄)လူတိုင်းတွင် မိမိအကျိုး ခံစားခွင့်ကို ကာကွယ်ရန် အလုပ်သမား အစည်းအရုံးများ ဖွဲ့စည်းခွင့် ၊ ပါဝင် ဆောင်ရွက်ခွင့် ရှိသည်။

* Article(24)

Everyone has the right to rest and leisure, including reasonable limitation of working hours and preiodic holidays with pay.

* အပိုဒ် ၂၄

လူတိုင်းတွင် သင့်မြတ်လျော်ကန်စွာ ကန့်သတ်ထားသည့် အလုပ်လုပ်ချိန် အပြင်၊ လစာနှင့်တကွ အခါကာလအားလျော်စွာ သတ်မှတ် ထားသည့် အလုပ် အားလပ်ရက်များပါဝင်သည့် အနားယူခွင့်နှင့် အားလပ်ခွင့် ခံစားပိုင်ခွင့် ရှိသည်။

* Article(25.1)

Everyone has the right to standard of liveng adequatefor the health and well being of himself of his flmily, including food, clothing housing and medical care and necessary social services, and the right to security in the event of unemployment, sickness, disability,widowhood,old age or other lack of livelihood in circumstances beyond his control.

* အပိုဒ် ၂၅
o (၁)လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏ မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေး အတွက် အစာအဟာရ၊ အဝတ်အထည် နေအိမ်၊ ဆေးဝါး အကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော် လျှောက်ပတ်သည့် လူမှု အဆင့်အတန်းကို ရယူခံစားခွင့် ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါ၌ သော်လည်းကောင်း၊

မကျန်းမမာဖြစ်သော အခါ၌ သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်း မသန်ဖြစ်သော အခါ၌ သော်လည်းကောင်း၊ မုဆိုးမဖြစ်သော်အခါ၌ သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါ၌ သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာ ရှာမှီးနိုင်သော နည်းလမ်း မရှိသော အခါ၌ သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။

*
o Article(25.2) Motherhood and childhood are entitled to special care and assistance.All children, whether born in or out of wedlock, shall enjoy the same social protection.
o (၂)သားသည် မိခင်များနှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့် ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြား နည်းဖြင့် ဖြစ်စေ မွေးဖွားသော ကလေးအားလုံးသည် တူညီသော လူမှု ကာကွယ် စောင့်ရှောက်ရေးကို ရယူ ခံစားကြရမည်။

* Article (26.1)

Everyone has the right to education. Education shall by free, at leaslltl in the elementary and fundamental stages. Elementary education shall be compulsory. Technical and professional education shall be made generally available and higher education shall be equally accessible to all in the basis of merit.

* အပိုဒ် ၂၆
o (၁)လူတိုင်းသည် ပညာသင် ယူနိုင်ခွင့်ရှိသည်၊ အနည်းဆုံးမူလတန်းနှင့် အခြေခံ အဆင့် အတန်းများတွင် ပညာ သင်ကြားရေးသည် အခမဲ့ဖြစ်ရမည်။ မူလတန်းပညာသည် မသင်မနေရ ပညာ ဖြစ်ရမည်။ စက်မှုလက်မှုပညာနှင့် အသက်မွေးမှု ပညာများကို ယေဘူယျအားဖြင့် သင်ကြားရယူနိုင်စေရမည်။ ထို့ပြင် အထက်တန်းပညာအတွက် အရည်အချင်းကို အခြေခံပြု၍ တူညီသော အခွင့်အရေး ရရှိစေရမည်။
o Article(26.2)Education shall be directed to the full development of the human personality and to the strengthening of respect ror human rights and fundamental freedoms.It shall promote understanding, tolerance and friendship among all nations racial or religious groups, and shall further the activities of the United Nations for the maintenance of place.
o (၂)ပညာသင်ကြားရေးကို လူသားတို့၏စရိုက်လက္ခဏာအပြည့်အဝတိုးတက်မှု အပြင်၊ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့် ရိုသေ လေးစားမှု တို့ကို ရှင်သန်ဖွံ့ဖြိုးလာစေရန် ရည်ရွယ်၍ သင်ကြား စေရမည်။ ပညာသင်ကြားရေးသည် နိုင်ငံ အားလုံး တို့တွင် လည်းကောင်း၊ လူမျိုးစုများ တွင်လည်းကောင်း၊ ဘာသာရေးအသင်းအဖွဲ့များတွင် လည်းကောင်း၊ အချင်းချင်းနားလည်မှု၊ သည်းခံ မှုနှင့် ခင်မင်ရင်းနှီးမှုတို့ကို အားပေးရမည်။ ထို့ပြင် ငြိမ်းချမ်းရေး တည်တံ့အောင် ဆောင်ရွက်ရန် အလို့ငှါ၊ ကုလသမဂ္ဂ၏ ဆောင်ရွက်မှုများကိုလည်း ဖြစ်မြောက် အောင် အားပေးရမည်။
o Article(26.3) Parents have a piror right to hoose the kind of education that shall be given to their children.
o (၃)မိဘတို့တွင်၊ မိမိတို့၏ ကလေးများ သင်ယူရမည့် ပညာ အမျိုးအစားကို ရွေးချယ်နိုင်သော လက်ဦး အခွင့်အရေးရှိသည်။

* Article(27.1)

Everyone has the right freely to participate in the cultural life of the community, to enjoy the arts and to share in scientific advancement and its benefits.

* အပိုဒ် ၂၇
o (၁)လူတိုင်းတွင် သက်ဆိုင်ရာ ယဉ်ကျေးမှု လောက၌ လွတ်လပ်စွာ ပါဝင်ဆောင် ရွက်နိုင်ခွင့် သုခုမပညာရပ် များကို လွတ်လပ်စွာလိုက်စား မွေ့လျော်နိုင်ခွင့်၊ သိပံ္ပ ပညာထွန်းကားရေး လုပ်ငန်းများတွင် လွတ်လပ်စွာ ဝင်ရောက် လုပ်ကိုင် နိုင်ခွင့်နှင့် ထိုပညာ၏ အကျိုး အာနိသင်များကို လွတ်လပ်စွာ ခံစားသုံးစွဲနိုင်ခွင့် ရှိသည်။
o Article(27.2) Everyone has the right to the protection of the moral and material intersts resulting from any scientific, literary or artistic production of which he is the author.
o (၂)လူတိုင်းတွင် သိပံ္ပမှ ဖြစ်စေ၊ စာပေမှဖြစ်စေ၊ သုခုမပညာမှ ဖြစ်စေ၊ မိမိကိုယ်ပိုင်ဉာဏ်ဖြင့်ကြံစည်ဖန်းတီးမှုမှဖြစ်ထွန်းလာသည့် ဂုဏ်နှင့် ငွေကြေး အကျိုးအမြတ်များကို ခံစားရယူနိုင်ရန် အခွင့်အရေးအတွက် ကာကွယ်မှုကို ရရှိရန် အခွင့်အရေး ရှိသည်။

* Article(28)

Everyone is entitled to a social and internationalorder in which the rights and freedoms set form in Declaration can be fully realized.

* အပိုဒ် ၂၈

လူတိုင်းသည် ဤကြေညာ စာတမ်းတွင် ဖော်ပြထားသည့် အခွင့်အရေးများ နှင့် လွတ်လပ်ခွင့်များကို အပြည့်အစုံ ရယူနိုင်သော လူမှု ဆက်ဆံရေး အခြေအနေနှင့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံရေး အခြေအနေတို့၏ အကျိုးကျေးဇူးကို ခံစားနိုင်ခွင့် ရှိသည်။

* Article(29.1)

Everyone has duties to the community in which alone the free and full development this personality is possible.

* အပိုဒ် ၂၉
o (၁)မိမိ၏စရိုက်လက္ခဏာ လွတ်လပ်စွာ ဖွံ့ဖြိုး တိုးတက်နိုင်သည့် တစ်ခုတည်းသော လူ့အသိုက်အဝန်း အတွက်လူတိုင်း၌ တာဝန် ရှိသည်။
o Article(29.2)In the exercise of his rights and freedoms, everyone shall be subject only to such limitations as are determined by law solely for the purpose of securing due recognition and respect for the rights and freedoms of other and of meeting just requirements of morlity, public order and the general welfare in a democratic society.
o (၂)မိမိ၏ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို သုံးစွဲရာတွင် လူတိုင်းသည်၊ အခြားသူများ၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကိုအသိအမှတ်ပြု၍ ရိုသေလေးစားစေရန်အလို့ငှာ လည်းကောင်း၊ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းတွင် ကိုယ်ကျင့်တရားအပြင်၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူ့ အကျိုး စီးပွား ဖြစ်ထွန်းရေးတို့ အတွက်၊ တရားမျှတစွာကျင့်

ဆောင်ရန် အလို့ငှာ လည်းကောင်း၊ ဥပဒေက ပြဌာန်းထားသည့် ချုပ်ချယ်မှုများဖြင့်သာ ကန့်သတ်ခြင်းခံရမည်။

*
o Article(29.3)These rights and freedoms may in no case be exercised contrary to the purposes and principles of the United Nations.
o (၃)အဆိုပါ အခွင့်အရေးများနှင့် လွတ်လပ် ခွင့်များကို မည်သည့် အမှုကိစ္စတွင်မျှ ကုလသမဂ္ဂ၏ ရည်ရွယ်ချက်များနှင့် လည်းကောင်း၊ အခြေခံမူများနှင့် လည်းကောင်း ဆန့်ကျင်၍ မသုံးစွဲရ။

* Article(30)

Nothing in this Declation may be imterpreted as implying for any atate, group or person any right to engage in any activity or to perform any act aimed at the destruction of any of the rights and freedoms set form herein.

* အပိုဒ် ၃ဝ

ဤကြေညာစာတမ်းပါ အခွင့်အရေးနှင့်တကွ လွတ်လပ်ခွင့်များ ပျက်စီးရာပျက်စီးကြောင်းတို့ကိုရည်ရွယ်၍၊ နိုင်ငံ တစ်နိုင်ငံ အတွက် ဖြစ်စေ၊ လူတစ်စု အတွက်ဖြစ်စေ၊ လူတစ်ဦးတစ်ယောက် အတွက် ဖြစ်စေ ပါဝင် ဆောင်ရွက်ရန် အခွင့်ရှိသည်ဟု သော်လည်းကောင်း၊ ကိုယ်တိုင်ဆောင်ရွက်ရန် အခွင့်ရှိသည်ဟုသော်လည်းကောင်း အဓိပ္ပါယ် ပိုင်းခြားကောက်ယူခြင်း မရှိစေရ။


ဝိကီ မြန်မာမှ ကူးယူဖော်ပြသည်

7 comments

  • ကြယ်လေး

    December 9, 2010 at 3:33 pm

    သရက်ထောင်မှာ နှစ်ရှည် အကျဉ်းချခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသူ မနီလာသိန်းဟာ ထောင်တွင်းမှာ အစာငတ်ခံ ဆန္ဒပြနေတဲ့အတွက် မိသားစုနဲ့ တွေ့ဆုံခွင့် ပိတ်ပင်ထားပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်နေ့က ထောင်ဝင်စာ သွားအတွေ့မှာ ထောင်အာဏာပိုင်တွေက အခုလို ပြောလိုက်တာဖြစ်ပြီး ဘာကြောင့် အစာငတ်ခံ ဆန္ဒပြသလဲဆိုတဲ့ အကြောင်းကိုတော့ မသိခဲ့ရဘူးလို့လည်း မိသားစုဝင်တွေက ပြောပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မသင်းသီရိက တင်ပြပေးထားပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက် တနင်္လာနေ့က မနီလာသိန်းရဲ့ ယောင်းမတော်စပ်သူ မသန္တာယုနဲ့အတူ ၃ နှစ်အရွယ် မနီလာသိန်းရဲ့ သမီးငယ်တို့ သရက်ထောင်မှာ ထောင်ဝင်စာ သွားတွေ့တော့ တွေ့ခွင့်မရ ဖြစ်ခဲ့ကြတာပါ။ သမီးငယ်လေး ပါတဲ့အတွက် ခေတ္တခဏ မိခင်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့လည်း အာဏာပိုင်တွေက တွေ့ခွင့်မပေးခဲ့သလို ယူသွားတဲ့ အစားအစာတွေသာ ပေးထားခဲ့ရပြီး ဘာကြောင့် မနီလာသိန်း ထောင်တွင်းမှာ ဆန္ဒပြနေလဲ ဆိုတာ မေးမြန်းလို့ မရခဲ့ဘူးလို့ မသန္တာယုက ပြောပါတယ်။

    “ကျနော်တို့သွားတော့ ထောင်ဝင်စာ ပိတ်တယ်တဲ့၊ အစာငတ်ခံ ဆန္ဒပြလို့တဲ့၊ အဲဒီလိုပြောတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစားမစားဘူးပေါ့၊ အစာငတ်ခံ ဆန္ဒပြလို့ ပိတ်တယ်ပေါ့။ စားသောက်ဖို့ ယူသွားတဲ့ ပစ္စည်းတွေတော့ ပေးခဲ့ရတယ်။ လူတွေ့ခွင့် မရဘူး။ ကျနော်တို့က ကလေးလေးပါနေလို့ ၅ မိနစ်လောက်ပဲဖြစ်ဖြစ် ပေးတွေ့ပါဆိုတာ ဘယ်လိုမှ မရဘူး။ ကလေးနဲ့သွားတော့ မလွယ်ဘူးပေါ့။ အများအားဖြင့်တော့ ကျနော်တို့က ၂ လတခါ ဆိုပေမဲ့ တော်ရုံတန်ရုံတော့ မသွားဖြစ်ဘူးပေါ့။ အခု ပြီးခဲ့တဲ့ အောက်တိုဘာတုန်းက တခေါက်သွားထားတယ်။ ဒီဇင်ဘာက အခုလို ဖြစ်နေတယ်ဆိုတော့ အဆင်မပြေခဲ့ဘူးပေါ့။”

    မနီလာသိန်းဟာ မျက်စိအတွက်နဲ့အတူ အမျိုးသမီးရောဂါတခု အတွက် ပုံမှန်ဆေးဝါးတွေ သောက်သုံးနေရသူ ဖြစ်တာမို့ မိသားစုတွေ အနေနဲ့ အခုလို ထောင်ဝင်စာ တွေ့ခွင့်မရတဲ့အပေါ် ကျန်းမာရေးအတွက် စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။

    “မျက်လုံးက မျက်သားတက်နေတာ၊ အဲဒါရှိတယ်၊ ပြီးတော့ အမျိုးသမီးရောဂါ ဖြစ်နေတယ်။ အမျိုးသမီးရောဂါ ဖြစ်တယ်ဆိုတော့ စိတ်ပူတယ်လေ။ အဲဒါတော့ ဆရာဝန်နဲ့ စောစောပြရင် ကောင်းတာပဲ။ အခုတော့ ဘာတွေမှန်း မသိဘူး ရောဂါတွေက အစုံဖြစ်နေတော့၊ ကိုယ်က သားအိမ်ခေါင်းကင်ဆာ ဖြစ်မှာ ကြောက်တာလေ။ ပြီးခဲ့တဲ့လတုန်းကတော့ ဆေးပို့လိုက်တယ်။ တခြားတော့ ဘာမှ မလုပ်ရသေးဘူး၊ အဲဒါနဲ့ ပတ်သက်ပြီးတော့။”

    ကိုဂျင်မီ (ခေါ်) ကိုကျော်မင်းယု နှင့် မနီလာသိန်း တို့ ဇနီးမောင်နှံ
    မနီလာသိန်းကို ထောင်ဝင်စာ ပုံမှန်သွားတွေ့နေတဲ့ ယောင်းမတော်စပ်သူ မသန္တာယု ပြောပြခဲ့တာ ဖြစ်ပါတယ်။

    ၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်တဲ့ မနီလာသိန်းဟာ ၂၀၀ရ လောင်စာဆီနဲ့ ကုန်ဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့သူတဦး ဖြစ်သလို ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးလည်း ဖြစ်ပါတယ်။ သူ့ကို ၂၀၀၈ ခုနှစ် ဩဂုတ်လထဲ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလထဲမှာ ထောင်ဒဏ် ၆၅ နှစ် ပြစ်ဒဏ်ချကာ သရက်ထောင်မှာ ချုပ်နှောင်ခံခဲ့ရတာပါ။ အဲဒီအချိန်က ခင်ပွန်း ကိုဂျင်မီဟာလည်း နှစ်ရည်ထောင်ဒဏ်နဲ့ပဲ တောင်ကြီးထောင်ကို အပို့ခံရတဲ့ အချိန်မှာ သူတို့ ၂ ယောက်ရဲ့ သမီးကလေးဟာ ၄ လသား အရွယ်နဲ့ပဲ ကျန်ခဲ့ပါတယ်။

    မြန်မာနိုင်ငံတဝန်းက အကျဉ်းထောင်တွေမှာ ချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို နည်းမျိုးစုံနဲ့ ချိုးဖောက်ခံနေရတာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် AAPPB နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ပြောပါတယ်။ လတ်တလော အတွင်းမှာကိုပဲ နိုင်ငံရေး အကျဉ်းသား တချို့ကို ထောင်တွေ နေရာအမျိုးမျိုး ရွှေ့ပြောင်းမှုတွေ ကြုံနေရတယ်လို့ AAPPB အဖွဲ့က အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောပါတယ်။

    “ပြီးခဲ့တဲ့လက ဦးအုန်းသန်းဆိုရင် ခန္တီးထောင်ကနေ မန္တလေးထောင်၊ မန္တလေးထောင်ကနေ မြစ်ကြီးနား၊ မြစ်ကြီးနားကနေ ပူတာအို ပြောင်းတာရှိတယ်။ နောက်တခါ မစန္ဒာကို ပူတာအိုထောင် ပြောင်းသွားတာ ရှိတယ်။ နောက်တခါ ကိုထင်ကျော်ကို ပြောင်းသွားတာ ရှိတယ်။ အဲဒီလိုမျိုး ထောင်လှည့်တဲ့ ပုံစံမျိုးနဲ့ တထောင်ပြီးတထောင် လိုက်ပြောင်းနေတဲ့ အခြေအနေမျိုး ရှိပါတယ်။

    “အဲဒါက တကယ်ကို ညှဉ်းပန်းနှိပ်စက်မှု တခုလို့ပဲ ကျနော်တို့ မြင်တယ်။ သူတို့သာမက အိမ်တွေက မိသားစုတွေပါ အတိဒုက္ခရောက်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။ နောက်တခါ ဖျာပုံထောင်မှာဆိုရင် ဦးရွှေမောင်က အခု ဒုတိယအကြိမ် မျက်စိကုသမှု ခံယူရတယ်။ မျက်စိ ပြန်ကောင်းလာဖို့အတွက် အခြေအနေ မကောင်းဘူးဆိုတာ ကျနော်တို့ သိရပါတယ်။ ဒါတွေက ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေပါ။”

    AAPPB အဖွဲ့က ကိုတိတ်နိုင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

    တခါ မြစ်ကြီးနားထောင်က နှစ်ရှည်ထောင်ဒဏ် ချခံထားရတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ကိုဇာဂနာ ဆိုရင်လည်း သူ့ကို ထောင်ဝင်စာ ပုံမှန် သွားတွေ့နေတဲ့ ခယ်မဖြစ်သူကို တွေ့ဆုံခွင့် မပေးတော့ဘဲ နယ်မြေရပ်ခြားကို ရောက်နေတဲ့ မိသားစုဝင်တွေကိုပဲ ထောင်ဝင်စာ တွေ့ခွင့်ပေးမယ်လို့ အာဏာပိုင်တွေက သတ်မှတ်လိုက်တာမို့ လွန်ခဲ့တဲ့ ရ လကျော်လောက်ကတည်းက အစားအစာတွေကို လူကြုံနဲ့သာ ပို့နေရတဲ့ အခြေအနေမျိုးတွေလည်း ကြုံနေရပါတယ်။

    url – http://www.voanews.com/burmese

  • ကြယ်လေး

    December 9, 2010 at 3:36 pm

    ကိုသူရ (ခ) ဇာဂနာ

    ၁၉၈၈ ခုနှစ်တွင် အားလုံးပြောင်းလဲခဲ့သည်။ ဇာဂနာသည် ၁၉၈၈ ခုနှစ် ပြည်လုံးကျွတ် ဆန္ဒပြပွဲကြီး တွင် ပူးပေါင်းပါဝင်ခဲ့မှုကြောင့် အဖမ်းခံခဲ့ရသည်။ ထိုအချိန်မှ စ၍ ၆ နှစ်ကာလအတွင်းရှိ ၅ နှစ်အချိန်အတွင်းတွင် ထောင်မှ ဝင်လိုက်၊ ထွက်လိုက် နှင့်သာ မကြာခဏ နေထိုင်နေခဲ့ရသည်။ ၁၉၉၄ ခုနှစ်တွင် ထောင်မှ လွတ်မြောက်လာပြီးနောက်၊ ဇာဂနာသည် အငြိမ့်လောကတွင် ပါဝင်ခွင့် ပိတ်ပင်ခံခဲ့ရပြီး၊ ရုပ်ရှင်ထုတ်လုပ်မှု၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးသားခြင်းတို့ကိုသာ စစ်အစိုးရမှ ခွင့်ပြုခဲ့သည်။ သူထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ကားများအား စစ်အစိုးရ၏ ရုပ်ရှင်ဆင်ဆာ အဖွဲ့အစည်းမှ အမြဲမျက်ခြေမပြတ် ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်။ သူ၏ ကြောင်နှင့်ကြွက်(??) ဗီဒီယိုသည် စစ်တပ်အစိုးရအား မသိမသာ သရော်ထားမှုများကြောင့် ပရိသတ်အများ သဘောကျခဲ့ကြသည်။

    ၁၉၉ရ ခုနှစ်တွင် စစ်တပ်အစိုး၏ ချမှတ်ထားသော ရုပ်ရှင်စည်းကမ်းများ ကို မလိုက်နာဟု ဆိုကာ၊ သူ၏ ရုပ်ရှင်ထုတ်လုပ်ခွင့်ကို ပိတ်ပင်ခဲ့သည်။ သူသည် ၂၀၀ဝ ခုနှစ်တွင် ရုပ်ရှင်လောကတွင် ပြန်လည်ဝင်ခွင့်ရခဲ့သော်လည်း (ဇာတ်သဘင်လောကအတွက်မူ ပိတ်ပင်ခံထားရဆဲ ဖြစ်သည်)။ ၂၀၀၆ ခုနှစ် မေလမှစ၍ ဘီဘီစီ အသံလွှင့်ဌာနနှင့် အမေးအဖြေကဏ္ဍတွင် ပါဝင်ခဲ့သည်ဆိုကာ ဇာဂနာ ၏ ရုပ်ရှင်ဇာတ်ကားများ ထုတ်ဝေခွင့် အားစစ်တပ်အစိုးရမှပိတ်ပင်ခဲ့ပြန်သည်။

    ၂၀၀၈ခုနှစ် ဇွန်လဆန်းပိုင်း၌ နာဂစ် လေဘေးကယ်ဆယ်ရေး လုပ်နေစဉ် စမ်းချောင်း မြို့နယ်ရှိ နေအိမ်တွင် အဖမ်းခံခဲ့ရပြီး နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန်လှုံ့ဆော်မှု၊ ဗီဒီယိုအက် ဥပဒေနှင့် အီလက်ထရွန်နစ် အက်ဥပဒေ ၃ ခု အပါအဝင် ပုဒ်မ ၅ ခုဖြင့် ထောင်ဒဏ် ၅၉နှစ် ချမှတ်ခံခဲ့ရသည်။

    ၂၀၀၉-ခု၊ ဖေဖော်ဝါရီလတွင် အာဏာပိုင်များက အီလက်ထရွန်နစ် အမှု တစ်မှုလျှင် ၈ နှစ်စီ ဖြင့် ၂၄ နှစ် လျှော့ပေးခဲ့ရာ ယခုအခါ ၎င်းမှာ ထောင်ဒဏ် ၃၅နှစ် ကျခံရမည်ဖြစ်သည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် အကျဉ်းကျခံနေရသည်။

    ကိုဇာဂနာ ကို ၂၀၀၆ ခုနှစ်မှစ၍ လူများအကြား သရုပ်ဆောင်မှုများ၊ ပြဇာတ်များ ပြုလုပ်ခွင့်ကို စစ်အစိုးရမှ ပိတ်ပင်ထားသည်။ ဇာဂနာသည် The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို Free Expression (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) ဆိုသည့် အဖွဲ့အစည်းမှ ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန် နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။

    ၂၀၀၈ မေ – နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆရာတော်၊ သံဃာတော်များ၊ အနုပညာရှင်များ၊ ပြည်သူများ၊ လူငယ်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့သည်။ ပရိသတ်ကိုလည်း မီဒီယာများကတဆင့် အမြန်ဆုံး သတင်းပို့ ရှင်းပြနိုင်ခဲ့သည်။ စစ်အစိုးရကို နာဂစ်ကယ်ဆယ်ရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသဖြင့် ဖမ်းဆီးထောင်ချခံရသည်။ ထောင်ဒဏ် ၃၅ နှစ် ကျခံနေရသည်။ လူမှုရေးလုပ်ငန်းများအတွက် အလှူရှင်များ၊ လုပ်အားပေးစေတနာရှင်များနှင့် ပရိသတ်အားလုံးကို စည်းရုံးနိုင်သူ၊ အလုပ်ပြီးမြောက်အောင် ဆောင်ရွက်သူ၊ ရဲရင့်ပွင့်လင်းစွာ ပြောဆိုတင်ဆက်နိုင်သူ အနုပညာရှင်တဦးအဖြစ် ထူးခြားသည်။

  • ကြယ်လေး

    December 9, 2010 at 3:37 pm

    ကိုမင်းကိုနိုင် (ခ) ကိုပေါ်ဦးထွန်း

    နိုင်ငံရေးသမားများ ချစ်ခင်လေးစား ရသူ ကိုမင်းကိုနိုင်ဟာ ၁၉၈၉ မတ်လ နှစ်ရှည် အကျဉ်းချခံခဲ့ပြီး၊ ၂၀၀၄ နိုဝင်ဘာမှာ ပြန်ည်လွတ်မြောက်လာခဲ့ဖူးသည်။ ယုံကြည်ချက်အတွက် တိုက်ပွဲဆက်ဝင်ရင်း ၂ဝဝ၆ ခုနှစ်မှာ ဒုတိယအကြိမ် အဖမ်းခံရပြီး ၂ဝဝရ ဇန်နဝါရီလမှာ ပြန်လည် လွတ်မြောက်လာခဲ့သည်။

    ၂ဝဝရ ဩဂုတ်လအတွင်းမှာ စစ်အစိုးရက လောင်စာဆီဈေးနှုန်း တိုးမြှင့်လိုက်တဲ့အပေါ် ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့အတူ လမ်းလျောက်ဆန္ဒပြခဲ့တဲ့အတွက် ကိုမင်းကိုနိုင်ကို စစ်အစိုးရက တတိယအကြိမ် ဖမ်းဆီးပြီး ထောင်ဒဏ် (၆၅) နှစ်နဲ့ (၆)လ ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ယခုကိုမင်းကိုနိုင်ဟာ မိသားစုနဲ့ ဝေးလံတဲ့ ကျိုင်းတုံထောင်ကို ပြောင်းရွှေ့အကျဉ်းချ ခံခဲ့ရသည်။

  • ကြယ်လေး

    December 9, 2010 at 3:39 pm

    မစုစုနွေး
    ၂၀၀၅ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် အဖမ်းခံပြီးထောင်ဒဏ် တနှစ်ခွဲချမှတ်ခံခဲ့ရသော်လည်း (၇) လအကြာတွင် ပြန်လွတ်မြောက်လာခဲ့သည်။
    ၂၀၀ရ နိုဝင်ဘာ (၁၃) ရက်နေ့က စစ်အစိုးရဆန့်ကျင်ရေးပိုစတာကပ်မှုဖြင့် ဗဟန်းရဲစခန်းက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ရဲစခန်း၌ အစာငတ်ခံဆန္ဒပြခဲ့သည်။
    ၂၀၀၈ နိုဝင်ဘာလတွင် ဒုတိယအကြီမ် ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လ ချမှတ်ခဲ့သည်။ မစုစုနွေးအား ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့၏ ဆုရွေးချယ်ရေးအဖွဲ့က ဂျွန်ဟမ်းဖရေး လွတ်လပ် ရေးဆု (John Humphrey Freedom Award) ၂၀၀၆ ကို ရွေးချယ်ချီးမြှင့်ခဲ့သည်။

  • ကြယ်လေး

    December 9, 2010 at 4:21 pm

    ကိုနေဘုန်းလတ် (ခ) ကိုနေမျိုးကျော် (blogger)

    http://nayphonelatt.blogspot.com/ ဘလောဂ့်ရေးသားပြီး လူငယ်များ အင်တာနက်အသုံးပြုရေး နှိုးဆော်စာများနှင့် သူ၏ခံစာချက်များကို ရေးသားခဲ့သည်။ ၂၀၀၈ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏရှိ နေအိမ်သို့ ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ဗီဒီယို အက်ဥပဒေ ပုဒ်မ ၃၂(ခ) ၃၆ အရ ၃ နှစ်နှင့် ၆ လ ၊ အီလက်ထရွန်းနစ် ပုဒ်မအတွက် ၁၅ နှစ် စုစုပေါင်း ပြစ်ဒဏ် အနှစ်၂ဝ နှင့် ၆ လ ချမှတ်ခဲ့သော်လည်း ၂၀၀၉ ဖော်ဝါရီတွင် ထောင်ဒဏ် ၈ နှစ်ခွဲ လျှော့လိုက်ကြောင်းသိရသည်။ ၂၀၁ဝ ခုနှစ်အတွက် Barbara Goldsmiths Freedom to Write Award ဆုရှင် ကိုနေဘုန်းလတ် ဟာ ကရင်ပြည်နယ် ဖားအံ့အကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါသည်။

    တိုင်း မဂ္ဂဇင်းကြီးက နှစ်စဉ်နှစ်တိုင်း လူပုဂ္ဂိုလ်ထူး ၁၀ဝ ရွေးပြီး အထူးထုတ်မဂ္ဂဇင်းတစောင် ထုတ်လေ့ရှိပါတယ်။ လူ ၁၀ဝ ဆိုတာ သူတို့ရဲ့ အကျိုးပြုလုပ်ဆောင်ချက်များကြောင့် ကမ္ဘာ့လူသားတွေအပေါ်မှာ ဩဇာသက်ရောက်မှု အရှိဆုံး လူ ၁၀ဝ ဖြစ်ပါတယ်။ ၂၀၁ဝ ပြည့်နှစ် မေလမှာ လူ ၁၀ဝ အကြောင်း အထူးထုတ် မဂ္ဂဇင်းစာမျက်နှာ ၁၄၄ မှာ “တိုင်း ဟီးရိုး ၁၀၀” လို့ တပ်ထားပါတယ်။ အဲဒီစာမျက်နှာမှာ နေဘုန်းလတ်အကြောင်း ပါရှိပါတယ်။

    “မျိုးဆက်တခုရဲ့ ထောင်သွင်း အကျဉ်းချခံထားရတဲ့အသံ”လို့ ခေါင်းစဉ်တပ်ထားပါတယ်။
    ကိုနေဘုန်းလတ်အကြောင်းကို ရေးတဲ့ပုဂ္ဂိုလ်က ဒီနေ့ကမ္ဘာရဲ့ထိပ်သီးဝတ္ထုရေးဆရာကြီး အိန္ဒိယလူမျိုး Salman Rushdie (ဆာလမန် ရပ်ရှ်ဒီ) ဖြစ်ပါတယ်။

  • ကြယ်လေး

    December 9, 2010 at 4:26 pm

    အဆိုတော် ဇေယျာသော်
    မျိုးဆက်သစ် လူငယ်များ အစည်းအရုံး(GW)ခေါင်းဆောင်နှင့် ဟစ်ပ်ဟော့ပ် အဆိုတော်တဦးဖြစ်သူ ဇေယျာသော် အသက်(၂၇) နှစ်ကို နိုင်ငံခြားငွေ ကိုင်ဆောင်မှု ပုဒ်မ ၂၄/၁ အရ ထောင်ဒဏ် ၁ နှစ်၊ တရားမဝင် အသင်းအဖွဲ့ ပုဒ်မ ၆/၈၈ နှင့် ၅ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပြီး ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုသီဟဝင်းတင်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ တို့အား ပုဒ်မ ၆/၈၈ အရ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်သည်ဟု ရှေ့နေ ဦးအောင်ကြီး က ပြောပြသည်။

    “သူတို့ကို GW တရားမဝင်ဖွဲ့တယ်ဆိုပြီး အဲဒီ ၆/၈၈ ပုဒ်မနဲ့စွဲတာ၊ အဲဒီလိုဖွဲ့စည်းတယ်ဆိုတာကိုတော့ သက်သေ မပြနိုင်ဘူး၊ ဒါပေမယ့် သူတို့ သူငယ်ချင်း တဦး အခန်းကနေ ခွပ်ဒေါင်းအလံတွေ၊ တီရှပ် အကျႌတွေ၊ လက်ကမ်း စာဆာင်တွေ ၊ ကွန်ပျူတာတွေ ရရှိတယ်ဆိုပြီး အဲဒီအထောက် အထားတွေအရ စွဲပြီးတော့ ချလိုက်တာ၊ ဖမ်းတုန်း က ဘာမှမမိဘူး၊ ဟမ်းဖုန်းတွေပဲသိမ်းသွားတာ၊ ဇေယျာသော် ပိုက်ဆံအိတ်ထဲကတော့ နိုင်ငံခြားငွေနည်းနည်း တွေ့သွားတယ်”ဟု ဦးအောင်ကြီးက ပြောဆိုသည်။

    ပုဒ်မ ၆/၈၈ သည် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အသင်းအဖွဲ့များ ဖွဲ့စည်းတည်ထောင် လာပါက တာဆီးရန်အတွက် ထုတ်ပြန်ထားသော ဥပဒေ ဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဇေယျာသော်တို့ ၆ ဦးသည် ၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က ဆရာစံလမ်းမရှိ စားသောက်ဆိုင် တဆိုင်တွင် စစ်အာဏာပိုင်များ၏ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ တခြားသော GW အဖွဲ့ဝင် အင်းစိန်မြို့နယ်မှ ကိုတင်မျိုးထွဋ် ခေါ် ကိုကျော်ဦးသည်လည်း ပြီးခဲ့သည့် စက်တင်ဘာ လဆန်းက ဖမ်းဆီးခံခဲ့ရသည်။

    ယခုကဲ့သို့ ဖမ်းဆီးအရေးယူခြင်းနှင့် ပတ်သက်ပြီး ဇေယျာသော်၏ အဒေါ်တော်စပ်သူ ဒေါ်ခင်သန်းဌေး က“ကျမတို့က သူ့အတွက် ဂုဏ်ယူရမှာပါ၊ ခိုး ဆိုး လုယက်မှုနဲ့ ကျတာမှ မဟုတ်ဘဲ”ဟု ပြောဆိုသည်။

    ဇေယျာသော်သည် အနဂ္ဃ ၊ ဟိန်းဇော် ၊ ရန်ရန်ချန်း တို့နှင့်အတူ မြန်မာနိုင်ငံ၏ ပထမဆုံးသော ဟစ်ပ်ဟော့ပ် အဖွဲ့ဖြစ်သည့် အက်ဆစ် အဖွဲ့ကို ၂၀၀ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် စတင် ထူထောင်ခဲ့သူ တဦးဖြစ်သည်။

    ရန်ရန်ချန်းကိုလည်း စစ်အာဏာပိုင်များက ဧပြီလ ၁ရ ရက် သင်္ကြန်အတက်နေ့က မုံရွာမြို့တွင် ဖမ်းဆီးထား ခဲ့သည်။

  • BM

    December 10, 2010 at 3:01 am

    လူ့အခွင့်အရေး ကဗျာ
    + ၁ လူတိုင်းကိုယ်စီ သင့်မြတ်အေးဆေး
    တန်းတူအခွင့်ရေး ရှိကာနေ။
    + ၂ လူမျိုး ဘာသာ ဘာမှမခွဲရ
    သာတူညီမျှ ဆက်ဆံလေ။
    + ၃ အသက်ရှင်သန်စေ ၄ ကျေးကျွန်မပြုဘဲ
    ၅ နှိပ်စက်ခြင်းလဲ ကင်းပါစေ။
    + ဂုဏ်သိက္ခာပေး လူ့အခွင့်ရေး
    မျှော်တွေး ၅-ချက်ပေ။
    အဲ့ဒါမှ လူသားပီသ ကမ္ဘာက ကြေညာနေ။

    + ၆ လူတယောက်အဖြစ်ကို အသိအမှတ်ပြုဟေ့
    ရ ဥပဒေရှေ့လဲ ညီမျှစေ။
    + ၈ တရားနဲ့အညီလေ ကာကွယ်ကုစား
    ၉ မတရားဖမ်းချုပ် မနှင်ထုတ်စေ။
    + ၁ဝ လူအများရှေ့တွင် တရားစီရင်ရမတဲ့
    ၁၁ မခိုင်လုံဘဲနဲ့ အပြစ်မရှိပေ။
    + တရားမျှပေး လူ့အခွင့်ရေး
    မျှော်တွေး ၆-ချက်ပေ။
    အဲ့ဒါမှ လူသားပီသ ကမ္ဘာက ကြေညာနေ။

    + ၁၂ ကိုယ်ရေးကိုယ်တာ
    မစွက်ဖက် မပုတ်ခတ်
    ၁၃ လွတ်လွတ်လပ်လပ် သွားလာနေ။
    + ၁၄ တခြားတနိုင်ငံ ခိုလှုံရန်လဲ
    တောင်းခံပိုင်ခွင့် ရှိပါသလေ။
    + ၁၅ နိုင်ငံသားတယောက်အဖြစ် ခံယူခွင့်နဲ့
    ၁၆ မိသားတစုအတွက် လက်ထပ်လေ။
    + လုံခြုံမှုပေး လူ့အခွင့်ရေး
    မျှော်တွေး ၅-ချက်ပေ။
    အဲ့ဒါမှ လူသားပီသ ကမ္ဘာက ကြေညာနေ။
    + ၁ရ ကိုယ်နှင့်ဆိုင်တာ ပိုင်ဆိုင်ခွင့်နဲ့
    ၁၈ ယုံကြည်ကိုးကွယ် အခွင့်ရှိစေ။
    + ၁၉ မိမိအမြင် အယူအဆလဲ
    ထုတ်ဖေါ်တင်ပြ လွတ်လပ်စေ။
    + ၂ဝ ငြိမ်းချမ်းစွာလေ စုဝေးခြင်းနဲ့
    အသင်းဖွဲ့ခွင့် ရှိလို့နေ။
    + လွတ်လပ်မှုပေး လူ့အခွင့်ရေး
    မျှော်တွေး ၄-ချက်ပေ။
    အဲ့ဒါမှ လူသားပီသ ကမ္ဘာက ကြေညာနေ။

    + ၂၁ နိုင်ငံရေးအတွက် လှုပ်ရှားဆောင်ရွက်
    ၂၂ လူမှုရေးဖက် လုံခြုံစေ။
    + ၂၃ အလုပ်လုပ်ခွင့် ၂၄ အပမ်းဖြေခွင့်နဲ့
    ၂၅ လူမှုအဆင့်အတန်း သင့်လျော်စေ။
    + ၂၆ လူတိုင်းကိုယ်စီ ပညာသင်ခွင့်
    အပြည့်အဝ ရှိလို့နေ။
    + အသိဉာဏ်ပေး လူ့အခွင့်ရေး
    မျှော်တွေး ၆-ချက်ပေ။
    အဲ့ဒါမှ လူသားပီသ ကမ္ဘာက ကြေညာနေ။

    + ၂ရ ယဉ်ကျေးစွာပင် ပါဝင်ခံစား
    မူပိုင်ခွင့်အား လေးစားလေ။
    + ၂၈ လူ့အခွင့်ရေးတွေ သဘောပေါက်ပြီး
    ၂၉ လူချင်းရိုသေ တာဝန်ကျေ။
    + ၃ဝ လူ့အခွင့်ရေးကြေညာ ဤစာတမ်းလဲ
    ထိန်းသိမ်းကြိုးပမ်း ကာကွယ်လေ။
    + ချမ်းသာကိုပေး လူ့အခွင့်ရေး
    မျှော်တွေး ၄-ချက်ပေ။
    အဲ့ဒါမှ လူသားပီသ ကမ္ဘာက ကြေညာနေ။
    အဲ့ဒါဖြင့် လူမှုအဆင့် ကာကွယ်မြှင့်စို့
    မောင်တို့မယ်တို့ ငါတို့မြန်မာပြည်။ ။

    (ဆရာကြီးဒဂုံဦးထွန်းမြင့်၏ “လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနဲ့ ကင်းအောင်နေ………….အဲဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ့မင်္ဂလာတွေ… ဟူသော ၃၈ဖြာ မင်္ဂလာကဗျာ ဖွဲ့ဆိုနည်းအတိုင်း ဖွဲ့ဆိုထားသည့် လူ့အခွင့်အရေးကဗျာကို လန်ထောင် စပ်စုလေး၏ “ငါးထောင့် ငါးည အမြတ်ဆုံးရတနာ ဓမ္မကဗျာများမှ ကူးယူဖော်ပြကာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးနေ့ကို ကြိုဆို ဂုဏ်ပြုလိုက်ရပါသည်။)

Leave a Reply