ဆောင်းတွင်းမိုးတဲ့လား

manawphyulayDecember 11, 20101min865

ဒီနေ့…..
တစ်နေ့လုံး အုံ့ဆိုင်း
မိုးထုံ့ပိုင်း ထုံ့ပိုင်းရွာ
မီးကမလာ
တစ်ခါတစ်ရံ လေပြင်းပါ
နေခြည်ကို မမြင်ရ
ရာသီဥတုကိုက
မိုးတွင်းရောက်နေသလား ထင်မှတ်ရ….
ဒီမိုးရွာတော့မည်
ရွာမည် ဧကံမုချ
ဇလဗေဒဂြိုလ်တု
ပေးပို့မှု သတင်းအရ
လှိုင်းကြီးခြင်း
မိုးသက်လေပြင်းတစ်ခါတစ်ရံ
ဟော….
ဒီမိုးရွာချေပြီ
လေရော မိုးပါဒုန်းစိုင်း
ရိုင်းတော့လေမလား……

5 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 11, 2010 at 12:37 pm

    ကဗျာက နှစ်လလောက်နောက်ကျနေပြီနော်
    အခုရာသီက အရှေ့လေကျတဲ့အချိန်ဆိုတော့ အေးတော့မယ်
    ပင်လယ်(ကပ္ပလီပင်လယ်) မှာ မုန်တိုင်းမရှိ လှိုင်းတော့ကြီးတယ်
    ဒီအချိန် ဖြစ်တဲ့ လှိုင်းက ခံစားရအခက်ဆုံးဘဲ

  • manawphyulay

    December 11, 2010 at 12:44 pm

    ဒီနေ့ မိုးတအားရွာနေလို့ ဦးမိုက်ကယ်ဂျော်နီအောင်ပုရေ…………

  • unclegyi1974

    December 11, 2010 at 12:58 pm

    ဆရာငြိမ်းကျော်ဝတ္တုများတင်တာလားလို့ဖတ်နေတာ
    ငြိမ်ကျော်တပည့်မနော လက်သွေးနေတာကိုး

  • ဆူး

    December 11, 2010 at 1:21 pm

    ဒီနေ့ မိုးရွာနေတယ် ရွာလိုက်တာမှ မတရားကြီး နောက်မကျဘူး

  • manawphyulay

    December 11, 2010 at 1:28 pm

    ဟုတ်ကဲ့ပါ ဆရာ ငြိမ်းကျော်နဲ့တော့ တစ်မြို့ထဲ နေပါတယ်ရှင်။

Leave a Reply