ခြောက်သိန်းခွဲတန်CDMA 400 MHz MC-Urill ဖုန်းများအင်တာနက်ကောင်းမွန်စွာသုံးနိုင်ရန် ချထားပေး

etoneDecember 10, 20101min14510
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ယူ ငှားရမ်း၊ ဝယ်ယူ သုံးစွဲခွင့်ပေးမည့် CDMA 400 MHz MC-Urill ဖုန်းများကို ယခုလအတွင်း နေပြည်တော်၌ ကျပ်ခြောက်သိန်းခွဲဖြင့် ချပေးမည်ဖြစ်ကြောင်းသိရသည် ။ ထို ဖုန်းများသည် အင်တာနက်စနစ်ကို ကောင်းစွာအသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည် ။ သို့သော် အဆိုပါ အင်တာနက် ချိတ်ဆက်အသုံးပြုနိုင်သောဖုန်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ software ထည့်ထားသော ဟန်းဆက်များတွင်သာ အသုံးပြုနိုင်ပြီး အခြား သော ဖုန်းဟန်းဆက်များတွင် အသုံးပြုလို့မရကြောင်းလည်း သတင်းရရှိသည် ။

10 comments

  • ဆူး

    December 10, 2010 at 1:20 pm

    ခေတ်မှီအောင် ခါးမှာ ဖုန်း ၅လုံးလောက် ချိတ်ထားရမယ်။ ဒါက အင်တာနက်အတွက်.. ဒါလေးက ကန်းရိုးတန်း.. ဒါလေးက ဂျီ.. ဒါလေးက စီ.. ဒါလေးက ဟိုမြို့ သုံး
    ၅လုံး စလုံး ထမြည်လာတယ်.. ပြိုင်တူဘဲ.. မမိလို့ အချက်ပေးတဲ့ အလန်း

    • etone

      December 11, 2010 at 1:31 am

      ဆူးရေ အဲ့ဒါလည်းကောင်းတာပဲ….တနေ့လုံးအလုပ်လုပ်လို့မရအောင် ဖုန်းတွေပဲဖြေနေရမယ် ။

  • doekalay

    December 11, 2010 at 8:35 am

    ဆူးလိုတော ့လုပ်ကြည် ့ချင်သား

  • ဆူး

    December 11, 2010 at 1:49 pm

    ဆူး အဲဒီ ဖုန်းတွေ ကိုင်နိုင်သေးဘူး ပိုက်ချံ မရှိလို့..

  • Maung Dae`

    December 28, 2010 at 9:29 am

    ကိုယ့်အတွက် အရမ်းကို မလိုအပ်သေးဘူးဆိုရင်တော့ မဝယ်တာပဲကောင်းပါတယ်… နို့မို့ဆိုရင် ပါးပါးချင်း အလှီးခံနေရမှာ… ဂျီတွေစပေါ်ခါစတုန်းက သိန်း ၅ဝ နောက်တော့ ၂၅ သိန်း နောက်တော့ ၁၅ သိန်း အခု ၅ သိန်းတန် ဂျီထွက်မယ်…

    နောက်ထပ် သုံးသိန်းခွဲတန် ထပ်ထွက်မယ်လို့လဲကြားထားတယ်… တကယ်ဟုတ်မဟုတ်တော့မသိ…

  • paukpauk

    December 28, 2010 at 1:39 pm

    အမှန်ပဲ ပြည်သူဆီကရသမျှ အကုန်ရိတ်တာ။
    နောက်ဆို ၃သိန်း နောက် ၁ သိန်း ရသမျှ အရည်ခွံပါချွတ်ယူမှာလေ
    ဒီနိုင်ငံပဲ ဒီလို ဝယ်နေရသေးတာ။
    အရင် ၁၉၉ရ လောက်ကတည်းက အလကားလို ရောင်းပေးနိုင်ပေမဲ့
    မရောင်း ခဲ့တာ
    ပြည်သူတွေ အရိုးပဲ ကျန်မှ ပုဂလိက အလကား ပေး လုပ်ခွင့်ပေးတော့မှာလေ။
    စေတနာအပြည့်နဲ့ ပဏာယူသေးတယ်ဗျာ။

  • naywoonni

    December 28, 2010 at 3:32 pm

    ဖော်ဖော် ပြောတာအမှန်ပဲ ဒါကြောင့် ဝယ်မကိုင်ဘူးလေ မီတာတပ်ထားလို့ ထမ်းသမ်းစရိတ်ဆိုပြီး တစ်လ တစ်ထောင်ပေးနေရတာတောင် လွန်လှပြီ ကျွန်တော်တို့ဆီမှာတင် အလုံးငါးထောင်လောက်ရှိတာ တစ်လသိန်းငါးဆယ်လောက်သိမ်းသိမ်းသွား နေတာ တစ်နှစ်ဆိုသိန်းခြောက်ရာ ဘယ်ရောက်ကုန်ပြီလဲမသိဘူး ဒါတစ်မြို့ထဲနော်
    ဖုန်းဆိုရင်နောက်က အခွန်တွေလာဦးမှာ တစ်နှစ်တစ်သိန်းလို့ပြောတယ်
    အလကားပေးခဲ့ပါတယ်ဗျ ဆယ့်ငါးသိန်တန် ဖုန်းတွေကို နိုဝင်ဘာမတိုင်ခင်ကလေ 😛

  • winkyawaung

    December 28, 2010 at 4:22 pm

    ဟော လာပြန်ပြီ ဖုန်းတစ်လုံး ဘယ်လောက်ထိများ ဈေးတွေချပြီးယူကြအုံးမှာလဲ။ အရင်လူတွေ ဈေးကြီးဖုန်းတွေကို ပြန်လက်ခံပြီး (၅)သိန်းတန်ဖုန်း (၃)လုံးနဲ့ လဲပေးရင် ဘယ်လောက်ကောင်းမလဲနော်..။

Leave a Reply