ဒီကနေ့ ပြဿနာ အချို့

moethidasoeDecember 10, 20101min411

ခြင်္သေ့ ပါတီက သူတို့ ဘယ်လောက် အနိုင်ရသလဲ ဆိုတာကို ကျေးဇူးတင်လွှာတွေ သတင်းစာမှာ ထည့်ပြီး ကြော်ငြာတယ် .. ဟော ဗဟို(ပြည်ထောင်စု)ကော်မရှင်က နောက် နှစ်ရက်ကြာမှ တရားဝင် ကြေညာတယ် (နိုင်ငံတော်က တရားဝင် မထုတ်ပြန်ရသေးတာကို ကြိုတင် ထုတ်ပြန်ခွင့် ရှိနေတယ်)
..
တရုတ်ပြည်မှာ ဓါတ်ဆီတွေ လိုနေတယ် ဆိုတော့ မြန်မာပြည်မှာ မလုံလောက်တာတောင်မှ .. တန်းစီတိုး .. ရောင်းပြီး တရားဝင်လိုလို .. တရားမဝင်လိုလို .. တရုတ်ပြည်ကို မှောင်ခို ပို့တယ်
..
ရန်ကုန်မှာ ဓါတ်ဆီဈေး တက်တော့မှ .. အိမ်ထဲအောင်းနေတဲ့ ကားတွေ ဆီ ပတ်ထုတ်နေကြတာ လမ်းပေါ်မှာ အပြည့် ..
..
တရုတ်လုပ် လေယာဉ် အသစ်ကြီးက ဘီးပြဿနာ ဖြစ်တယ် ..
..
မီးလောင်တယ် .. အိမ်ရှင် အဖမ်းခံရတတ်တဲ့ အဖြစ်တွေ ရှိနေပေမယ့် .. တစ်ခါတလေ .. ခြင်္သေ့ လမ်းခင်းလိုက်ရင် .. ဘာမှ မဖြစ်သလို .. တစ်ခါတလေ .. ကြယ်ပွင့်တွေကလဲ အလုပ်ဖြစ်နေတယ် ..
..
တစ်ခြမ်းပဲ ခင်းခဲ့တဲ့ လမ်းဟာ အရင် လမ်းအပျက်လိုလဲ သွားလို့ မရ .. အပြီးခင်းဖို့ ဘယ်လောက် ကြာမယ်မှန်း မသိပဲ .. ဘာဆက်လုပ်ရမှန်း မသိတဲ့ အရပ်က လူတွေလဲ သနားစရာ .
..
ရွာသားတွေ .. အရင်က မြို့တက်ရုံတင် .. အခုတော့ .. နိုင်ငံခြားပါ ထွက်ကုန်ကြပြန်ပြီ .. ဘာတွေ ဖြစ်ကုန်ပြီလဲ
..
အလှူအတန်းတောင်မှ လှူသင့်သော နေရာ .. မလှူရလို့ ပိတ်ပင်ခံရမယ့် နေရာတွေ ဖြစ်နေပြန်ပြီလား .. ဘုရားရှင် ဟောထားတာက လိုတဲ့နေရာမှာ လှူရင် .. အလှူရှင်ကလဲ မြင့်မြတ်ရင် .. သီလ ပြည့်ရင် .. အသုံးလဲ တည့်ရင် အကျိုးရှိတယ် .. ကုသိုလ် ပိုရတယ် .. သီလမရှိသူကို လှူမိရင် .. ကုသိုလ်တော့ ရပါတယ် .. နည်းတယ် တဲ့ .. ညောင်ပင်ရယ် .. ညောင်သီးရယ် ဥပမာ ပေးခဲ့တယ် ..
..
ခန့်မှန်းချက် (ခေါင်းစားကြည့်ပါရစေ)
(၁) မကြာခင်များ ကားတွေ နယ်နှင်တော့မှာလား (ဓါတ်ဆီ ပေးဖို့ ခက်နေလို့ .. ကားသစ်တွေ ၈၅ ပေးပြီး သွင်းထားလို့)
(၂) အက်ဖ်အီးစီတွေ တရားမဝင် လုပ်တော့မှာလား (စစ်တပ်အတွက် နိုင်ငံခြားငွေ လက်ကျန် နည်းနေလို့)
(၃) ကြိုတင် သမ္မတ အမည်ကို ထုတ်ပြန်တော့မှာလား (ကြိုတင် ခေတ် ထနေတယ်)
(၄) မလှူရ ဆိုတဲ့ နေရာ ဌာနတွေ သတ်မှတ်တော့မှာလား (လှူကို လှူရမယ် ဆိုတဲ့ နေရာ သတ်မှတ်ချင်လို့လား)
(၅) နိုင်ငံခြား ထွက်သူတွေကို အခွန်ရလိုမှုနဲ့ ထွက်စေတာလား .. မြန်မာလူဦးရေ လျှော့တာလား (မှတ်ပုံတင်တောင် မထွက်သေးဘူး .. နိုင်ငံသားစိစစ်ရေးကပ်ပြားအဆင့်မှာပဲ ရပ်နေတာ ကြာပြီလေ)
(၆) နောက်ဆို တရုတ်စက် (တရက်စုတ်)ကိုပဲ အားပြုရမှာလား (စီးပွားရေးလုပ်ငန်း ပိုင်ရှင်များကို ကြည့်မိလို့)
(၇) ကျောသား ရင်သား ခွဲတော့ခွဲရမှာပေါ့နော် .. ကျော ဆိုတာ အရိုက်ခံဖို့ .. ရင် ဆိုတာ ထွေးပိုက်ဖို့ (ဒါမှ လိုသလို အသုံးချလို့ ရမှာ .. ဘုန်းကြီးကျောင်းသားက ငိုပြီးတော့ ပြောတယ်လေ .. ဘုန်းကြီး သပိတ်ကွဲတော့ ကျက်သရေခန်းထဲက ထုတ်လိုက် .. ကျောင်းသား လုပ်လို့ ကွဲတော့ ကြိမ်လုံး ယူလာစမ်း လို့ ဆိုခဲ့တယ် မဟုတ်လား)
(၈) မြန်မာပြည်မှာ ဓါတ်ဆီ မသုံးရတော့ဘူးလို့များ အမိန့်ထုတ်တော့မှာလား (ရှိသမျှ တရုတ်ပြည်ကို ပို့နေရလို့ .. ကြက်ဆူ တစ်ခေတ် ပြန်ထမှာလား)
(၉) နည်းနည်းရ တော်ရောပေါ့ ဘာလို့ အပြည့်လိုချင်ရတာလဲ ဆိုပြီး တစ်ခြမ်းရ ပုဂ္ဂိုလ်တွေကို ဖြေသိမ့်ခိုင်း ရမှာလား .. (နောက် မြို့တော်ဝန် .. အဲလေ .. တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်လာတာ စောင့်ပါလို့ ပဲ ပြောရမှာလား)
(၁၀) စိစစ်ရေးကို ကျော်ဖြတ်ချင်ရင် .. ခြင်္သေ့ အမှတ်တံဆိပ် သုံးရမှာလား (အဖြတ်အတောက် ကင်းစေဖို့)

One comment

  • maungmoenyo

    December 11, 2010 at 2:35 am

    ဗူးတောင်းနစ်လို့ဇောင်းခြမ်းပေါ်တဲ့ခေတ်လေ…။ ဘာပြောချင်သေးလဲ။ အစိုးရအဖွဲ့နဲ့ပြည်နယ်တိုင်းဒေသကြီးကအုပ်ချုပ်ရေးအဖွဲ့တွေကအော်တိုမက်တစ်ပေါ်လာတော့မှာပါ။ “ကြိုတင်”ဆိုတဲ့စကားကရေပမ်းစားလာသလို “အော်တိုမက်တစ်”ခေတ်ကိုဦးတည်နေပြီဆိုတာအားလုံးရိပ်မိကြမှာပါနော်…..
    ဥပမာ –
    ဥပဒေတွေလွှတ်တောမှာမနက်တင်ညနေကျရင်အတည်ဖြစ်။
    အတိုက်အခံတွေနေ့ဘက်လေကန်ကြပြီးညကျရင်သက်ဆိုင်ရာဆိုသူတွေကတံခါးလာအခေါက်ခံ၇။
    ဗိုလ်ချုပ်များရဲ့ကိုယ်ပိုင်စီးပွားရေးကိုအထောက်အပြုံ့နေကြတဲ့မျက်မှေးများကလိုင်စင်နဲ့လုပ်ပိုင်ခွင့်တွေတသီကြီးရကြ။
    အစိုးရနဲ့ရင်ကြားအစေ့မခံတဲ့တိုင်းရင်းသားလက်နက်ကိုင်တွေဆွဲအစိခံ၇။
    ငါတို့ကိုအာခံတဲ့လူထုငတ်ပလေ့စေ၊ဒုက္ခရောက်ပေလေ့စေဆိုတဲ့တိုင်းပြည်အုပ်ချုပ်မင်းလုပ်သူတို့ရဲ့ဗြမ္မစိုရ်တရားကြီးကပိုမိုသိသာထင်ရှားလာပါလိမ့်မယ်။
    သိပ်မကြာပါဘူး…လူတွေလမ်းပေါ်ထွက်လာကြမှာမလွဲဧကန်လို့တွက်ကိန်းထွက်ကြောင်းပါ……..။

Leave a Reply