ကာရာအိုကေဝန်ထမ်းများ စားသောက်ဆိုင်များသို့ ပရိုမိုးရှင်းဆင်းလာကြ

ဂ်စ္စူDecember 10, 20101min865

ကာရာအိုကေဆိုင်သို့ အပန်း ဖြေလာရောက်ကြရန်အတွက် ကာရာအိုကေဝန်ထမ်း အမျိုးသမီး များသည်စားသောက်ဆိုင်များသို့ ပရိုမိုးရှင်း ဆင်းလာကြကြောင်း သိရသည်။ယင်းအမျိုးသမီးများသည် စားသောက်ဆိုင်တွင် ထိုင်နေသူ များကို လိပ်စာကတ်ပေးကာ လာ ရောက်ရန် ဖိတ်ခေါ်ကြပြီး ၁ နာရီ ကို ငွေကြေးမည်မျှ ပေးရသည် သိလိုပါက ပြန်လည်ဖြေကြားပေး ကြောင်း သိရသည်။”တခြားကုန်ပစ္စည်းတွေအ တွက် ပရိုမိုးရှင်းဆင်းတဲ့ ကောင်မ လေးတွေ ထင်နေတာ။ ကိုယ့်ကို လိပ်စာလာပေးပြီး မိတ်ဆက်မှKTV က ဝန်ထမ်းလေးတွေမှန်းသိ တာ” ဟု ပန်းဆိုးတန်းစားသောက် ဆိုင်တွင် စားသောက်နေသူ တစ် ဦးက ပြောသည်။ကာရာ အိုကေ အမျိုးသမီးဝန် ထမ်းများမှာ တစ်လလျှင် လစာ ကျပ် ၃ သောင်းမှ ၅ သောင်းဝန်း ကျင်ထိနှင့် ၎င်းတို့ ဝန်ဆောင်မှု ပေး ရသောအခန်းကြေး၏ ၂ဝ ရာခိုင်နှုန်း ရရှိ ကြောင်း၊ ၎င်းအပြင် လာရောက် အပန်းဖြေသူများ ပေးသောဆုငွေကိုလည်း ရရှိ ကြောင်း သိရသည်။အချို့သော ကာရာအိုကေများ မှာ အမျိုးသမီး ဝန်ထမ်း များ ကိုလာ  ရောက်သီဆိုသူက ဝန်ဆောင်မှု ပေး ရန်ခေါ်ပါက ယင်းဝန်ထမ်းကို ဝန် ဆောင်မှုကြေး ကျပ် ၅ဝဝ ပေးရန် သတ်မှတ်ထားကြောင်း သိရသည်။”ကျွန်မတို့ တစ်ညအခန်း ဘယ်လောက်ဝင်ရတယ်ဆိုတာကို တုံကင်ပြားလေးတွေယူရတယ်။ တုံ ကင်ပြားအရေအတွက်နဲ့ ပိုက်ဆံ ပြန်ထုတ်ကြတယ်။ တချို့ ပိုက်ဆံ လို တဲ့ သူတွေက တစ်ပတ်တစ်ကြိမ် ပိုက်ဆံထုတ်ကြတယ်။ အများစုက တော့ လကုန်မှပဲ ထုတ်ကြတာ။ ပုံမှန်တော့ တစ်လ တစ်သိန်းကျော်  ရပါတယ်” ဟု ဗိုလ်တထောင်မြို့ နယ်ရှိ ကာရာအိုကေအမျိုးသမီး ဝန်ထမ်းတစ်ဦးက ပြောသည်။လက်ရှိအနေအထားတွင် ကာ ရာအိုကေသို့ လာရောက်အပန်းဖြေ သူ နည်းပါး လာခြင်းကြောင့် အမျိုး သမီးဝန်ထမ်းများအား ပရိုမိုးရှင်း ဆင်းခိုင်းစေခြင်းဖြစ်ကြောင်း သိရ သည်။
Popularmyanmar-http://popularmyanmar.com/mpaper/?p=10049

ကျန်ရှိသောသတင်းအချက်လက်နှင့် အတွေ ့အကြုံများကို MG ရှိအာစရိများမှ ဆက်လက်ဆွေးနွေးသွားပါလိမ့်မည်။

ဒီဇင်ဘာအတွင်း မုန်တိုင်းတစ်ကြိမ် ဖြစ်ပေါ်နိုင်သေး
ဒီဇင်ဘာအတွင်း ဘင်္ဂလားပင် လယ်အော်၌ မုန်တိုင်းတစ်ကြိမ် ဖြစ် ပေါ်နိုင်မည့်အပြင် မြန်မာနိုင်ငံ အရပ်ရပ်တွင် အေးပြီးခြောက်သွေ့ သော အရှေ့မြောက်လေများ တိုက် ခတ်သည့် ဆောင်းမုတ်သုံကာလ စတင်ဝင်ရောက်ပြီး ထူးခြားသည့် မိုးလေဝသအခြေအနေဖြစ်ပေါ်နိုင် ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။  ဒီဇင်ဘာအတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများကို ဖြတ်သန်း သွားလေ့ရှိသည့်အနောက်ဂျက် လေစီးကြောင်းများဖြစ်ပေါ်တတ် သော ကြောင ့်ပြည် တွင်းလေ ကြောင်း ပျံသန်းရေးတွင် အထူးဂရု ပြုရမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် အရှေ့ ဘက်မှ လေပြင်းများတိုက်ခတ်နိုင် သည့်အတွက် မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်တွင် လှိုင်းကြီးနိုင်သဖြင့် ပင်လယ်ရေ ကြောင်း သွားလာရေးကို အထူး ဂရုပြုကြရန်လိုအပ်ကြောင်း၊ ထို ကာလသည်  အေးပြီး ခြောက်သွေ့ သည့် ရာသီဖြစ်သောကြောင့် မိုး ရွာသွန်းမှု ဖြစ်စဉ်များ လျော့နည်း သွားနိုင်ကြောင်း၊ ထို့ကြောင့်  ပြည် တွင်းရေကြောင်းသွား လာရေးတွင် မြစ်ရေနည်းမှု အခြေအနေများကို လည်း ဂရုပြုရန်လိုအပ်ကြောင်း သိရသည်။ထို့အပြင် တရုတ်ပြည်မကြီး အတွင်းရှိ လေဖိအားများရပ်ဝန်းမှာ ပိုမိုအားကောင်းလာပြီး မြန်မာနိုင်ငံ ဘက်ဆီသို့ ထိုးဆင်းလာသည့် အခါ ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် အအေး ပိုလာသကဲ့သို့ ဟိမဝန္တာတောင်တန်း များဘက်မှ လေဖိအား များရပ်ဝန်း သည် မြန်မာနိုင်ငံဆီသို့ တိုးဝင်လာ သည့်အခါ မြန်မာနိုင်ငံအထက် ပိုင်းဒေသများတွင်လည်း အအေးပို လာနိုင်ကြောင်း၊ ထို့နောက် မြန်မာ နိုင်ငံ အောက် ပိုင်းဒေသများတွင် လေထုမငြိမ်မသက်ဖြစ်ရာမှ ဖြစ် ပေါ်လာတတ်သည့်တိမ်များကြောင့် တစ်ခါတစ်ရံ အအေးပေါ့သွားတတ် ကြောင်း သိရသည်။ အထက်ပါဖြစ်စဉ်များ ဖြစ်ပေါ် မည်ဆိုပါက ကြိုတင်အသိပေးချက် များကို မိုး/ဇလမှ အချိန်နှင့် တစ်ပြေးညီထုတ်ပြန်သွားမည်ဖြစ်ပြီး မိုးလေဝသသတင်းများနှင့် ပတ် သက်၍သိရှိလိုပါက နေပြည်တော် နှင့် ရန်ကုန်မြို့တို့တွင်ရှိသော အလိုလျောက်ဖြေကြားစက် ဝ၆၇-၄၁၁၂၅၂ နှင့် ဝ၁-၆၆၇၇၆၆ သို့ ဆက်သွယ်နိုင်သည်။

မင်းချစ်နိုင်-ပေါ်ပျူလာမြန်မာ

5 comments

  • naywoonni

    December 10, 2010 at 3:30 pm

    ပရိုမိုးရှင်းအကြောင်းကောမန့်ပေးရမလား မုန်တိုင်းအကြောင်း ကွန်မန့်ပေးရမလား
    စဉ်းစားလိုက်ဦးမယ်

  • unclegyi1974

    December 10, 2010 at 3:57 pm

    ကိုနီ ရေ ပေါက်လေးကရုပ်ရှင်ထဲကလို
    နှိုင်းယှဉ် လိုက်တာနဲ့တူတယ်

  • HayMonChan

    December 10, 2010 at 5:39 pm

    ဟိဟိ
    နှစ်ခုလုံးကို
    မန် ့တယ်နော်

  • kai

    December 11, 2010 at 9:21 am

    သာမန်အားဖြင့်တော့..မြန်မာပြည်ရဲ့.. ကရာအိုကေဆိုင်တွေကနေ… ပရောစီကျုဖက်ရောက်သွားနိုင်ပါတယ် ပြောရမှာပဲ..။
    ဒါပေမဲ့..မြန်မာပြည်မှာကံကောင်းနေတာက ..အဲဒီမိန်းကလေးငယ်များကျင်လည်ကျက်စားနေတဲ့လောကဟာ … သူများနိုင်ငံတွေလို ..လူမိုက်ဂိုဏ်းကြီးက အုပ်စိုးချုပ်ကိုင်ထားတဲ့..လောကမဖြစ်နေတာပဲ..။
    ရဲတွေကပဲ.. ဂိုဏ်းတွေထက်ဆိုးနေလို့လားတော့မသိ..။
    ဒါပေမဲ့..ဒါကြောင့်ပဲ..အဲဒီဖက်ကနေ ..ဒုစရိုက်မှုတွေ သိပ်မများလာဘူးလို့တော့ ..သုံးသပ်မိတာပါပဲ..။
    ========
    မုန်တိုင်းသတင်းတော့ ..မန်းစရာသိပ်မရှိပါဘူး..။
    ကမ္ဘာ့နိုင်ငံကြီးတွေက..ကမ္ဘာအရပ်ရပ်က။။လူတွေဒုက္ခပေးတတ်တဲ့..မုန်တိုင်းတွေကို .. နည်းပညာအကူအညီနဲ့.. ဖျက်စီး(ဒါမှမဟုတ်)လမ်းလွဲပစ်ဖို့အတွက်..တိုင်ပင်ကြဖူးတယ်..။
    ဂျပန်ကဦးဆောင်ပြီး ..“သဘာဝဟာ..သဘာဝပါ”လုပ်လိုက်လို့..အခုလို…မုန်တိုင်းတွေလွတ်လပ်စွာသောင်းကျန်းနေနိုင်တာပေါ့..။
    သိပ်မကြာတဲ့တနေ့တော့ .. မုန်တိုင်းလည်း လူသားတွေရဲ့ခြေမန်းကွင်းနဲ့ချုပ်ခံရတော့မယ်လို့ ..ထင်မိပါကြောင်း..။

Leave a Reply