၂၁ ရာစုမှာ .. တာထွက်စောဖို့လိုတယ် …..

fattyDecember 10, 20101min672

ကျောင်းသားဘဝကထဲက ရန်ကုန်တက္ကသိုလ် RC ထဲမှာ စတိုးဆိုင်တွေများထဲက တယ်လီဖုန်းရျိသောဆိုင်ကလေးမှာ
လူတွေအုံးနေတာ သတိပြုမိသည်။ တယ်လီဖုန်းပြောဖို့တန်းစီစောင့်ကြရသည် ..။
မစောင့်နိုင်သူတွေ ကျောင်းဝင်းအပြင်ထွက်ပေတော့ အဝေးကြီးသွားရမယ် ..။
ပြောချင်တာက အဲဒီစတိုးဆိုင်လေးဟာ နှစ်အတော်ကြာအောင် ဈေးကွက်ကို အပိုင်စီးထားနိုင်ခဲ့တဲ့ အကြောင်းပါ ..။
ထိုစတိုးဆိုင်ကို တက္ကသိုလ်ရဲ့ ဆက်သွယ်ရေးဈေးကွက် ပထမဆုံးသူ first mover ဟုခေါ်ရမည်ပင် ..။

မီးပွိုင့်များတွင်ဂျာနယ်လက်ပွေ့ရောင်းသူ အနဲငယ်သာတွေ့ရသည် ..။တဦးနှစ်ဦးတုံးကတော့ လက်မလည်အောင်ရောင်းရသည်။
နောင်ရေင်းမယ့်သူတွေများလာတော့ ဝင်ငွေသိပ်မကောင်းတော့ ..။
ဂျာနယ်များတွင်လည်းကြည့်ပါ ..။စပေါ်ကာစက တာထွက်ဦးသူမှာ ဟန်လှသည်။ အလုအယက်ဝယ်ဖတ်ကြရသည်။
ဟော .. အခု ဂျာနယ်တွေမှိုှုလိုပေါက်လာတော့ … အလုပ်ဖြစ်သူလည်းရှိသည် မဖြစ်သူလည်းရှိသည်။
အကြံတူနောက်လူသာစမြဲဆိုသည်ကိုလည်း .. သတိပြုရမည့်အပြင် … ထိုဆိုရိုးစကားကို အတုယူဖို့လည်း သင့်သည် ..။

ကကတက္ကစီတွေစပေါ်စက မှတ်မိသေးသည်။ တာထွက်ဦးသူများ ကားတစီးက နှစ်စီးဖြစ်လာကြသညိ။
ကျနော်ကိုယ်တိုင် တက္ကစီ ဆွဲဘူးပါသည်။ ညပိုင်း သိမ်ကြီးဈေး နိုက်ကလပ် အပြန် ပို့လိုက် ပြန်လာလိုက်နှင့် နားကိုမနားရ။
ဟော အခု ကကတွေ ငြီးနေကြရပါပြီ..။

တာတိုပြေးပွဲတွင် အနိုင်ရဖို့အရေး တာထွက်စောဖို့လိုသည်ဟု ဆိုကြသည်။ အရှိန်ခြင်းတူမည် နည်းစံနစ်ခြင်းတူမည်ဆိုပါက
တာထွက်စောသူက စက္ကန့်ပိုင်းနှင့်အနိုင်ရသွားပေမည် …။ သို့သော် စီးပွါးရေးည် တာတိုပြေးပွဲနှင့်တော့မတူ
ရေရှည်ပြိုင်ပွဲဖြစ်သည် ..။

တချို့မှာ စီးပွါးရေးတွင် အကြံ့ခိုင်ဆုံးသူသာ ဆက်လက်ရှင်သန်ရပ်တည်နိုင်သည်ဟုဆိုကြပြန်၏။
ကျနော်တော့အချိန်ကာလတခုအတွက်သာ မှန်သည်ဟု ယူဆပါသည် ..။
ယနေံကမ ္ဘာကြီးမှာ ကြံ့ခိုင်မှု အားကောင်းသော corporation ကြီးများ ကုမ္ပဏီကြီးများ ပြိုလဲကုန်သည်မှာ မျက်မြင်ကိုယ်တွေ့ပင် ..။
ကျနော် ဒေဝူး ကုမ္ပဏီကြီးတွင် ၅ နှစ်လောက်လုပ်ခဲ့ဘူးသည်။ ဒေဝူးသည် ကားမှစပြီး သဘောင်္ ဘဏ်လုပ်ငန်း လျှပ်စစ်ပစ္စည်းများ
အစရှိသဖြင့် အကုန်လုပ်သည်။ အကုန်လုပ်သမှ ဟိုးတလောက စင်ကာပူတွင် ဒေဝူးမှ မြန်မာသို့ပို့မည့် ကုန်သေတ္တာထဲတွင်
လက်နက်များမိ လိုက်သဖြင့် အပြစ်ပေးခံရသူခံရပြီးပြီ။ ကျနော်ဆိုလိုသည်မှာ အကုန်လုပ်ပြီး ကြံ့ခုိုင်သော ဒေဝူးပင်ဖြစ်သည်။

၁၉၉၉ တွင်ဒေဝူးသည် အကြွေး ၅၆ ဘီလီယံ အကြွေးတင်နေတော့သည် ..။ အစိုးရကလဲမကယ်နိုင်တော့ဘဲ ဒေဝူး ဘုန်းဘုန်းလဲတော့သည် ..။
တောင်ကိုရီးယားတွင် လုပ်ငန်းကြီးကြီးမားမား လုပ်လျှင် မပြိုကွဲနိုင် ဆိုသော အယူကို တန်ဖိုးကြီးကြီးမားမားပေးပြီးမှ သင်ခန်းစာရကြတော့သည်။

ကျနော်တို့နိုင်ငံတွင်မကြာမီ စီးပွါးရေးစည်းမျဉ်း သစ်များထွက်လာဇွယ်ရှိသည် ..။ မကြာမီကမှ မလေးရှားမှ ပညာရှင်များအသေးစားစီးပွါးရေး
လုပ်ငန်းများကိုအောင်မြင်အောင် ဘယ်လိုဘယ်ကဲ့သို့ လုပ်ရမည်ကို လာရောက်ပို့ချမည်ဟု သတင်းဖတ်လိုက်ရပါသည်။ စိတ်မကောင်းတော့
ဖြစ်ရသည်။ မိမိတိုင်းပြည်တွင်း ပညာရှင်များရှိပါသေးသည်။ အစိုးရက ဘယ်နှစ်ကြိမ်များခေါ်ယူဆွေးနွေးဘူးပါသနည်း ..။
ဒီနေရာမှာအငြင်းပါွးဖယ်များဖြစ်နိုင်သဖြင့် အရှည်မပြောလိုပါ ..။

အရေးကြီးတာက …တာထွက်စောဖို့ပင် ..။ တာထွက်တော့စောပါရဲ့ နည်းစံနစ်ကမရှိလျှင်လဲ မဟုတ်သေး ..။
အရှိန်နှုန်း မသာလျှင်တောင်မှ တူဖို့တော့အနဲဆုံးလိုမည်ထင်သည် ..။
ပြိုင်ဖက်ကိုသတ်မလားပြိုင်ဖက်ကသတ်တာခံမလား ဆိုတာလည်းထည့်စဉ်းစားကြရပါလိမ့်မည် …။

ဒိုင်ကဝီစီမှုတ်နေပြီ … ကိုယ့်အချင်းချင်း ချကောင်းတုန်းဆိုလျှင်ဖြင့် …..။

2 comments

  • bigcat

    December 11, 2010 at 5:42 am

    ဦးဖက်ရေ စကားသိပ်မများနဲ့တော့၊ စောစောစီးစီး နိုင်ငံခြားထွက်မယ်ဆိုလည်းထွက်၊ တော်ကြာ တာထွက် သိပ်နောက်ကျ လွန်းနေမှဖြင့်…

  • kohtet

    December 11, 2010 at 11:24 am

    တာထွက်စောဖို့ဆိုတာ…ကျွန်တော်တို့ entrepreneurship education
    အပေါ်စိတ်ဝင်စားကြဖို့လိုမယ်ထင်တယ်နော်ကိုဖက်တီး

Leave a Reply