ထီသမား တချို့ရဲ့ ….ဖန်…တီး…မူ့

ဗမာျပည္သားDecember 10, 20101min1429


ကျနော့်ရဲ့ကိုယ်တွေ့လေးပါ..
ဘော်ဒါတွေအားလုံး ကို ဒီလိုကြုံကြိုက်လာခဲ့ရင် အလိမ်မခံရအောင် သတိပေးချင်ပါတယ်     ..
ဟဲ..ဟဲ..ထီရောင်းသမားတယောက်ရဲ့ ဖန်တီးမူ့လေးတခုပါ..အဲ..အဲ.. ၂ခါတောင်ဆိုတော့ ထီရောင်းသမားက ၂ယောက် ..ဗျ ၂ယောက်
ပထမတခါက ပြီးခဲ့တဲ့၄လလောက်က ဗျ..
ဖြစ်ပုံကဒီလိုဗျ…
တနေ့ မနက်ရနာရီလောက်ကြီး ဖုန်းလာတယ်..အိမ်ကကြိုးဖုန်းကိုခေါ်တာဗျ..အဲဒါနဲ့ထကိုင်လိုက်တော့..
`ဟလို´..
`အော်..ဒီ..ဖုန်း က(……တိုင်း) ဘယ်နယ်ကလဲမသိဘူးနော်..တဲ့
ဒါနဲ့ကျနော်လဲ..ပြောပြလိုက်တယ်..
`အော်.ဒီလိုပါ..ကျနော်က (……..ထီဆိုင်ကြီးကပါ)  အကိုအောင်ဘာလေထီထိုးသေးလား ..
`အော်..ဟုတ်ကဲ့ ထိုးတယ်..ခင်ဗျ´..( ကျနော်လဲ ထိုးထားတဲ့ထီ ပေါက်လို့ အကြောင်းကြားတာလို့ထင်ပြီး ရင်ထဲ.ဒိန်း ခနဲခုန်သွားတယ်)
´ကျနော်တို့ကိုစားလှယ် တယောက်က ပြီးခဲ့တဲ့လ ကံစမ်းပွဲမှာ အကို့ဖုန်းနံပါတ်နဲ့ ..ကံစမ်းပေးထားတယ် ဗျ..အဲဒါ အကို့ဖုန်းနံပါတ်နဲ့မဲပေါက်လို့အကြောင်းကြားတာပါ ..အကို့နံမယ်ဘယ်လိုခေါ်လဲ´
ဒါနဲ့ကျနော်လဲ..ပြောပြလိုက်တယ်..
´အဲဒါ ..အကို ဘာဆုပေါက်လဲ သိရအောင်ကျနော်တို့ မန်နေဂျာ(……)ဖုန်းနံပါတ်(…….)ကိုပြန်ခေါ်လိုက်ပါ..´
(ဟာ..မဲပေါက်တယ်တဲ့..ပိုင်တာပဲ…)ဆိုပြီး ကျနော်လဲ ဘာဆုပေါက်လဲသိချင်တာနဲ့ချက်ချင်းပဲပြန်ခေါ်လိုက်တာပေါ့..
တီ..တိ..တီ
`ဟလို..မန်နေဂျာ(….)လား ခင်ဗျ..
`အော်..ဟုတ်ကဲ့..ဟုတ်ပါတယ်..´
ကျနော်(….)ပါ..ကျနော့ ဖုန်းနံပါတ်နဲ့မဲပေါက်တယ် ဆိုလို့ …
`အော်..ဟုတ်ကဲ့..ဟုတ်ပါတယ်..ကို(…..) ဟုတ်ကဲ့ ၂၀၁ဝ ခုနှစ်ထုတ် E.V.D စက် ပေါက်ပါတယ်..အဲ ဒါ ..ဒီနေ့ထွက်မယ့်(…)ကားနဲ့ တင်ပေးလိုက်ပါတယ်´
`အော်ဟုတ်ကဲ့´
`အော်ဒါနဲ့..ကို(…)ရေ…ခင်ဗျားအတွက်..ထီဆုကြီးများဆွတ်ခူးနိုင်အောင်ဆိုပြီး ကျနော်တို့ကဆရာတော်ကြီးတွေနဲ့တွက်ချက်ပြီး  ပွဲတပွဲပြင်ပေးထားတယ်..ဗျ..´
`အော်..ဟုတ်လား´( ဇတ်လမ်းကအဲဒီမှာ စတာပဲဗျို့..)
`အဲဒါ.ကို(…..)အတွက်..ဂဏန်းတတွဲ ရွေးပေးထားတယ် ဗျ..အဲဒါဆက်ပြီးကံစမ်းအုံးမလားလို့ ..´
`အော်..ဟုတ်လား ..အဲဒါ ဘယ်လောက်ကျမလဲ ဗျ..´(လာပြီ…လာပြီ..ဟဲ..ဟဲ..သဘောပေါက်တယ်နော် ဟဲ..ဟဲ)
`၂သိန်းခွဲလောက်ကျမယ်..ကို(….) ´ ( ထီ၁စောင်ကိုဘယ်လောက်အမြတ်တင်ရောင်းတယ်ဆိုတာလူတိုင်းသိပါတယ် ၂သိန်းခွဲဖိုးလောက် ဆိုတော့ဘယ်လောက်မြတ်မယ်ဆိုတာတွက်သာကြည့်တော့)
` အား..ပါး..ပါး.. အဲလောက်  ဆိုရင်တော့မတတ်နိုင် သေးဘူး´(အဲဒီလိုလဲပြောလိုက်ရော)
`အော်..ဟုတ်ကဲ့..ဟုတ်ကဲ့ ´
ဆိုပြီး  ဖုန်းလဲချသွားရော …
`ဟင်း…´EVD ပေးပြီးထီပြန်ရောင်းတာကိုး….ကျနော်လဲအဲလိုတွေးလိုက်မိတယ်.. ့သူ့စကားထဲမှာ EVDစက်ပို့လိုက်တယ်လို့ပြောထားတာကိုး ..ဟင်း..ဟင်း
ထောင်မြင်ရာစွန့် ..တကောင်ကျွေးပြီး၂ကောင်ပြန်စား ..လုပ်တာပဲလို့ …ဒါကလဲ တကယ်တန်း EVDစက်ပို့ခဲ့ရင်ပေါ့လေ..ဟဲ..ဟဲ
ဒါပေမယ့် …ဒါပေမယ့်..ပေါ့လေ..ဟဲ..ဟဲ..သိတဲ့အတိုင်း ..နက်ဖြန်သို့မဟုတ် ဘယ်သော အခါ..
ကားအိမ်ကိုကိုသွားမေး   မပါ…သူတို့ဖုန်းကိုပြန် ဆက်..မကိုင်…ဟဲ..ဟဲ ..ဒါပဲလေ..ဟဲ..ဟဲ…ဒီလိုပဲဖြစ်ရမှာပေါ့  ဟဲ..ဟဲ
အင်း…ဒီလိုနဲ့ဒီအဖြစ်အပျက်ကလေး ပြီးဆုံးပြီး …၄လဆိုတဲ့ကာလကို..ဖြတ်သန်းပြီးနောက်…၄လခန့်ကြာသောအခါပေါ့…ဟဲ..ဟဲ
ဒီကနေ့ ….မနက် ၉နာရီလောက်မှာ…ကျနော့ရဲ့ ဟန်းဖုန်းက ခေါ်သံမည်လာတယ်..ခင်ဗျ ..
`ဟလို´
`ဟုတ်ကဲ့…ဒီဖုန်းက..(….)တိုင်း ဘယ်မြို့နယ်ကလဲခင်ဗျ..´
`ဟုတ်ကဲ့..(…)  မြို့နယ်ကပါ´
`ဟုတ်ကဲ့ .. အကိုကြီး အောင်ဘာလေထီထိုးသေးလားခင်ဗျ´
`ဟုတ်ကဲ့ ထိုးတယ်ခင်ဗျ´
`ဟုတ်ကဲ့ အကိုကြီး ဖုန်းနံပါတ်နဲ့မဲပေါက်လို့အကြောင်းကြားတာပါ´
`ဟဲ…ဟဲ..ဟဲ..ဟီး..ဟီး…ဟီး လာပြန်ပြီဟ´
အဲလိုလဲပြောလိုက်ရော ဖုန်းချသွားရော ..အဲဒီတော့မှကျနော်လဲ အားရပါးရ ရီ ချပစ်လိုက်တယ်..ဟား..ဟား..ဟား
ရီလို့အားရတော့ …ဘာဆုပေါက်လဲမေးချင်လာတယ်ဗျ ..စော စော ကဖုန်းကိုပြန်ခေါ်ကြည့်တော့ .
ဖုန်းအငှားဆက်တဲ့ဆိုင်ကဖြစ်နေတယ်လေ..ဟဲ..ဟဲ..ဟဲ ဘော်..ဘော်တို့လဲဒီလိုအဇြစ်မျိုးမကြုံဘူးမပြောနိုင်ဘူးနော်..ဟဲ..ဟဲ..ဟဲ
`ဟ လို´အကို့ဖုန်းနံပါတ်နဲ့မဲပေါက်တယ်လို့ဆိုလာရင်တော့ ..ဟဲ..ဟဲ..ဟဲ သတိသာထား ….

9 comments

  • meelay

    December 19, 2010 at 3:58 am

    ကြုံဖူးတယ်ဗျို ့ ………. 🙂 ကိုယ်တွေ့ ကြုံဖူးတာပါ……. 🙂

  • naywoonni

    December 19, 2010 at 1:02 pm

    ကြုံဘူးပါဘူးနော် ထီမှမထိုးတာကို

  • ဆူး

    December 19, 2010 at 1:38 pm

    တခါတလေ ဆရာတော်ကြီးတွေ အမိန့်နဲ့ ထီကို အတင်းအကျပ် ထိုးခိုင်းတာကလည်း ရှိသေးတယ်။ စိတ်လေတယ်။ အရင်ကတော့ ဘာညာကွိကွ ပြောပြီး ထီ ထိုးခိုင်းတဲ့ ဖုန်းတွေ အိမ်ကိုလာဘူးတယ် မထိုးဘူးလို့ ညင်းလွတ်လိုက်တယ်။ အခုနည်းက ပိုခေတ်မှီလာတာပေါ့။

  • etone

    December 20, 2010 at 2:08 am

    နည်းမျိုးစုံနဲ့ သူများပိုက်ဆံကို ကလိမ်ကကျစ်ယူဖို့ စဉ်းစားနေတာပါလား ။
    အယုံလွယ်တဲ့လူတွေတော့ ခံရပြီမှတ် 😛

  • နွယ်ပင်

    December 20, 2010 at 3:08 am

    သူငယ်ချင်းတစ်ယောက်လဲ အဲလိုကြုံဖူးတယ် သူပြောတာနဲ့ နောက်ဆို ထီထိုးရင် ထီဆိုင်မှာ ဘယ်တော့မှ ဖုန်းနံပါတ်မပေးတော့ဘူး ထီဆိုင်က စာအုပ်မှာ ဘာမှကိုမရေးတာ …

  • နီလေး

    December 20, 2010 at 10:38 am

    ကြုံဖူးတယ် အဲတုန်းကတော့ ပန်ကာပေါက်တယ်လို့ပြောတယ်လေ ပေါတင်ကြီးနော်

  • kai

    December 20, 2010 at 10:01 pm

    တီ.တီ..တီ..
    “ဟဲလို”
    “မန္တလေးဂေဖက်ကပါ။ အဲဒါ အဲဒီဖုန်းနံပါတ်နဲ့ မန်ဘာဝင်ထားသလား”
    “ဟုတ်..ဟုတ်ကဲ..။”
    “အဲဒါ.. ဧဝရတ်မြင့်မိုရ်တောင်ထိပ်ပေါ်က ဂမ္ဘီရပါမောက္ခ ဝီနိယသုသဒ္ဓအမိန့်နဲ့ ယူအက်စ်မှာ ကံစမ်းမဲထိုးပေးထားတာ ပေါက်ကြောင်းပြောမလို့..။”
    “ဟာ.. ဟုတ်..ဟုတ်ကဲ့..”
    “အဲဒါ.. ယူအက်စ်..ဒစ်စနေလန်င်းမှာ ၂၀၁၁နှစ်ဆန်း ၁ရက်နေ့ လာထုတ်ရမယ်. စုစုပေါင်း ဒေါ်လာ ၁ဝသန်းပေါက်တာ။”
    “ရှင်..””ဟာ”..”ဗျာ”..”အို.””.အင်..”
    “မထုတ်နိုင်ရင်.. အဆုံးပဲ..။ အဲဒါလေယဉ်ခ ဒေါ်လာ ၁၀၀ဝ အရင်အမြန်လွှဲလိုက်ပါ။”
    ဂွပ်..(ဖုံးချလိုက်သံ)

    🙂

  • winkyawaung

    December 21, 2010 at 2:30 am

    မြန်မာပြည်မှာ တောရွာက ဘုန်းတော်ကြီးကျောင်းတွေအထိကို ထီရောင်းသူတွေက လိုက်ပြီး လိမ်နေကြပါတယ်.။

Leave a Reply