ဆန်ပြုတ် အလွယ်ပြုတ်နည်း

ဆူးDecember 10, 20101min29614

ယနေ့ ဆန်ပြုတ် အလွယ် ပြုတ်နည်း ကို တင်ပြလိုက်ပါတယ်။
ဆန် နို့ဆီ တဝက်စာကို ရေဆေးပါ။ ရေစစ်ပြီး ဓါတ်သား ကောင်းတဲ့ ဓါတ်ဘူး အပူလုံတဲ့ ဓါတ်ဘူးထဲ ထည့်ပါ။ ထို့နောက် ရေနွေးဆူဆူ ထည့်ပါ။ သေချာ လုံအောင် ပိတ်ပြီး တည ထားလိုက်ပါ။ မနက်လင်းသော် ဓါတ်ဘူးထဲမှာ ဆန်ပြုတ် ကို အိုးထဲထည့်ပြီး ကျိုချက်ပြီး စားသုံးနိုင်သည်။
မီးဖိုနဲ့ တည်ရန် ခက်သော် ဒီတိုင်း စားသုံးနိင်သည်။ မနက်စာ ဆန်ပြုတ် စားချင်သူများ ညမအိပ်ခင် ပြုလုပ်ပြီး အိပ် မနက်လင်းမှ အိုးထဲ ထည့်ပြီး စားလို့ ရပြီး စားလို့ ရပြီ။ ထိုကြောင့် မနက် စောစော ထပြီး ဆန်ကြေအောင် ပြုတ်ပြီး အချိန် ပေးစရာ မလိုဘဲ အရန်သင့်စားလို့ရတဲ့ အတွက် အလွန်လွယ်တဲ့ ဆန်ပြုတ် ပြုတ်နည်း မသိသေးသူများ သိရအောင် တင်ပေးလိုက်ပါသည်။ နောက်ပိုင်း လုပ်စားဘူးရင်တော့ ဆန်ကို သင့်တော် သလို ရေနွေးကိုလည်း သင့်သလို ထည့်ပြီး ပြုတ်ပါ။ တခါတရံ ရေများသွားရင် ထိုရေခမ်းအောင် အိုးထဲမှာ ထပ်တည်ရတတ်သည်။ ဆန်ပွနိုင်သလောက်မှန်းပြီး ထည့်ပါ။ အဆင်ပြေပါစေ။

14 comments

  • ဆူး

    December 10, 2010 at 5:18 pm

    နို့ဆန်ပြုတ် သောက်ချင်သူများ.. နို့နဲ့ သကြား ထည့်ပြီးတည်ပါ.. သို့မဟုတ် နို့ဆီ ထည့်ပြီး တည်ပါ။
    အုန်းနို့ ဆန်ပြုတ် ဆိုရင်တော့.. အုန်နို့ နဲ့ သကြား ထည့်ပြီး တည်ပါ။

  • ဆူး

    December 10, 2010 at 5:19 pm

    မြတ်စွာဘုရားအား ဦးဦးဖျားဖျား နို့ဆွမ်းကပ်တဲ့ သုဇာတာ ကို အားကျပြီး နို့ဆွမ်းကပ်ချင်ရင်လည်း အဆင်ပြေမယ် ထင်ပါတယ်။ စိတ်က မှန်းပြီး နို့ဆွမ်းပါဘုရားပေါ့။ အခုခေတ်က တော့ နို့ဆန်ပြုတ်က အနီးစပ်ဆုံးတူမယ် ထင်တယ်။

  • weiwei

    December 10, 2010 at 5:28 pm

    ဆန်ပြုတ်ကတော့ အကြိုက်ဆုံးအစားအစာပဲ … အလွယ်နည်းအတွက် ကျေးဇူးတင်တယ် ..

  • kotun

    December 10, 2010 at 7:46 pm

    ယတြာချေလိုသူများ အတွက် ဓါတ်ဆန်ပြုတ် ..

  • bigcat

    December 11, 2010 at 2:17 am

    ဆိုင်တွေမှာရောင်းတဲ့ ပရော်ဖက်ရှင်နယ် ဆန်ပြုတ်လို အရသာရှိရှိလုပ်ချင်တယ်။ သိရင်ပြောပါ။ သက်သက်လွတ်နဲ့ နောက်တမျိုးက အသား၊ငါးနဲ့ နှစ်မျိုးစလုံး သိရင်ပြောပါ။

    • ဆူး

      December 11, 2010 at 5:32 am

      ဆိုင်သမား ရောင်းတဲ့ ဆန်ပြုတ်ကတော့ တခြားတော့ မသိဘူး.. စိလုပ်ကြီးက အချိုမှုန့်သုံးတယ်လေ.. အသားနဲ့ ငါးကတော့ ဥပမာ ဘဲသားဆိုရင် အသားကို အရင်ပြုတ်လိုက်ပါ။ နူးသွားရင် အသားဖယ်ပြီး အတုံးလေးတွေ ဇြစ်အောင် လှီးပြီး ပြုတ်ရည်ကို ဆန်ပြုတ်ထဲ ထည့်ပြုတ်လိုက်.. ဆန်ပြုတ်က အရသာ ရှိပြီ အဟာရ ပိုကြွယ်ဝတာပေါ့.. ငါးဆန်ပြုတ်ကတော့ ငါးအသားလွာ ထားလိုက်ပါ.. ဆန်ပြုတ် ပူပူထဲကို ငါးအသားလွာ ပစ်ထည့်လိုက် ငါး အရသာ အချိုလည်း ဆန်ပြုတ်ထဲ ရောက်.. အချိုလိုရင် အချိုမှုန့်ကဲတာ မြင်မိတယ်။ သတ်သတ်လွတ်ကတော့ အခုပြောထားတဲ့ နည်းက သတ်သတ်လွတ်ဘဲ.. နို့ဆန်ပြုတ်လည်း သတ်သတ်လွတ်ပါတယ်။

  • cherrywine

    December 11, 2010 at 4:05 am

    ဆန်ပြုတ်ကြိုက်တယ်။အဲ့လို လုပ်စားရမယ်။မဆူးရေ ကျေးဇူးနော်။

  • weiwei

    December 11, 2010 at 5:43 am

    ရန်ကုန်က တရုတ်တန်းက ဆန်ပြုတ်ကတော့ အချိုမှုန့်တွေ အလွန်အကျွံသုံးကြတယ် … ကျန်းမာရေးကို ထိခိုက်စေနိုင်တယ် … ကျွန်မကတော့ ကြက်သားမှုန့် (ခနောမှုန့်) ကိုပဲ အချိုမှုန့်အစားသုံးပါတယ် …
    သတ်သတ်လွတ်ဆိုရင်တော့ အသားတုကို ရေစိမ်ပြီးပွလာတာကို ပါးပါးလေးတွေလှီးပြီး ဆန်ပြုတ်ထဲထည့်လိုက်ပေါ့ … စားတဲ့အခါကျမှ ပန်းကန်ထဲကို ကြက်သွန်အနီကြော်နဲ့ ကြက်သွန်မိတ်ထည့်ဖြူးစားရင်လဲ စားလို့ကောင်းပါတယ် …

    • bigcat

      December 11, 2010 at 6:12 am

      အဟတ်အဟတ်… ခနောမှုန့်ကို msg အချိုမှုန့်မပါဘူးလို့ ဘယ်သူပြောသတုန်း။ ကျနော်လည်း အရင်က အဟုတ်မှတ်လို့ သုံးတယ်၊ တကယ်စစ်လိုက်တော့ ဘာမှမထူးဘူး။ အချိုမှုန့်ကြောက်ရင် ထိုင်ဝမ်ကလာတဲ့ အချိုမှုန့်အစားထိုး မှို၊မုန်လာဥတို့နဲ့လုပ်တဲ့ ဟင်းချက်မှုန့်ကိုသုံး။ poloku mushroom seasoning ဆိုတာ အင်တာနက်မှာ ရှာရှိတယ်။

  • MaMa

    December 11, 2010 at 7:14 am

    ဆန်ပြုတ် အလွယ်ပြုတ်နည်းကို အားပေးသွားတယ်။ ဆန်ပြုတ်ကြိုက်သူများအတွက် ဆွေမျိုးမေ့ဆန်ပြုတ် (ကိုယ့်ဖာသာကိုယ် နာမည်ပေးထားတာ။ ရောင်းကောင်းအောင်လို့) တင်ပေးလိုက်တယ်။

  • ကရင်လေး

    December 15, 2010 at 3:05 pm

    တရုတ်တန်းက ဆန်ပြုတ်ကို သေချာမသောက်ဖူးဘူးနဲ့ တူတယ်… အချိုမှုန့်အလွန်အကျ ွံမသုံးပါဘူး.. အချိုဓါတ်ရအောင်.. ကြက်ရိုး..ဘဲရိုးတွေနဲ့ ပြုတ်ထားတာပါ.. အချိုမှုန့်က စားခါနီးမှပန်းကန်လုံးထဲကိုထည့်တာပါ

  • saund

    December 16, 2010 at 2:36 am

    ကိုကြောင်ကြီး ဆန်ပြုတ်ကို ထင်းနဲ ့တည်ပေ့ါ။ ထင်းနံ ့မွှေးမယ်။ ထမင်းဆူလာတော့မီးမျှင်းမျှင်းနဲ ့တည်ထား အကြာကြီး တည်ရင် ဆန်က ကဆီတွေ ထွက်ပြီး အရသာ မွှေးလာရော..

    နောက်တာပါ ထင်းမရှိလဲ ရိုးရိုးမီးမှာ ဆူလာတာနဲ ့ မီးလျော့ မီးနည်း၂နဲ ့ကြာကြာတည် ရတယ်။ အသားတွေကိုတော့ သပ်သပ် ပြုတ်သလိုဘဲ အသားတွေ အပေါ်က ဖြူးတာ ထင်တယ် ကြက်ရိုး ဝက်နံရိုးတွေက တော့ ပြုတ်ရင် အချိုရည် ထွက်တော့ အချိုမှုန် ့ တောင် သိပ်လိုမယ် မထင်ပါဘူး။
    ဆိုင်မှာ ရောင်းတဲ့ ဆန်ပြုတ် ဝယ်မစားဖူးဘူး။ အိမ်မှာ ချက်တာက တော့ ကြက်သွန်ဖြူ ဆီနည်းနည်း ကြက်သွန်နီ ထဲ့တယ်။ တချို ့က ဆန်ကို နည်းနည်း ကျေအောင်ဘလင်ဒါနဲ ့ခြေပြီး ပြုတ်တယ် ပြောတာဘဲ။ ဆန်သားကျေမွ ပြီး ဆန်လုံးသား မမြင်ရဘဲ ပြစ်လာရင် ရပြီ။ စားခါနီး ကြက်သွန်နီမြိတ် ငြုတ်ကောင်းထည့် ကြက်သွန်ဖြူဆီချက်လေး ထည့်ကြည့်ပါလား။

Leave a Reply