ကိုယ်တိုင်က မိန်းခလေး ဖြစ်နေတော့ မိန်းခလေးများ အကြောင်း သတိထားမိလို့ ရေးဖြစ်တာပါ။ မိန်းမ အများစုက ဗေဒင် ယတြာ ကို ယုံကြည်လက်ခံပြီး ကောင်းကျိုးအတွက်သော်လည်းကောင်း အညံ များ တားဆီရန် အတွက်သော်လည်းကောင်း လိုချင်တာလေး ဖြစ်မြောက်ပါစေ ဆိုသော ဆန္ဒအရသော် လည်းကောင်း ယုံကြည်စွာ လုပ်ဆောင်ကြသည်။
ဗေဒင်ဆရာများ ပြောစကားအရဆိုရင် မိန်းမငယ်ကလေးတွေ လာတယ်ဆိုရင် သေချာတယ် ဒါ အချစ်ရေး..
မိန်းမကြီးတွေ လာရင် စီးပွားရေး အိမ်ထောင်ရေးမှာ ယောကျား ခြေငြိမ်စေဖို့..
ယောကျားတွေ အရွယ်ကောင်းဆို.. မယားတရူး မိန်းမတွေ အရွယ်ကောင်းဆို လင်တာရူး
နှစ်ယောက်တွဲလာရင် ပိုသေချာတယ်။ ဘယ်တော့ ယူရမလဲ ဘာတွေ အညံ ရှိတဲ.. မေးတော့မယ်။ မမေးခင်ကတည်းက လူမြင်တာနဲ့ ကြိုစဉ်းစားပြီးသား အကြိုက်လိုက်.. အစုံဟော နောက်တခါ ထပ်လာ ယတြာလေး လုပ်ခိုင်းတော့ အညံနဲ့ ဖြဲခြောက်မိတော့.. ကြောက်ကြောက်နဲ့ ထပ်လာ.. ၀င်ငွေ ဖြောင့်တာပေါ့။

အကြောင်းအရာ (၁)

မိန်းကလေး တယောက် ယောကျားလေး တယောက်ကို အရမ်းစွဲလန်းမိတယ်။ ထိုသူငယ်ကလည်း ပြန်မကြိုက် အရေးမလုပ်လို့ အဖတ်တောင် ဆေးဖော်ကြောဖက် မလုပ်.. မြင်လေတိုင်း စိတ်ထဲမှာ ခိုးလု ခုလု ဖြစ်.. ငါ့များ ပြန်ကြိုက်ရင် ကောင်းမှာဘဲ.. ငါက သွားပြောတော့လည်း မကောင်း သူကလည်း ခပ်တည်တည် ကြံရာမရ.. နောက်ဆုံးတော့ ဗေဒင်ဆရာ သွားမေးတယ်.. ဆရာရယ် သမီး ဒီကောင်လေးကို.. အေး မပြောနဲ့ ဆရာနားလည်တယ်.. သမီး မွေးနံ သူ့မွေးနံ &*^&%^&&**% အဲ ဒီလိုသာလုပ်လိုက် သမီး အောင်မြင်ပြီ။ ဆရာအစွမ်း ဆရာယုံတယ် သမီးကို ပြန်ချစ်လာစေရမယ်။ စိတ်သာချ.. ဧကန်မလွဲ ချစ်ကို ချစ်လာစေရမယ်။ ထိုမိန်းကလေး လုပ်ခဲ့တယ် အချစ်စိတ်ကလည်း မွန်နေတာကိုး.. အစွမ်းကတော့ ပြပြီ.. ထိုကောင်ကလေး ရီဝေေ၀ ဖြစ်နေပြီ.. ခေါင်းတွေကလည်း ကိုက်.. စိတ်တွေ ကစဥ့်ကလျားဖြစ်လာပြီ.. အတွေးထဲမှာ ထိုမိန်းကလေး ၀င်ဝင်လာတယ်။ ဘာလုပ်တွေ ဖြစ်နေမှန်းမသိဘူး.. ထိုမိန်းကလေး ကိုတွေ့ချင်တယ် သူနဲ့ စကားပြောချင်တယ်။ သူချစ်နေတာကိုလည်း သိတယ်.. သူ က မျက်လုံးချင်း ဆုံအောင် လာလာ ကြည့်နေတော့ ချစ်လို့ အတင်းလိုက်ရောနေတာလည်း သိနေတာပေါ့.. ကောင်လေးတော့ ချာလည်လည် မူးနေပြီ.. ဒီလိုနဲ့.. သူနဲ့ မတွေ့ရရင် ခေါင်းကိုက်သလို ဖြစ်နေပြီ.. ကောင်လေး မိဘများ ဘာသာရေးကိုင်းရှိုင်းသူ ဖြစ်လေတော့.. သူက အခြေအနေ မဟန်ဘူး ထင်တယ် သူခေါင်းတွေ မူးနေတာ ကို ကြည့်ပြီး ပုံမှန် မဟုတ်ဘဲ စိတ်တွေ ထွေပြားနေတယ်။ တရားစခန်းတခုမှာ အားထုတ်ဖို့ တိုက်တွန်းလို့ ယောင်လည်လည်နဲ့ တရားစခန်းဝင်ပြီး အားထုတ်ခဲ့တယ်။ ပထမ ၄ရက်လောက်တော့ တော်တော် အလူးအလဲ ခံရပေမဲ့ နောက်ပိုင်း ရက်တွေမှာ အဆင်ပြေသွားတယ်။ ဒီလိုနဲ့ ရက်ရှည် တရားစခန်းဝင်လိုက်တာ ခေါင်းမူး ခေါင်းကိုက်ပြီး စိတ်ထွေပြားတဲ့ ရောဂါကတော့ လုံးဝ ပျောက်ကင်းသွားပါတယ်။ မကောင်းတာကတော့ ကောင်မလေး ရူးသွားပြီ။ ကောင်မလေး သတင်းကြားတော့ ကောင်လေးတော်တော် စိတ်မကောင်း ဖြစ်ပေမဲ့ သူလည်း ရူးစေချင်တဲ့ စိတ်မရှိပါဘူး.. သူ့ ကျန်းမာရေးအတွက် အားထုတ်မှု ပြုလုပ်တာ နောက်ဆက်တွဲ တန်ပြန် အကျိုးဆက်က ကောင်မလေးကို ရူးသွားစေတာပါ။ ဒါကတော့ လွန်ခဲ့တဲ့ ၁၀နှစ်ကျော်က ဇတ်လမ်းလေးပါ။ ကောင်မလေးလည်း ဆရာစုံအောင် ကုနေကြတယ်။ ကောင်းမကောင်းတော့ သတင်း မရတော့ဘူး။

အကြောင်းအရာ (၂)

အိမ်နားမှာ အသက် ၇၀ ၀န်းကျင် အဘွားအိုကြီး တယောက် စိတ်မနှံဘဲ လျောက်သွားနေခဲ့တာတွေ့ခဲ့ရတယ်။ ခါတိုင်းကတော့ တခါမှ မမြင်မိဘူး။ ထိုရပ်ကွက်ကိုလည်း ရောက်တာ မကြာသေးတော့ မသိဘူးပေါ့လေ။ ထို အဘွားကြီးက စိတ်မနှံဖြစ်နေပေမဲ့ ခေသူမဟုတ် ပိန်ပိန်ပါးပါးနဲ့ သန်မာသူ ဖြစ်ပါတယ်။ အနီးအနားက လက်ဖက်ရည်ဆိုင်က သူ့ကို သနားလို့ လက်ဖက်ရည်တိုက် မုန့်ကျွှေး လုပ်ပါတယ်။ သူက စိတ်ဖောက်တဲ့ အချိန်ဆို လူမှတ်ပြီး သွားသွား ဆဲပါတယ်။ မုန့်နဲ့ အစားအသောက်ကျွေးတဲ့ လူကို မှတ်မိနေတော့ မှတ်မိတဲ့လူကို သွားဆဲတယ် ဂဲနဲ့ ထုတယ်။ ဘယ်သူမှ သူ့ကို အနား အကပ်မခံရဲဘူး အစားလည်း မကျွှေးရဲဘူး ကျွှေးမိရင် မှတ်မိပြီး သူလုပ်တာ ခံရမှာ စိုးလို့.. တနေ့.. သူကိုကျွှေးနေကျ လက်ဖက်ရည်ဆိုင်ကို သွားပြီး ဆဲတယ် ဂဲနဲ့ ထုတော့ ဆိုင်ဝန်ထမ်းတွေက နားရင်းရိုက်လိုက်တယ်.. နာသွားတော့ မလာတော့ဘူး.. အဝေးကနေ အော်ဆဲနေတယ် အဲဒီ ဆိုင်လည်း လူမ၀င်တော့ဘူး.. နောက် စိတ်မနှံတဲ့ အဘွားအိုက ပိုဆိုးလာတယ် အဝေးကနေ ဂဲနဲ့ ထုတယ်.. လက်သံပြောင်တဲ့ လူငယ်ကို မြင်တော့ အနားမကပ်ရဲတော့ဘူး လစ်ရင် လစ်သလို သွားလုပ်တော့ ထိုနေ့ကလည်း ခံလိုက်ရတယ် တော်တော် ပြင်းပုံရတယ် အိမ်ရှေ့မှာ နေ့လည် ၁၂နာရီ လောက်ကနေ ည ၆နာရီ ကျော်တဲ့ အထိ လာအိပ်နေတယ် ကွန်ကရစ်လမ်းပေါ်မှာ နေပူတာလည်း မကြောက် ဒီတိုင်းကြီး တုံးလုံးကြီး အိပ်နေသလား မှိန်းနေသလားတော့ မသိဘူး.. မလှုပ်မယှက်နဲ့ နေမကောင်းဘူး ထင်လို့ ရပ်ကွက်ထဲက လူတွေ ကို ထမင်း ကျွှေးလို့ ရမလား ဆိုပြီး သူ့ အကြောင်း စုံစမ်းတော့မှဘဲ ဇတ်လမ်း သိတော့တယ်။ အဘွားကြီး အတွက် ထမင်းဘူးနဲ့ ရေဘူး ထည့်ပြီးတော့ ကိုယ်တိုင် သွားမပေးရဲလို့ လမ်းသွားလမ်းလာ ကို လက်တို့ပြီး ဟိုက ပေးတယ် ဆိုပြိး လက်ညိုး ဟိုထိုး ဒီထိုးနဲ့ ပေးခိုင်းရတယ်။ သူ့ ဇတ်လမ်းကတော့ ဒီလိုပါ.. သူ ငယ်ငယ်ကတည်းက စာသိပ်တော် သလို အင်္ဂလိပ်စာလည်း အရမ်းတော်တယ် လို့ပြောတယ်။ ၁၀တန်းအောင်တော့ နိုင်ငံခြားကျောင်း စကောလာ အတွက် ၂ယောက် ရာထားပုံရပါတယ်။ သူ့လို ၁၀တန်း ဖြေမဲ့ ကျောင်းသူဘဲ.. သူက သိပ်တော်လွန်းတော့ သူ့ကို သာမည် မဟုတ်တဲ့ အတွက် ထို ပြိုင်ဘက် အမျိုးသမီးက ဗေဒင်မေး ယတြာချေလိုက်တာပါ။ အလွယ်ပြော အောက်လမ်းနည်းများ ဖြစ်လေမလားဘဲ.. စာမေးပွဲ မဖြေခင်မှာ စိတ်ဖောက်ပြီး ရူးသွားပါတယ်။ ဒီိလိုနဲ့ ရူးသွားတာ ပြန်ကောင်းပါတယ် သူ့အလိုလို အမှတ်စာရင်း ထွက်တဲ့ အချိန်မှာ ကောင်းနေပြီး ၁၀တန်း စာမေးပွဲ ဖြေခါနီးရင် ထပ်ပြီး ရူးပါတယ်။ နှစ်တိုင်း သူဖြစ်နေကျ ရောဂါတဲ့.. ပြန်ကောင်းသွားရင် ရူးတာ ရှက်လွန်းလို့ အပြင်တောင် မထွက်ဘဲ အိမ်တံခါးပိတ်နေတယ်တဲ့။ ဒီလိုနဲ့ သူ့ မိဘတွေလည်း ကျောင်းစရိတ်က တဖက် အရူးဆေးကုတာက တဖက်နဲ့ ပိုက်ဆံတွေ သောက်သောက်လဲ ကုန်ပါလေရောပေါ့ စီးပွားရေးကလည်း သူရူးပြီ ဆို ဘာမှ အလုပ်မဖြစ်ဘူး။ ဒီလိုနဲ့ သူ့ အဖေကလည်း နောက်ပိုင်း သေသွားလေတော့ အမေကြီးလည်း တောင်းစားရတဲ့ ဘ၀ ရောက်သွားတယ်။ ထို အဘွားကြီးရဲ့ အမေ အခု ထိရှိသေးတယ်လို့တော့ ပြောတယ် တခါမှတော့ မမြင်ဘူးဘူး အလုံဘက်မှာ တောင်းစားတယ်လို့ နီးစပ်ရာ သိတဲ့ လူတွေကတော့ ပြောတာဘဲ။ အဘွားကြီးက ကောင်းလိုက်ဆိုးလိုက်နဲ့ ကောင်းတဲ့ အချိန် ယောကျားတယောက် ရသွားသေးတယ်။ ထိုယောကျားနဲ့ သားတယောက် သမီး တယောက် ရနေတယ်။ ယောကျားကလည်း ကြာတော့ ဒဏ်မခံနိုင်တော့ လစ်ပြီး ပြေးတော့တာဘဲ။ သား ဆိုတဲ့ လူကလည်း မိန်းမ ရပြီး သားသမီးတွေ တော့ ရနေပါပြီ.. သို့သော် သူ့ဒဏ်မခံနိုင်လို့ အမေ မသိအောင် တိတ်တဆိတ် အိမ်ပြောင်းပြီး အိမ်လိပ်စာ မပေးခဲ့ပါဘူး။ နောက်ဆုံး သူနဲ့ နေတာကတော့ သူ့ သမီးပါ.. သမီးလုပ်သူကလည်း တော်တော် စိတ်ပျက်နေပုံရတယ်။ အလှပြင်ဆိုင်မှာ ခေါင်းလျှော်တဲ့ အလုပ်ကို လုပ်တယ်လို့ သိရတယ်။ သူတို့ မိသားစုကတော့ စရိုက်ကြမ်းတယ်လို့.. ကြားသိရပြီး.. ထိုနေ့ အဘွားကြီး မလှုပ်နိုင်သော်လည်း နောက်ဆုံး ည တော်တော် မိုးချုပ်ချိန် ၉နာရီလောက်မှာတော့ ရပ်ကွက် လူငယ်တွေကို အကူအညီ တောင်းပြီး အဘွားကြီးကို ၀ိုင်းမပြီး အိမ်သယ်သွားကြတယ်။ နောက်တနေ့ မနက် နိုးတော့ ရပ်ကွက် ဆိုးသွမ်းလွန်းလို့ ပြသနာ ထပ်မဖြစ်အောင် ငွေကြေး စိုက်ထုတ်ပြီး ရွာသာကြီးကို ပို့လိုက်ကြလေသတည်းပေါ့။ အခု ကောင်းမကောင်းတော့ မသိဘူး.. သူက အချိန်တန်ပြန်ကောင်းတယ်ဆိုပြီး ကြည့်နေကြတာ ဖြစ်ပုံရတယ်။

အနှစ်ချုပ်ပြောချင်တာကတော့ ဗေဒင်မေး ယတြာချေကြတယ်။ နောက်ဆက်တွဲ ကောင်းကျိုးကိုသာ မျှော်လင့်ပြိး လုပ်ကြတာကြီးပါဘဲ။ ကောင်းကျိုးနောက်က ဆိုးကျိုးကို မမြင်ကြ မသိကြတော့ ပူပင်သောက ဖြစ်ရကောင်းမှန်း မသိကြတာလည်း ပါလိမ့်မယ် ထင်ပါတယ်။

About ဆူး

has written 398 post in this Website..