ကြက်ဥအလွယ်ကြော်နည်း easy cook

weiweiDecember 10, 20101min23313

လွယ်တာမှ မီးဖိုလဲမလို အိုးလဲ မလိုပါဘူး။ ကြွေပန်းကန် အနေတော်ထဲမှာ ဆီနဲနဲသုတ်ပြီး ကြက်ဥတစ်လုံးထည့်လိုက်တယ် … ဆားနဲနဲထည့်လိုက်တယ် .. ပြီးတော့ မိုက်ခရိုဝေ့ထဲ ထည့်ပြီး ၂ မိနစ်ထားလိုက်ရင် ကြက်ဥကြော်ဖြစ်သွားပါပြီ …

မနက်စောစော မနက်စာကို ပေါင်မုန့်ထဲညှပ်စားရာမှာ အလွန်အဆင်ပြေပါတယ် … အိုးမဆေးရဘူး .. အညှော်လဲမခံရပါဘူး ..

13 comments

  • ဆူး

    December 10, 2010 at 6:12 pm

    ဒီလိုဆိုတော့ ကောင်းသားဘဲ.. တခုတော့ သတိရတယ် ကြက်ဥ အလုံးလိုက် မိုက်ခရိုဝေ့မှာ ခဏ အပူပေးရင် ဘယ်လိုနေမလဲဟင် ကြက်ဥ ပြုတ်ပြီးသားများ ဖြစ်နေမလား

    • TNA

      March 24, 2014 at 4:02 pm

      ဂွပ်ဆိုကွဲထွက်သွားမပေါ့ ဆူးရယ်။ ကိုယ်တွေ့

  • kotun

    December 10, 2010 at 7:35 pm

    ကောင်းတယ် .. ဒယ်အိုး အပေါင်ဆိုင်ရောက်သွားတဲ့နေ့ကျမှ .. ဒီနည်းကို စမ်းကြည့်ရမယ် ..

  • moethidasoe

    December 11, 2010 at 2:23 am

    ကောင်းမှန်းတော့ သိရပြီ ဝေဝေရေ .. မီးပျက်နေတယ် ..
    နေရောင်ခြည်နဲ့ ချက်တဲ့နည်းကလဲ နေပူထဲ ထွက်ရဦးမယ် ..
    nanowave ပေါ်တဲ့အထိ ဘာတွေ ဖြစ်လာမလဲ စောင့်ကြည့်လိုက်မယ်နော် ..

  • bigcat

    December 11, 2010 at 2:26 am

    ကျေးဇူးပါ အန်တီဝေ၊ ဒီလို အလွယ်နည်းလမ်း သိချင်နေတာ ကြာပြီ။ ဆိုင်တွေမှာကြော်ရောင်းတဲ့ အွန်မလက်ဆိုတဲ့ ကြက်ဥကို ခရမ်းချဉ်သီး၊ ကြက်သွန်၊ မဆလာ၊ အခြားအဆာပလာတွေနဲ့ လုပ်တဲ့နည်းကိုလည်း သိချင်တယ်။ ပြီးတော့ကြက်ဥအကျက်ကို သုံးလေးလုံးခေါက်ပြီး ကြက်သွန်လိုမျိုုးနဲ့ ရောကြော်တဲ့အခါ ဟိုဖက်ဒီဖက်လှန်ရင် အပိုင်းပိုင်းပြတ်မသွားအောင် အလွယ်လုပ်နည်းရောသိလား။
    အန်တီဆူးရေ ကြက်ဥကို မိုက်ခရိုဝေ့ဗ်ထဲ ထည့်ပြုတ်လိုက်ရင် ဖုန်းဆိုပြီး ပေါက်ကွဲထွက်ပါလိမ့်မယ်။ အလွယ်လိုရင် နွေရာသီ မွန်းတည့်အချိန် ကတ္တရာလမ်းမပေါ် တင်ထားလိုက်ပါ။

    • weiwei

      December 11, 2010 at 5:45 am

      ကြက်ဥမကြေအောင်ကြော်နည်းကို ကြော်ပြီးမှပဲ ပြတော့မယ် … လောလောဆယ်တော့ ကြက်ဥကုန်နေလို့ မလုပ်ပြနိုင်သေးဘူး …

  • အာဖျံ ကွီး

    December 11, 2010 at 3:11 am

    မဝေ ပြောသမျှချက်နည်းပြုတ်နည်းတွေထဲမှာ ဒီနည်းကအခက်ဆုံးပဲ။
    အာဖျံကွီးဆီကိုလာပီး လက်ထောက်ချသင်မှပဲရမရ်နဲ.တူတရ်။ ဟီးးး 😛 😛 😛

  • fatty

    December 11, 2010 at 3:14 am

    မီးမလာလို့ မီးသွေးမွှေးပြီး microwave ကိုအပေါ်ကတင်ပြီးကြက်ဥထည့်ကြည့်တယ် တော်တော်နဲ့မကျက်ဘူးဗျ။

  • ဆူး

    December 11, 2010 at 5:58 am

    ကြက်ဥကြော် ဆိုလို့.. သတိရမိတာ တခုရှိတယ်… မနက်စာ ဘူဖေး မှာ ဘာတွေ မှန်းတော့ မသိဘူး ကြက်ဥကို စာဖိုမှုးက ကြော်ပေးတယ် စားချင်တယ်ဆို.. အရှေ့မှာ ခွက်တွေ ပလုံစီလို့.. ကြည့်လိုက်တော့.. ဝက်ပေါက်ခြောက် မှို အသား ဂဏန်းဖတ် ပုဇွန်ဖတ် စုံနေတာဘဲ.. ခွက်တွေကတော့ များလိုက်တာ ၁ဝခွက် အထက် ရှိတယ်။ စကားတလုံးမှ မပြောဘဲ.. အလုပ်ဖြစ်အောင် ကြော်ခိုင်းလိုက်တယ်။ အရင်ဆုံး ကြက်ဥကြော်နား သွားတော့ စားမဲ့ လူဆို သေချာတော့.. သူတို့က အကြည့်.. ကိုယ် က ခပ်တည်တည်နဲ့.. ကြက်ဥ လက်ညိုးထိုး ၁လုံး ၂လုံး ထောင်ပြလိုက်တယ်။ ပြီးတော့.. တွေ့ကရာခွက် အကုန် လက်ညိုးထိုးလိုက်တာဘဲ.. မကြော်ခင်မှာ လက်ထောင်ပြပြီး ခဏ ရပ်အုန်းလို့ ပြောတော့ ပြန်ကြည့်တယ်.. အဲဒီအချိန်မှာ ကြက်ဥကို လက်ညိုးထိုးပြီး လက်နဲ့ မွေပြလိုက်တယ်။ ဟော.. ခဏအတွင်းမှာဘဲ ကိုင်ထားတဲ့ ပန်ကန်ထဲကို ကြက်ဥကြော် ရောက်လာတော့တာဘဲ..

  • kai

    December 11, 2010 at 9:03 am

    ကြက်ဥကြော်အနားက..ကြွတ်ရွနေတာလေးတွေစားချင်တာမို ့..ဒီနည်းက..သိပ်အလုပ်မဖြစ်သလိုပါ..။
    ဒါပေမဲ့ ဒီနည်းနဲ့ခပ်ဆင်ဆင်နဲ့.. ပုံစံခွက်ကလေးတွေထဲ..ကြက်ဥဖောက်ထည့်..။ မိုက်ခရိုဝေဗ့်နဲ့ကြော်ရင်.. ပုံစံခွက်အတိုင်း..အဝိုင်းပုံ..။လေးထောင့်ပုံ..။အသဲပုံ ကြက်ဥကြော်လေးတွေရပါတယ်..။

    ရှေးတုံးက..မြန်မာအိမ်ထောင်ရှင်မတွေကို..ပြောတာဖတ်ဖူးသလောက်တော့ .. ကြက်ဥကြော်တတ်ရင်..ဟင်းချက်တတ်ပြီဆိုတာပဲ..။
    အခု..မဝေလုပ်မှ.. အတတ်ကောင်းတွေနဲ့..ဖြစ်ကုန်ပြီ..။

    ဦးဖက်တယောက်တော့… ကြက်ဥနဲ့မိုက်ခရိုဝေဗ်မှားကြော်နေသလားပဲ..။ 🙂

  • Ma Ma

    March 24, 2014 at 5:36 pm

    ဒီပိုစ့်ကို ခုမှဖတ်မိတယ်။
    ကိုယ်တိုင်တော့ ကြက်ဥကို မိုက်ခရိုဝေ့ဖ်နဲ့ ချက်ကြည့်ဖူးတယ်။
    ပန်းကန်လုံးနဲ့မို့လား မသိဘူး မကျက်ဘူး။
    ဝေဝေပြောသလို ဆီနည်းနည်းနဲ့ ပန်းကန်အပြားနဲ့ ကြော်ကြည့်အုံးမယ်။ 🙂

  • kyeemite

    March 25, 2014 at 2:47 pm

    ကျုပ်လည်းဒီပို့စ်ခုမှတွေ့တယ်ဗျာ..အဖိုးတန်နည်းတွေပဲနော် 😀

Leave a Reply