ရေမြေ ့အရှင် ရွေသခင်သို ့

***အမျက်ဖြေလင်္ကာ *** ***Grudge Removing Rhyme***

၁။ သူတည်းတစ်ယောက် …………………………….. (1) For one’s good,

ကောင်းဖို ့ရောက်မူ…………………………………… Some other’s destruction,

သူတစ်ေယောက်မှ…………………………………… Is the law of nature

ပျက်လင့်ကာသာ ဓမ္မတာတည်း။

၂။ ရွှေအိမ်ရွှေနန်း ကြငှာန်းလည်းစံ………………….. (2) Inside the golden palace ,

မတ်ပေါင်းရံလျှက်………………………………….. Under the royal umbrella,

ပျော်စံရိပ်ငြိမ် စည်းစိမ်မကွာ………………………. Attended by minsters.

မင်းချမ်းသာကား…………………………………… Enjoyment of peace, luxury

သမုဒ္ဒရာရေမျက်နှာထက်………………………….. and pleasure,

ခဏတတ်သည့်ရေပွက်ပမာ……………………….. Is just a transient bubble,

တစ်သက်လျာတည်း။ ………………………………. On the Ocean-surface.

၃။ ကြင်နာသနားငါ့အားမသတ်………………………(3) Even if royal mercy and pardon

ယခုလွှတ်လည်း မလွတ်ကြမ္မာ……………………. Saves me from execution,

လူတကာတို ့ ခန္ဓာခိုင်ကြည် ………………………… Like all mortals my body

မတည်မမြဲ ဖောက်လွဲတတ်၏……………………….. Can’t escape ultimate death.

မချွတ်စသာ သတ္တဝါတည်။…………………………….. It is the Law of nature

၄။ ရှိခိုးကော်ရော် ……………………………………….(4) My respect to your Majesty

ပူဇော်အကျွန် ပန်ခဲ့တုံ၏ ……………………………. Even if I get a chance ,to

ခိုက်ကြုံဝိဘတ် သံသာစက်တွင်……………………. avenge myself in future Life

ကြိုက်လတ်တုံမူ တုံ ့မယူလို…………………………. I will not take revenge.

ကြည်ညိုစိတ်သန် သခင်မွန်ကို………………………. I bear no grudge against you.

ချန်ဘိစင်စစ် အပြစ်မဲ ့ရေး …………………………….. Beloved Majesty ,I hold you blameless

ခွင့်လွှတ်ပေး၏ သွေးသည် အနိစ္စ…………………….. My body of flesh and blood is

ငါ့ခန္ဓာတည်း။ ………………………………….. Impermanent after all,

(စာဆိုရှင်..အနန္တသူရိယ.အမတ်ကြီ်း)

……………………………………………………………………………………………………………………………………

***ရေမြေ ့အရှင်ရွှေသခင်သို ့***

…………………………………………………………………………………………………………………………

၁။ သူတည်းတစ်ယောက်ကောင်းဖို ့ရောက်မူ

ပြည်သူအများပျက်လင့်ကာသာ ဓမ္မတာလား

တို ့မြေ တို ့ရေ တို ့မြန်မာပြည်မှာ

သယံဇာတပေါကြွယ်ဝလဲ

တစ်နေ ့လုပ်စာ တစ်နပ်သာစား

ဆင်းရဲသားတွေများများလာတာ

မြင်ပါရဲ ့လား ရွှေသခင်တို ့။

၂။ လျှိုမြောင်စိမ့်စမ်း ကျွန်းတောတန်းတွေ

အများအပြားပေါက်ရောက်သော်ငြား

ကျောင်းစုတ် အိမ်နုတ် တဲကပုတ်တွေ

ပြည့်နှက်နေတာ

သိပါရဲ ့လားရွှေသခင်တို ့။

၃။ ဗုဒ္ဓသာသနာ ထွန်းကားပါတဲ ့

သာသနာရောင်ဝေ တို ့မြန်မာပြည်မှာ

ကြည်ညိုစရာမြတ်သံဃားကို

ရက်ရက်စက်စက် သတ်ဖြတ်ပစ်တာ

မြင့်မြတ်ပါသလား ရွှေသခင်တို ့

၄။ ညဏ်နီညဏ်နက် အာဏာစက်နဲ ့

လက်နက်အားကိုး ရာထူးတိုးဖို ့

ချိန်းခြောက်ရန်ရှာ မဲပေးခိုင်းတာ

တစ်ကမ္ဘာလုံးအသိ

ယိုသူမရှက်မြင်သူရှက်၏

၅ ။မင်းကျင့်တရား (၁၀)ပါးမသိ

ခန္တီတရားတစ်ပြားမရှိ

ပြည်သူများကို ရင်ဝယ်သားလို

စစ်မှန်မေတ္တာ ထားခဲ့ဖူးလား

အရှင်ပြန်စဉ်းစားကြည့်ပါ။

၆။ အရှင်၏လုပ်ရပ် နောက်ဆုံးထွက်သက်

မတိုင်ခင်လေး ကြိုတင်တွေးလို ့

ဆင်ခြင်သိမြင်နိုင်ပါစေ

ရွှေသခင်ကြီး ဘဝတစ်ပါး

ပြောင်းခဲ့သော်ငြား
ကောင်းရာသုကတိ
ပြန်လားပါစေ..
တောင်းဆုချွေ…

အမေ့ကိုလဲအမေ့ရဲ ့သားသမီးတွေကချစ်ပါတယ်အမေ

6 comments

  • tell U later

    December 11, 2010 at 5:06 pm

    ကောင်းတာလုပ်ရင် ကောင်းတဲ့အကျိုးကို ခံစားရမယ်
    မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးကို ခံစားရမယ်
    ငယ်ငယ်တုန်းက စာသင်ခန်းထဲမှာ ဆိုသလို ဆိုရရင်
    မိမိကိုယ်ကို ကောင်းအောင် ကြိုးစားမည်
    မိမိတိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည်

  • moethidasoe

    December 12, 2010 at 6:10 am

    နောက်ဆုံးတော့လဲ ငယ်ငယ်တုန်းက ကျောင်းမှာ ဆိုခဲ့တဲ့ သီချင်းလေး ပြန်ဆိုချင်တယ် ..
    မိမိကိုယ်ကိုယ် ကောင်းအောင် ကြိုးစားမည် ..
    မိမိ အတန်းကို ကောင်းအောင် ကြိုးစားမည် ..
    မိမိ ကျောင်းကို ကောင်းအောင် ကြိုးစားမည် ..
    မိမိ တိုင်းပြည်အတွက် ကောင်းအောင် ကြိုးစားမည် ..

    တစ်ခါတလေ
    မိမိ ကိုယ်ကိုယ် ထောအောင် ကြိုးစားမည် ..
    မိမိ မိသားစုကို ထောအောင် ကြိုးစားမည် ..
    မိမိ အမျိုးကို ထောအောင် ကြိုးစားမည် ..
    မိမိ ဖားသူများ ထောအောင် ကြိုးစားမည် .. လို့ ပြောင်းရင်

  • bigchef

    December 12, 2010 at 11:36 am

    မ ဟုတ် ပါ ဘူး။ ဇင် ဘာ ဘွေ သမ္မတ အိမ် ပါ။http://www.hoax-slayer.com/robert-mugabe-mansion.shtml

    • bigcat

      December 12, 2010 at 2:23 pm

      အောင်မြလေး၊ သူ့နာမည်ကြီးကလည်း ကြောက်စရာကြီး။ အစားမကြူးနဲ့နော် ကိုချက်ကြီ။ ဘစ်ကတ်က ဘစ်ရှပ်ကို အရိုအသေပေးပါတယ်။

  • ချမ်းချမ်း

    December 13, 2010 at 5:13 pm

    အဲ..အားလုံးကိုတောင်းပန်ပါတယ်
    အိမ်ပုံကို ချမ်းချမ်း ဖော်ဝပ်မေလ်းမှာ
    .မြန်မာနိုင်ငံက သူတော်ကောင်း ကျေးဇူးရှင်ကြီးရဲ ့အိမ်ပါလို ့ရေးထားလို ့ပါ..
    ဒါကြောင့်တင်မိတာပါဟီး
    အခုလို အကြောင်းရင်းမှန် အသိပေးတဲ ့အတွက်
    ုkai နဲ ့Big Chef ကိုကျေးဇူးအရမ်းတင်ပါတယ်ရှင်

Leave a Reply