မန္တလေးပဲကြော် easy cook

weiweiDecember 11, 20101min14314
မန္တလေးပဲကြော်
ပဲနံမည်မသိ
ပဲပြုတ်၊ကောင်ညှင်းမှုန့်၊ဂျင်း
ပဲထောင်းပြီးနယ်ထားပုံ

ကျွန်မလဲ ဘာလိုလိုနဲ့ စာဖိုးမှူး ဖြစ်မှန်းမသိဖြစ်နေပါလားနော် …. ဗမာပြည်နဲ့အဝေးမှာ တစ်ယောက်ထဲနေနေရတော့ ဖြစ်သလို အလွယ်လုပ်နည်းလေးတွေကိုပဲ ချက်ပြုတ်ဖြစ်ပါတယ်။

အခုနည်းကတော့ မန္တလေးပဲကြော် အလွယ်ကြော်နည်း …

ပါဝင်သောပစ္စည်းများ …

ပဲ (ပုံထဲမှာပါတာနဲ့အလားတူတဲ့ပဲဆိုရင်ဖြစ်တယ်၊ နီညိုညိုအရောင်ထွက်တဲ့ပဲ)

ကောက်ညှင်းမှုန့်

ဂျင်း

ဆား

ချက်ပြုတ်နည်းအဆင့်ဆင့်

ပဲကို နူးအောင် အရင်ပြုတ်ရပါမယ် ။ ကျွန်မကတော့ ပဲကိုရေများများထည့်ပြီး rice cooker နဲ့ ၂ နာရီလောက်ကြာအောင် ပြုတ်လေ့ရှိပါတယ်။ (မီတာခ မပေးရလို့ပါ)

ပြုတ်ထားတဲ့ပဲကို ငရုတ်ဆုံထဲထည့်ထောင်းပါတယ်။ ဘလန်ဒါနဲ့ကြိတ်ရင် အရမ်းညက်ပြီး စားမကောင်းမှာစိုးလို့ပါ။ ဂျင်းကိုလဲ သေးသေးလေးတွေဓါးနဲ့နှုတ်နှုတ်စင်းထည့်တယ်၊ ကောက်ညှင်းမှုန့်နဲ့ ဆားနဲနဲထည့်ပြီး စီးစီးပိုင်ပိုင်ဖြစ်တဲ့အထိ နယ်လိုက်ပါတယ်။

ခဏလောက်နေတော့ အိုးထဲကို ဆီများများထည့်ပြီး အကြော်သည်တွေကြော်သလိုပဲ ကြော်လိုက်တယ်။ ဆီဆူတဲ့အချိန်မှာ ဆီထဲကို ဆနွင်းမှုန့်အနဲငယ်ထည့်ပါတယ် …

အရသာကတော့ ဗမာပြည်ကအကြော်နဲ့တစ်ပုံစံထဲတူပါတယ်။ သန့်ရှင်းမှုနဲ့ အာဟာရရှိမှုကတော့ ဆိုင်ကဝယ်စားတာထက် အများကြီးစိတ်ချရပါတယ်။ အလွန်လဲ လွယ်ကူပါတယ် ….

** သတ်သတ်လွတ်စားသူများအတွက် အထူးစပါယ်ရှယ် **

14 comments

  • ဆူး

    December 11, 2010 at 2:24 pm

    ကြာကြာကြွတ်အောင် ပလပ်စတစ် ဘယ်လောက်နှုန်း နဲ့ ထည့်ကြော်ပေးရမလဲဟင် 😛

  • moethidasoe

    December 12, 2010 at 6:15 am

    ဆူးက အချွန်နဲ့ မ နေပြီ .. အမှိုက်ပုံက ကျွတ်ကျွတ်အိတ် မဖြစ်သေးရင် တော်သေးတယ် .. ဆူးက ပေါက်ပေါက်ရှာရှာ မြင်တတ်လို့ ..

  • weiwei

    December 12, 2010 at 9:01 am

    အကြော်တဲက မသန့်ရှင်းမှုနဲ့ ဆီမသန့်မှုတွေကြောင့် အခုလို ကိုယ့်ဟာကိုယ် လွယ်လွယ်ကူကူ သန့်သန့်ရှင်းရှင်းဖြစ်အောင် ကြော်စားလို့ရပါတယ်ဆိုတဲ့အကြောင်း တကူးတက ကြော်ပြီး ပို့စ်တင်ပြတာပါကွယ် … 🙂

  • ဆူး

    December 12, 2010 at 3:09 pm

    တကူးတက စေတနာ ရှေ့ထားပြီး တင်ပေးတဲ့ မဝေကိုလည်း ကျေးဇူးတင်ပါတယ်။ မလုပ်တတ်ရင် သူများ အားကိုးရတော့ မျက်နှာငယ်ရတာပေါ့.. ကိုယ်တိုင် လုပ်တတ်တော့ အချိန်မရွေး သူများ ဆရာလုပ်ပြီး ညာခိုင်းလို့ ရတာပေါ့။ ဟုတ်တယ်မလား.. ကြွတ်ကြွတ်အိတ် ပလပ်စတစ် ရေဘူး စတဲ့ ပလပ်စတစ် ဘယ်လောက် ထည့်ရမလဲ ဆိုတာ.. တမင် ရေးလိုက်တာပါ.. အပြင်မှာ ဝယ်စားတဲ့ အစာ သတိရှိပြီး ကိုယ်တိုင် လုပ်စားရင် ဘေးမဖြစ်နိုင်ကြောင်း သွယ်ဝိုက်တွေးပြီး ရေးပေးတာပါ။ အိမ်တွေမှာ လုပ်စားဖြစ်ရင် ဆူး ကို ဖိတ်နော်.. လာစားချင်လို့.. ဟီးဟီး.. တယောက်ထဲ လုပ်စားရတာ အိုးဆေး ခွက်ဆေးနဲ့ လက်ရှုပ်တာနဲ့ မကာမိမှာ စိုးလို့.. အဖော်ပြု လာအားပေးချင်တဲ့ စိတ်ကောင်း စေတနာ သန့်သန့်လေးနော်..

  • weiwei

    December 12, 2010 at 4:02 pm

    ဖိတ်မယ် စိတ်ချ … အလွယ်နည်းတွေ အမျိုး ၅၀ဝ လောက် စမ်းသပ်ပြီးရင် စာအုပ်ထုတ်ရောင်းမယ် … 🙂 🙂

  • ဆူး

    December 12, 2010 at 4:26 pm

    အလွယ်နည်းမျိုး ၅၀ဝ ရေးရင် ဓါတ်ဆန်ပြုတ် ထည့်ရေးရင် စာမူခ ပေးရမယ်နော်.. မေ့မှာ စိုးလို့.. ဟဲဟဲ 😛

  • Tettoe Aung

    December 13, 2010 at 6:25 am

    Thanks. I was trying to get it right. I used Borolotti beans. It’s always good to try out different beans for different results. The difficulty is in perfecting the deep-frying bit to get the crispy results. The next thing is to store it to make it crisped longer. Thanks again.

  • bigcat

    December 14, 2010 at 12:58 am

    စမ်းကြည့်ရအုံးမယ်။ ကောင်းရင်တော့ကိုယ် မကောင်းရင်တော့သူပေါ့။

  • နွယ်ပင်

    December 14, 2010 at 4:40 am

    ကြော်စားကြည့်လိုက်ဦးမယ် မန္တလေးပဲကြော် ကတော့ကြိုက်တယ် ကျေးဇူးပါ မဝေရေ …

  • memeseku

    November 27, 2011 at 12:30 pm

    ကျေးကျေး

  • windtalker

    November 27, 2011 at 12:44 pm

    ၁ ကူးပြီ
    ၂ မိန်းမရေ
    ၃ မြန်မြန်ကြော်ကွာ
    ၄ ရွာသားများ သောက်စားပွဲ အတွက်
    ၅ ပါဆယ်ထုပ်သွားမယ်
    ၆ စားလို ့တော်တော်ကောင်းမယ့် ပဲကြော်ကြွပ်ကြွပ်လေး
    ရ ကျေးဇူးတင်ပါတယ် အန်တီဝေ

  • ကြေးမလောင်

    November 27, 2011 at 2:33 pm

    ကြွတ်ရင် တပွဲလောင် ပေးပါ။
    ကိုကို ကြောင်က ကြွတ်ကြွတ်ဝါးတတ်တယ်လေ။

  • inz@ghi

    November 27, 2011 at 2:39 pm

    တားတားလဲ အကြော်စားဂျင်ဒယ်…
    မန္တလေးပဲကြော်လော့ ဟုတ်ဝူး
    သချင်္ာဝင့်ကြော် ….

Leave a Reply