လူသေအလောင်းများ ပျက်စီးမှု သန်လျင်တွင် ဖြစ်ပွားနေ

parparaziApril 9, 20101min27113

သန်လျင်မြို့ ပြည်သူ့ဆေးရုံ ရင်ခွဲတိုက်ရှိ ရုပ်အလောင်းများမှာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကိုယ်လက်အင်္ဂါများ ပျက်စီးသည့် အနေအထားမျိုး ထူးခြားဖြစ်စဉ်တခု ဖြစ်ပွားနေသည်ဟု ပြည်တွင်းမှလာသည့် သတင်းတခုအရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက သန်လျင်သို့ ဆက်သွယ်မေးမြန်းရာတွင် တကယ်ဖြစ်ပျက်သည်မှာ မှန်ကန် ကြောင်း ကေအိုင်စီကို အတည်ပြု ပြောဆိုခဲ့သည်။

အဆိုပါသတင်းအရ လက်ရှိအချိန်တွင် အလောင်း ၁၈လောင်းခန့်မှာ လက်များ၊ ပေါင်များတွင် ကုတ်ဖဲ့စားသောက်ထားသည့် အနေအထားမျိုးဖြင့် ပျက်စီးနေသည်ကို တွေ့ရသည့်အတွက် တာဝန်ရှိသူများက အထူးစောင့်ကြပ်နေသော်လည်း ဆက်လက် ဖြစ်ပွားလျှက်ရှိသည်ဟု သိရသည်။

ယခုလ ၄ရက်နေ့ညတွင်လည်း အလောင်းနှစ်လောင်းကို ထားရှိရာ တလောင်းမှာ နားရွက်တဖက် ပျက်စီးနေပြီး ကျန်တစ် လောင်းမှာ ပေါင်သားများ ပျက်စီးနေသဖြင့် ထိုသို့ ပျက်စီးသွားသော ရုပ်အလောင်းအချို့၏ ပိုင်ရှင်များက ဆေးရုံအုပ်ချုပ်သူ များကို တရားစွဲဆိုထားသည်။

ထိုအဖြစ်အပျက်ကြောင့် ဧပြီလ ၅ရက်နေ့ နံနက်ပိုင်းတွင် တိုင်းအဆင့်ရှိ တာဝန်ရှိသူများက သန်လျင်ဆေးရုံကြီးသို့ ရောက်ရှိ လာပြီး ၎င်းအမှုကို အမြန်ဖော်ထုတ်ပေးရန် မြို့နယ်တာဝန်ခံများကို ဆူပူကြိမ်းမောင်းခဲ့သည်ဟု မျက်မြင်တဦးက ပြောသည်။ ထိုနေ့ည၌ မြို့နယ်ရဲတပ်ဖွဲ့မှ ညပိုင်းတွင် အထူးဂရုစိုက် စောင့်ကြပ်နေသော်လည်း အလားတူ အဖြစ်အပျက် ထပ်မံကြုံတွေ့ရ သည့်အတွက် လူများအကြား ထိတ်လန့်ဖွယ်ရာတခုဖြစ်နေကြောင်း မြို့ခံများက ပြောသည်။

ထိုကဲ့သို့ ဖြစ်ပျက်မှုမျိုးသည် ယခင်ကလည်း ရန်ကုန်မြို့၊ မြောက်ဥက္ကလာ၊ ကြည့်မြင်တိုင် ကလေးဆေးရုံများတွင်လည်း မြေ ကြွက်ကြီးများ သောင်းကျန်းမှုကြောင့် မကြာခဏ ဖြစ်လေ့ရှိသည်ဟု ထူးခြားမှုမရှိဟု အချို့မြို့ခံများက ပြောသည်။

Ref: http://www.kicnews.org/?p=2485

13 comments

  • အဖမျိုးချစ်

    April 10, 2010 at 3:03 am

    ကြွက်တွေတောင် ငတ် နေပြီနော် ချုပ် ချုပ်ကြီးတို့ ရေ ကြည် လဲ့ လုပ်ပါ ဦး၊၊၊၊၊၊၊၊

  • Rain girl

    April 10, 2010 at 4:01 am

    ကြွက်တွေက လူသားစားတယ်လား။ အဲဒါဆိုကြောက်စရာကြီးနော်။ ပုလိပ်ရောဂါ ဖြစ်နိုင်လား။ ကြက်တုပ်ကွေး ဝက်တုပ်ကွေးတွေ ပြီးတော့ လာပြန်ပြီ ကြွက်။

  • banban

    April 10, 2010 at 6:21 am

    အခု.. အဲ့ဒီတရားခံ ဖမ်းမိသွားပီလားဟင်

  • boo poo

    April 11, 2010 at 7:12 am

    နောက်ဆိုသန်လျှင်ဆေးရုံမှာ ကြွက်တွေကအလောင်းမဟုတ်သေးတဲ့လူကိုတောင်မှကိုက်စားမလားဘဲ။

  • susunosuki

    April 15, 2010 at 4:18 pm

    ဒါကပြီးသွားပါပြီ
    ကြွက်တွေက ဆိုးဆိုးပဲဗျ
    ရောဂါဆိုးတွေ မဝင်ခင် ကြိုတင်တားရမယ်

  • chitkaungmyat

    May 10, 2010 at 6:15 am

    လူသားကို အဘွားအို က ဘာလို့စားရတာလည်း မသိဘူးနော်။
    တော်တော်ရွံဖို့ကောင်းတာပဲ။

  • ptt

    June 19, 2010 at 5:05 am

    တော် တော် ကြောက် စရာ ကောင်း တဲ. ကြွက်တွေ ပဲ
    ရုပ်ရှင်တွေထဲကလိုတကယ်ဖြစ်နေပြီ….

  • ptt

    June 19, 2010 at 5:10 am

    အဲဒီမှာ တံခါး မရှိ ဘူးလား?

  • winne

    July 13, 2010 at 6:00 am

    တခြားသတင်းမှာ မပါတဲ့ ကိစ္စတွေများ ရှိမလား သိပ်တော့ မသင်္ကာဘူး တခုခု လိုအပ်ချက်ရှိနေသလိုဘဲ ဒီသတင်းနဲ့ ပတ်သတ်ပြီး

  • Mc_Cristy

    August 19, 2010 at 6:42 am

    I know a little about this case . This is not concerned with rats . But I don’t know the facts .

  • Yin Nyine Nway

    August 19, 2010 at 7:01 am

    စိတ်ညစ်တယ်..ကြွက်တွေက နေရာတိုင်းမှာသောင်းကျန်းနေတာပဲ
    သူတို့ စားတဲ့ အလောင်းတွေက ရောဂါပိုးတွေ
    ကြါက်ဆီက နေတဆင့်ကူးကုန်အုန်းမယ်

  • Gong Zhu

    September 17, 2010 at 3:47 pm

    ကြွက်ကြီးတွေက ကြောင်လောက်ရှိတယ်နော် . . . ည ဘက်ဘယ်လမ်းမပေါ်မှာလည်း မသိဘူး ကြွက် ကလိုက်လို့ ကြောင်က ထွက်ပြေးနေတာတွေ့ဖူးတယ် . ..

  • ei lay

    October 25, 2012 at 1:27 pm

    ကြွက်ကောဟုတ်နိုင်လို့လား…ဟုတ်မယ်ဆိုရင်တော့ကြောက်စရာကြီးပေါ့နော်…နောက်ပိုင်းကျရင်လူအရှင်တွေ
    ကိုတောင်ကိုက်စားတော့မယ်ထင်တယ်နော်….တရားခံကိုသေချာသိရရင်ကောင်းမယ်နော်….CCTV တပ်
    ထားလိုက်ရင်သေချာသိမှာပေါ့နော်…..

Leave a Reply