ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ ဓမ္မဒူတ ဇေတ၀န်တောရ ဆေကိန္ဒာရာမကျောင်း တိုက်ကြီး၌ ကျောင်းသူကျောင်းသားများအတွက် ယဉ်ကျေးလိမ္မာတရားစခန်းကို ဖွင့်လှစ်မည်ဖြစ်ရာ
Grade 10 ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာ ၂၁ မှ ၂၃ ရက်အထိ၊
-တက္ကသိုလ်၊ ကောလိပ် တက်ရောက်နေသူများအတွက် ဒီဇင်ဘာ ၂၄ မှ ၂၆ရက်အထိ၊
-Grade 8,9 ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာ ၂၇ မှ ၂၉ရက်အထိ၊
-Grade 6,7 ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာ ၃၀ မှ ဇန်န၀ါရီ ၁ရက်အထိ၊
-Grade 4,5 ကျောင်းသူကျောင်းသားများအတွက် ဇန်န၀ါရီ ၂ မှ ၄ရက်အထိ
ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းသို့ မွန်းလွဲတစ်နာရီအရောက် လာကြရမည်ဖြစ်သည်။
တရားစခန်းသို့ ၀င်ရောက်လိုသူများသည် ဖော်ပြပါ email လိပ်စာများသို့ မိမိ၏ ပညာအရည်အချင်း၊ အမည်၊ မိဘအမည်၊ နေရပ်လိပ်စာ နှင့် email လိပ်စာတို့ကို အင်္ဂလိပ်လိုရေးသားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
Grade 10 ကျောင်းသူကျောင်းသားများအတွက်
-တက္ကသိုလ်၊ ကောလိပ် တက်ရောက်နေသူများအတွက်
-Grade 8,9 ကျောင်းသူကျောင်းသားများအတွက်
-Grade 6,7 ကျောင်းသူကျောင်းသားများအတွက်
-Grade 4,5 ကျောင်းသူကျောင်းသားများအတွက်
လက်ခံနိုင်သည့် အရေအတွက်ထက် ပိုမိုနေပါက ကွန်ပျူတာမဲစနစ်ဖြင့် ရွေးချယ်လက်ခံပါမည်။ ၀င်ခွင့်ရသူများစာရင်းကို တရားစခန်း ၀င်ရောက်ရမည့် ရက်မတိုင်မီ အကြောင်းပြန်ကြားပါမည်။ ၀င်ခွင့်ရသူများသည် ပတ်စ်ပို့ဓာတ်ပုံ (၂) ပုံနှင့် ကျောင်းသားကဒ် (သို့) မှတ်ပုံတင်မိတ္တူ (၁)စောင်စီ ယူဆောင်လာကြရန်ဖြစ်သည်။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။