ယဉ်ကျေးလိမ္မာ တရားစခန်းဖွင့်မည်

manawphyulayDecember 11, 20101min470

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ၊ ဓမ္မဒူတ ဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်း တိုက်ကြီး၌ ကျောင်းသူကျောင်းသားများအတွက် ယဉ်ကျေးလိမ္မာတရားစခန်းကို ဖွင့်လှစ်မည်ဖြစ်ရာ
Grade 10 ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာ ၂၁ မှ ၂၃ ရက်အထိ၊
-တက္ကသိုလ်၊ ကောလိပ် တက်ရောက်နေသူများအတွက် ဒီဇင်ဘာ ၂၄ မှ ၂၆ရက်အထိ၊
-Grade 8,9 ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာ ၂ရ မှ ၂၉ရက်အထိ၊
-Grade 6,7 ကျောင်းသူကျောင်းသားများအတွက် ဒီဇင်ဘာ ၃ဝ မှ ဇန်နဝါရီ ၁ရက်အထိ၊
-Grade 4,5 ကျောင်းသူကျောင်းသားများအတွက် ဇန်နဝါရီ ၂ မှ ၄ရက်အထိ
ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းသို့ မွန်းလွဲတစ်နာရီအရောက် လာကြရမည်ဖြစ်သည်။
တရားစခန်းသို့ ဝင်ရောက်လိုသူများသည် ဖော်ပြပါ email လိပ်စာများသို့ မိမိ၏ ပညာအရည်အချင်း၊ အမည်၊ မိဘအမည်၊ နေရပ်လိပ်စာ နှင့် email လိပ်စာတို့ကို အင်္ဂလိပ်လိုရေးသားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။
Grade 10 ကျောင်းသူကျောင်းသားများအတွက်
-တက္ကသိုလ်၊ ကောလိပ် တက်ရောက်နေသူများအတွက်
-Grade 8,9 ကျောင်းသူကျောင်းသားများအတွက်
-Grade 6,7 ကျောင်းသူကျောင်းသားများအတွက်
-Grade 4,5 ကျောင်းသူကျောင်းသားများအတွက်
လက်ခံနိုင်သည့် အရေအတွက်ထက် ပိုမိုနေပါက ကွန်ပျူတာမဲစနစ်ဖြင့် ရွေးချယ်လက်ခံပါမည်။ ဝင်ခွင့်ရသူများစာရင်းကို တရားစခန်း ဝင်ရောက်ရမည့် ရက်မတိုင်မီ အကြောင်းပြန်ကြားပါမည်။ ဝင်ခွင့်ရသူများသည် ပတ်စ်ပို့ဓာတ်ပုံ (၂) ပုံနှင့် ကျောင်းသားကဒ် (သို့) မှတ်ပုံတင်မိတ္တူ (၁)စောင်စီ ယူဆောင်လာကြရန်ဖြစ်သည်။