ရတနာပုံ နေပြည်တော် ညီလာခံသဘင်

weiweiDecember 11, 20102min28540

ညီလာခံသဘင် …

ဆင်ဆရာကြွက်ဖြူများရှင် အကြီးအကဲကြီးမှ စီးတော်ယာဉ်ပြသနာအတွက် ညီလာခံသဘင် ကျင်းပနေပုံ …

အကြီးအကဲကြီးက ထိုင်ခုံတစ်ခုပေါ်တွင် မှုန်ကုတ်သော မျက်နှာတော်ဖြင့် ထိုင်နေပါသည်။

လက်ဝဲဘက်တွင် လက်ရုံးရည်နဲ့ပြည့်စုံသော ကြောင်တစ်ကောင်ကဲ့သို့ပေါ့ပါးသော သိုင်းပညာတတ်ေသော လက်ဝဲရံ ဗိုလ်ကြောင်၊

လက်ယာဘက်တွင် ဆဲနည်း၊ တွယ်နည်း၊ ချော့နည်း၊ ခြောက်နည်းမျိုးစုံဖြင့် နှလုံးရည်ပြည့်ဝသော လက်ယာရံ ဗိုလ်ပု၊

အနောက်တည့်တည့်တွင် တန်းစီပြီး အသင့်အနေအထားဖြင့် ရပ်နေကြသော သူရဲကောင်းလေးယောက် (အာဂ၊ ဘုန်းလှံ၊ ကြယ်လေး၊ ပေါက်ဖော်)၊

အကြီးအကဲကြီး၏ အရှေ့ဘက်တွင် ဘဏ္ဍာတော်ထိန်း၊ စားဖိုမှူးနဲ့ အကြံပေးရာထူး ၃ မျိုးကို တစ်ဦးတည်းမောင်ပိုင်စီးထားသော ဝေဝေနှင့်

ရွာရိုးကိုးပေါက် အကုန်လိုက်စပ်စုပြီး သူမသိတာမရှိ၊ နေရာတကာပါတတ်သော ဘွားတော်ဆူး၊

အရှေ့ဘေး တစ်ဖက်တစ်ချက်စီမှာတော့ ထိုင်ခုံပေါ်ထိုင်ပြီး ငိုက်မျဉ်းနေကြသော သက်တော်ရှည် ဘိုးတော်ကြီးများဖြစ်ကြသော ပေါက်အမတ်၊ နီအမတ်၊ ဖက်အမတ်နှင့် ကယ်အမတ်တို့ ထိုင်နေကြပါသည်။ နိုင်ငံတော်အရေးမို့ သားတော်သမီးတော်များဖြစ်ကြသော (တုံ၊ ကွီး၊ လန်၊ ဖြူ၊ မီး)    

တို့ကတော့ တံခါးအနောက်ကနေ ချောင်းပြီး အခြေအနေကို အကဲခတ်နေပါတယ်။ အကြီးအကဲကြီး၏ သမားတော်နှစ်ဦးကတော့ လစာနဲပါးတဲ့ပြသနာကြောင့် ညီလာခံလာမတက်တာကြာပါပြီ။ ဘွားတော်ဆူးကပဲ ဗိနော အတတ်ပညာဖြင့် တစ်ရွာလုံးကို ကုသပေးနေရပါတယ်။

အကြောင်းအရာကတော့ အားလုံးသိထားပြီးသားဖြစ်တဲ့ အကြီးအကဲကြီးရဲ့ စီးတော်ယာဉ်ပျက်စီးသွားသဖြင့် ဘဏ္ဍာငွေရှာဖွေရေး အကြံတောင်းခံပွဲဖြစ်ပါတယ်။ သက်တော်ရှည်အမတ်များကို ဦးစားပေးပြီး အရင်အကြံဉာဏ်တောင်းပါတယ်။

အမတ်ကြီးဦးဖက်က အနှိပ်ခန်းနဲ့ ကာရာအိုကေလုပ်ငန်းကို ပရိုမိုးရှင်းတိုးပြီး ဘဏ္ဍာငွေပိုရအောင်ရှာသင့်ကြောင်း အကြံပေးပါတယ်။

အမတ်ကြီးဦးပေါက်က အခုတလော သင်တန်းများခောတ်စားနေကြောင်း၊ ရွာထဲမှာ အချက်အပြုတ်သင်တန်း၊ ဘာသာစကားသင်တန်း၊ စားရေးစာဖတ်သင်တန်း၊ ပုံပြင်ပြောသင်တန်း၊ အင်တာနက်အသုံးပြုနည်းသင်တန်း စသဖြင့် သင်တန်းဖွင့်ပြီး ဘဏ္ဍာငွေပိုရှာသင့်ကြောင်း အကြံပေးပါတယ်။

အမတ်ကြီးဦးနီကတော့ အလွမ်းသမားပီပီ အလွမ်းရုပ်ရှင်များများရိုက်သင့်ကြောင်း၊ ကဗျာများကို စာအုပ်ထုတ်ပြီး ရောင်းစားသင့်ကြောင်း၊ တစ်လုံး နှစ်လုံး သုံးလုံး လုပ်ငန်းလဲ အဆင်ပြေကြောင်း အကြံပေးပါတယ်။

အမတ်ကြီးဦးကယ်ကတော့ အမြဲတမ်းငိုက်မျဉ်းနေတတ်သူဆိုတော့ ရုတ်တရတ် ဘာပြောရမှန်းမသိဖြစ်သွားပြီး မော်ဒယ်မလေးတွေနဲ့ ကြော်ငြာသင့်ကြောင်း ထပြောလိုက်ပါတယ်။

အမတ်ကြီး ၄ ယောက်ဆီက အကြံဉာဏ်တွေနဲ့ပတ်သက်ပြီး မည်သို့ပြုလုပ်သင့်ကြောင်း အကြံပေးအရာရှိ ဝေဝေကို မေးလိုက်ပါတယ်။ ဝေဝေကတော့ ဘဏ္ဍာငွေရှာခြင်းကိစကို နားမလည်ပဲ ဘဏ္ဍာငွေထိန်းသိမ်းခြင်းကိုသာ နားလည်တဲ့သူဆိုတော့ အသုံးစရိတ်လျော့ချရေးကို အကြံပေးပါတယ်။ အကြီးအကဲကြီးနဲ့တကွ နန်းတွင်း စားသောက်ဖွယ်ရာများကို သတ်သတ်လွတ်ဟင်းရာများဖြင့် အစားထိုးစီစဉ်သင့်ကြောင်း၊ သားတော်သမီးတော်များ၏ အသုံးစရိတ်ကိုလျော့ချသင့်ကြောင်း၊ အမတ်ကြီးများနဲ့ ကိုယ်ရံတော်များ၏ ဝန်ထမ်းလစာများကိုလဲ လျော့သင့်ကြောင်း၊ စီးတော်ယာဉ်မော်တော်ကားမရှိလဲ ဘာမှမဖြစ်ပါကြောင်း၊ ဝေါယာဉ်ဖြင့် ကိုယ်ရံတော် ၄ ယောက်ရဲ့ ကာယအားဖြင့် လိုရာခရီးသွားနိုင်ကြောင်း အကြံဉာဏ်များပေးပါသည်။

ညီလာခံတချိန်လုံးကို တိတ်တိတ်ဆိတ်ဆိတ်နားထောင်နေပြီး လျှို့ဝှက်စွာြပြုံးနေသူကတော့ ဘွားတော်ဆူးဖြစ်ပါတယ်။ စိတ်ရှုပ်နေတဲ့ အကြီးအကဲကြီးကို အကောင်းဆုံး အကြံတစ်ခု တိုးတိုးလေးပေးလိုက်ပါတယ်။ တခြားသူတွေမကြားလိုက်ပေမယ့် ကိုယ်ရံတော် ဗိုလ်ကြောင်နဲ့ ဗိုလ်ပုတို့ကတော့ ကြားဖြစ်အောင်ကြားလိုက်ပါတယ် … ဘွားတော်ဆူး အကြံပေးလိုက်တာကတော့ ….. ယတြာ ပါတဲ့ …

40 comments

  • weiwei

    December 11, 2010 at 3:10 pm

    ပုံကလေးတွေထည့်လို့ရအောင် ကူညီပေးတဲ့ ဆူးကို ကျေးဇူးတင်ပါတယ် …

  • unclegyi1974

    December 11, 2010 at 3:13 pm

    အမတ်ကြီးဦးကယ်က နောက်မှအကြံရပြီးထပ်လျှောက်တာက
    ယတြာလုပ်ရင်ငွေကုန်ပြီးလူတွေလဲအလုပ်ရှုပ်ပါ
    တယ် စီးတော်ကားပျက်တာများ ယာဉ်ထိမ်း
    မော်တော်ပီကယ်လက်သာအပ်လိုက်ချက်ချင်းကို
    အသစ်တစီးရောက်စေရမယ်လို့

    • weiwei

      December 11, 2010 at 3:17 pm

      ဦးကယ်ကလဲ ညီလာခံလုပ်တုန်းက အိပ်ပျော်နေပြီး အိမ်မက်ထဲမှာ မော်ဒယ်မလေးတွေနဲ့လေ … အခုမှ အကြံပေးလို့ မမှီတော့ဘူး …

  • နေ ဘုန်းလျံ

    December 11, 2010 at 3:14 pm

    ဟားဟား ပျော်ရတယ် ဗျာ

  • နေ ဘုန်းလျံ

    December 11, 2010 at 3:15 pm

    ကလေး ဘဝပြန်ရသလိုဘဲ

  • ဆူး

    December 11, 2010 at 3:17 pm

    ကလေးဘဝ ရောက်သွား မသွားတော့ မသိဘူး.. ညီလာခံမှာ သွားနားထောင်နေရတာ.. ဘွားဆူး ဆိုတော့ တော်တော် အိုပြီ ထင်တာ.. ချောချောလေးဘဲနော်..

    • weiwei

      December 11, 2010 at 3:20 pm

      မည်သို့မည်ပုံ ယတြာချေရမည်ကို ဘွားတော်ဆူးက ဆက်လက်ဆွေးနွေးသွားမည် ဖြစ်ပါသည် ……

  • ဆူး

    December 11, 2010 at 3:23 pm

    ပရိတ်သတ်က တောင်းခံတော့ ပြောပြရသေးတာပေါ့..
    ယတြာ
    စီးတော်ယာဉ် သချိုင်းပို့.. အသစ်ဝယ်.. အကောင်းဆုံး ယတြာဘဲ..

  • နေ ဘုန်းလျံ

    December 11, 2010 at 3:25 pm

    အေးဗျာဘွားဆူး ပုံကိုကြည့်ချင်လိုက်တာဗျာ nayphonehlan@gmail.com ပို့လိုပ်ပါလား ငယ်ငယ် တုံး ကနှပ်ချီးတွဲလဲနဲ့လေ….

  • ဆူး

    December 11, 2010 at 3:32 pm

    နှပ်ချီးတွဲလောင်း ဆိုတာ သူငယ်နှပ်စားလို့ ခေါ်သကွဲ့.. မှတ်ထားနော်

  • bigcat

    December 11, 2010 at 8:56 pm

    ကြောင်ကြီးကို သိုင်းသမားရာထူးပေးထားတော့ ပိုက်ဆံရှာဖို့အတွက် လက်နက်အားကိုး ဒမြတိုက်ရန်သာ အသင့်တော်ဆုံး ဖြစ်ကြောင်းပါဖလ။

  • maungmoenyo

    December 12, 2010 at 2:43 am

    very inspirational!
    မောင်မိုးညိုကတော့ King မလုပ်ချင်ပါဘူး…King-maker…ဆိုရင်မကောင်းဘူးလား….။
    (ထိပ်တန်းလျှို့ဝှက် – ဝီကီလိခ်မြန်မာကိုယောင်လို့တောင်အသိမပေးပါနဲ့ဗျာ၊ နှစ်ဘက်ချွန်လို့ပြောသံကြားလို့ပါ၊ တော်ကြာသုံးဖက်ချွန်စမူဆာဘဝပြောင်းသွားအုံးမယ်။)
    “ဝီကီ”တွေခေတ်စားချိန်မို့…သံတော်ဦးတင်ရတာပါ……..သက်တော်ရှည်မှန်းမသိတိုမှန်းမသိအမတ်ကြီးများနိကိ…။

  • ကြယ်လေး

    December 12, 2010 at 3:07 am

    သူရဲကောင်းလဲ ပြောသေး တယ် လူရမ်းကားအဝတ်စားကြီးနဲ့ 🙁

    • R Ga

      December 13, 2010 at 8:01 am

      အေးဗျာ ယူနီဖောင်းအသစ်ချုပ်ခိုင်းရမလိုတောင်ဖြစ်နေပြီ…။ သူရဲကောင်းလေးယောက်ဆိုတော့ ကြယ်လေးက သတိုးမဟာ ကျန်စစ်သားရာထူးယူဗျာ..။ ကျူပ်ကတော့ စစ်ပါရင် ရေတောင်စစ်သောက်ချင်တဲ့ ကောင်မဟုတ် သလို အသားထဲမှာဆိုရင်လည်း စစ်သားနဲ့ သစ်သားမစားဘူး…….ဗျ 😀 :happy

  • kai

    December 12, 2010 at 9:24 am

    ညီလာခံကြီး ပိုပြီးတီးတိုးတွေများသွားအောင် … တခုပြောပြဦးမယ်..။
    အကြီးအကဲကားတော်က… ၂၀၁၁မိုဒယ်..၁ဝရက်ပဲစီးရသေးတဲ့.. ကားအသစ်ကြီးဗျ..။
    နံပါတ်တောင်မရသေးဘူး..။
    အကြွေးကြီးကြီးပေးပြီး … ဝယ်တော်မူထားတာမို ့.. ဆင်ဒရဲလားအမေနတ်သမီးဆင့်ခေါ်ပြီး.. ရွေဖရုံသီးနဲ့ပေါင်း.. ရှိတဲ့ကြွက်ဖြူတွေနဲ့.. ရှယ်ကားရထားနောက်တစီးလုပ်ခိုင်းရကောင်းမလား…စဉ်းစားတော်မူနေပါတယ်..။ 🙁

    • ဆူး

      December 12, 2010 at 1:57 pm

      ညီလာခံမှာ ကြားသိရတဲ့ သတင်းအရကတော့ ၂၀၁၁ ကားအသစ်ကြီး တရက်ဘဲ စီးရသေးတာဆိုတော့.. ဘရိတ်မကောင်းဘူးလို့ တရားပြန်ဆွဲပေါ့..
      ဘောင်းဘီတိုနဲ့ စက်ဘီး နင်းနေရမှာ စိုးလို့ အကြံပေးတာ 🙂

  • kopauk mandalay

    December 12, 2010 at 11:29 am

    အကောင်းဆုံးကတော့ အားလုံးကတုံး တုံးပြီး
    မယ်သီလရင်ဝတ် ဘုန်းကြီးဝတ်ပြီး
    မေတ္တတရားပွားများကြရအောင်။
    အန္တရာယ်ကင်းအောင်လို့ပါ။

    • ဆူး

      December 12, 2010 at 1:59 pm

      ဘဘပေါက် အရင်စပြီး နမူနာ အရင်လုပ်ပါ။

  • weiwei

    December 12, 2010 at 11:29 am

    ရွာသူရွာသားများထဲမှ အထက်လမ်းအောက်လမ်းတို့ဖြင့် ဖရုံသီးကို စီးတော်ယာဉ်ဖြစ်အောင် ဖန်တီးနိုင်သူရှိပါလျှင် ဆုတော်ငွေ အမြောက်အမြား ချီးမြှင့်တော်မူမည် …. အမိန့်တော် …. 😛 😛

  • intro

    December 12, 2010 at 12:29 pm

    ရွှေဖရုံသီးကို မခွဲမစိတ်၊ အခွံမခွာပဲ အစေ့တွေ ကုန်အောင် ထုတ်နိုင်ရင် စီးတော်ယာဉ် ဖြစ်နိုင်တယ် မဝေရဲ့… 😛 Just Funny!!

  • ဆူး

    December 12, 2010 at 2:02 pm

    ရွှေဖရုံသီး ကို စီးတော်ယာဉ် အဖြစ် ပြောင်းလဲခြင်းထက် လက်တွေ့ကျကျ စကိတ်လေးကို စီးတော်ယဉ် ဖြစ် ပြောင်းလဲ သင့်ပါကြောင်း သံတော်ဦး တင်ပါ၏

  • bigcat

    December 12, 2010 at 2:20 pm

    သရဲနေ့ Halloween လည်းပြီးသွားပြီဆိုတော့ ရွှေဖရုံသီးကြီးကြီးရဖို့ နောက်တနှစ်စောင့်ဗျာ.

  • meelay

    December 13, 2010 at 4:53 am

    မီးကတော့ အသုံးစရိတ်လဲ လျှော့နိုင်ဝူး… သီလရှင်လဲ ဝတ်ဘူးနော်… တခြားနည်းလမ်းနဲ့ စဉ်းစားကျ…. ဒါပဲ…..:P

    • weiwei

      December 13, 2010 at 5:05 am

      သမီးတော် မီးလေးက အငယ်ဆုံးလေ … ကျောင်းသူလေးပဲရှိသေးတာ .. အသုံးလျော့ … စကတ်လေးနဲ့ ထီးလေးနဲ့က မီးလေး မဟုတ်လား ??

  • meelay

    December 13, 2010 at 4:55 am

    မဆူး… မီးကိုလဲပြောပြလေ… ပုံလေးတွေ ဘယ်လိုထည့်ရလဲဆိုတာ…*_* ^_*

  • meelay

    December 13, 2010 at 8:14 am

    ထီးလေးနဲ့က မီးလေးပါ… မီးက ကျောင်းသူဆိုတော့ အသုံးစရိတ်က လျှော့လို့ရဝူး… ကျောင်းစရိတ်က ကြီးယို့… ဘာမှတောင် အပိုမသုံးဝူး… ခဏနေ အတန်းထဲမှာ စာမေးပွဲကျနေရင် ဘယ်ယိုလုပ်မှာလဲ…

  • ဆူး

    December 13, 2010 at 9:01 am

    မီးလေး ဘယ်သူနဲ့ တူတူ ဒန်းစီးနေသလဲ.. သိပ်တော့ မရိုးဘူး.. အပျော်လွန်ပြီး ဒန်ပေါ်က ကျသွားအုန်းမယ် သေချာ ကိုင်ထား

    • etone

      December 13, 2010 at 10:11 am

      မီးလေး ဒန်းစီးရင် စကတ်ဝတ်ပြီးမစီးနဲ့နော် ။ 😛

      မဝေရေ ရွာပုံပြင်လေးတွေ ကောင်းပါတယ် ရေးကြပါဦး အားပေးနေပါတယ် ။

  • meelay

    December 13, 2010 at 10:07 am

    ခုနက မဆူးပေးတဲ့ ပုံလေးတွေကို စမ်းကြည့်တာ ပုံလဲပေါ်ဝူး … 🙂

    • ဆူး

      December 13, 2010 at 11:09 am

      မီး ရေ.. ပုံက မန်းတဲ့ အထဲမှာ ထည့်ရင် ပေါ်မှာ မဟုတ်ပါ။ စမ်းကြည့်တာတော့ မရခဲ့ဘူး။
      ပိုစ်တင်တဲ့ အထဲမှာ ပုံထည့်ရင်တော့.. သဘောကျတဲ့ ပုံကို Right click> copy imagelocation ပြီးတော့ တင်မဲ့ ပိုစ်က စာရေးတဲ့ နေရာရဲ့ အပေါ် ခေါင်းစဉ်စားတမ်းရဲ့ အောက် ကြားထဲမှာ Html tag ဘက်ကိုသွား.. ပြီးတော့.. img tag ကို နိပ်လိုက်ပါ box ၁ခု ကျလာပါလိမ့်မယ်။ အဲဒီ ကျလာတဲ့ အကွက်လေးထဲမှာ.. ပုံကလေးကို ကော်ပီကူးထားတာ paste လုပ်ပြီး Enter လုပ်ပြီး ပုံထည့်နိုင်ပါတယ်။

  • weiwei

    December 13, 2010 at 10:10 am

    ပုံပေါ်ချင်ရင်တော့ မမဆူးဆီ သင်တန်းတက်ပါကွယ် … သူက ကြော်ငြာတာလေ …. 🙂
    marketing ဆင်းတာ … 😛

  • lu ta lone

    December 13, 2010 at 10:59 am

    ဒီလိုဆိုတော့လဲ ပျော်စရာကြီးပဲဗျ…
    အွန်လိုင်းမှာ သူငယ်ချင်းတွေ တကယ်တွေ့ရသလိုပဲ…ဗျ…
    ကျွန်တော်ကတော့ သူရဲ လာခြောက်တာပါ… 😛

    • ဆူး

      December 13, 2010 at 11:11 am

      လာခြောက်တဲ့ သရဲကိုလည်း သိပါတယ်။ သရဲ ခြောက်ပြီးရင် လက်ချောင်ပြန်ပေးရတယ် တိဝူးလား။ သဂျီ ညီလာခံမှာ.. ဒီလို တိတ်တိတ်လေး ထွက်သွားလို့ မရဘူး။

  • lu ta lone

    December 13, 2010 at 11:02 am

    လက်ရှိတော့…
    http://www.shwesagar.com မှာ ကဗျာဆရာ လေလွင့်လုပ်နေပါတယ်…
    လာရောက်အားပေးကြပါဦး…
    Chat Room လဲ သီးသန့်လုပ်ထားပါတယ်…

  • weiwei

    August 26, 2011 at 11:09 am

    ပျော်စရာကောင်းတဲ့ပို့စ်လေးဖြစ်ခဲ့လို့ ပြန်မန်းလိုက်တာ …
    ရွာသားအသစ်တွေအတွက် ….

  • pisikway

    August 26, 2011 at 11:58 am

    ချစ်စရာကောင်းလိုက်တာ။ တို့လည်းလိုက်မယ် ချန်မထားနဲ့ ။ 🙂

Leave a Reply