ပင်ပန်းပြီး အထီးကျန်နေလား

snowDecember 16, 20101min694

နိုင်ငံခြားမှာ အလုပ်လုပ်ရင်း မိဘကို လုပ်ကျွေးနေသောသူတချို့ ပင်ပန်းပြှီး အထီးကျန်နေတယ်ထင်လို့
အားပေးလိုက်ပါတယ်  ဒီစာလေးဖတ်ပြီး  နဲနဲလောက ်စိတ်သက်သာတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ
နိုင်ငံခြားမှာ အလုပ်လုပ်နေတဲ့ သူတွေက ကိုယ့်လူမျိုး ကိုယ့်မြေနဲ့ ကိုယ့်မိဘဆွေမျိုးတွေနဲ့ ဝေးပြီး
သူစိမ်းတွေကြားထဲမှာ အလုပ်လုပ်နေကြတော့ အလုပ်လုပ်လို့ ပင်ပန်းတာထက် ကိုယ့်ကိုယ်ကို
အထီးကျန်နေသလို ခံစားကြရပါတယ် အကြောင်းအမျိုးမျိုးကြောင့်သာ
ရေခြားမြေခြားသွား အလုပ်လုပ်နေကြရတာပဲလေ ကိုယ်လုပ်နိုင်သလောက် ကိုယ်ပင်ပန်းသလောက် ကိုယ်ပြန်ရတာမို့ ပင်ပန်းပေမယ့် အကျိုးရှိပါတယ်
ကမ္ဘာကြီးမှာ အလုပ်လုပ်နေကြတ့ ဲ လူတေ ွ အများကြီးပါပ ဲ
ဒီလို အလုပ်လုပ်နေတဲ့သူတွေထဲမှာ မိဘကို လုပ်ကျွေးနေတဲ့သူတွေလဲပါမယ်
ဇနီးန့ ဲ သားသမီးအတွက်အလုပ်လုပ်နေတဲ့သူတွေလ ဲ ပါမယ်
တချို့က အိမ်ထောင်ပြုဖို့အတွက် အလုပ်လုပ်နေတဲ့သူတွေလဲပါတယ်
မိဘကိုလဲ ကျွေးစရာမလို အိမ်ထောင်လဲမရှိ ယူဖို့လဲမစဉ်းစားရသေးတဲ့ သူတို့ကလဲ
စားဝတ်နေရေးအတွက် ငွေအတွက် ဂုဏ်အတွက်  ရာထူးအတွက် သူများနဲ့တန်းတူသုံးနိုင်ဖို့အတွက်
လူတောတိုးနိုင်အောင်အတွက် လူအထင်ကြီးအောင်အတွက် အလုပ်လုပ်နေကြတာပါပ ဲ
ဒီတော့ မိဘကို လုပ်ကျွေးနေတဲ့သူတွေက တခြားလူတွေထက် ကုသိုလ်ပိုရပါတယ်
မိဘကို အလုပ်လုပ်ကျွေးရလို့ ပင်ပန်းအထီးကျန်တယ်လို့ မတွေးလိုက်ပါန့ ဲ
သေသေချာချာပြန်စဉ်းစားမယ်ဆိုရင် ကိုယ်ကမိဘကိုလုပ်ကျွေးတဲ့နှစ် ဘယ်လောက်ကြာပြီလ ဲ
မိဘက ကိုယ့်ကိုလုပ်ကျွေးတာဘယ်လောက်ကြာခဲ့လဲဆိုတာ ပြန်တွက်ကြည့်ရပါမယ်
ဘာပဲဖြစ်ဖြစ် အခု ကိုယ်ပင်ပန်းတာထက် မိဘကအများကြီး ပိုပင်ပန်းခဲ့ပါတယ်
မိဘဖြစ်လာတဲ့ တနေ့မှာ သိလာမှာပါ
ဒီအကြောင်းနဲ့ ပက်သက်ပြီး စိတ်သာအဓိကဆိုတာကို ကိုယ့်ကိုယ်ကိုသုံးသပ်မိတာလေး ပြောပြချင်ပါတယ်
ကျမ အိမ်ထောင်ကျတော့ ကျမအမျိုးသား နေ့တဲ့မြို့ကိုလိုက်သွားရပါတယ် ကျမအမျိုးသားနဲ့စိတ်ကောက်တိုင်း
မိဘအိမ်ကိုပြန်ချင်လာတယ် တစ်ခါ ကျမအမျိုးသားက ရပ်ဝေးကိုခရီးထွက်သွားတဲ့ အခါ
မိဘအိမ်ပြန်လာနေတော့လဲ  မိဘနဲ့စိတ်ကောက်တော့ ကျမအမျိုးသားဆီပြန်ချင်မိတယ်
တခါတလေ ကျမစိတ်ညစ်လွန်းရင် အားလုံးနဲ့ ဝေးရာ တနေရာရာထွက်သွားချင်မိတယ်
(တခြားနေရာထွက်သွားတာတော့ တခါမှမလုပ်ဖူးပါဘူး)
နောက်တော့ ကျမ စဉ်းစားမိတယ် ဒီလိုဖြစ်နေတာ စိတ်အလိုမကျတဲ့ ကျမရဲ့စိတ်ကြောင့်ဆိုတာ သိလာတယ်
စိတ်ထားတတ်ဖို့အဓိကပါပဲ
ဘယ်နေရာမှာနေနေ ဘယ်သူနဲ့ပဲနေနေ ကျမ စိတ်ကိုမထားတတ်ရင် အဆင်မပြေဖြစ်နေမှာပ ဲ
ဘယ်နေရာမှာနေနေ ဘယ်သူနဲ့ပဲနေနေ ကျမသာ အလိုက်သင့်စိတ်ကိုထားတတ်ရင်
အဆင်ပြေမှာပဲဆိုတာ လက်ခံလာတယ်
ခုဆို ကျမဟာ ဘယ်နေရာမှာပဲနေနေ ဘယ်သူနဲ့ပဲနေနေ ကိုယ့်စိတ်ကို ဆုံးမပြီး
အဆင်ပြေအောင်နေတတ်ဖို့ကျင့်ရပါတယ်
ပြောသာပြောရတာ မလွယ်ဘူးနော် လုံးဝကြီးတော့မနေတတ်သေးပါဘူး ဒီလိုပဲကျင့်နေတုန်းပါပဲ
ဘယ်နိုင်ငံမှာပဲလုပ်လုပ် ဘာအလုပ်ကိုပဲလုပ်လုပ် ထိုက်သင့်တ့ ဲ ပင်ပန်းခြင်းနဲ့အခက်အခဲတွေကို
ရင်ဆိုင်ရမှာပါပဲ ကိုယ့်ရဲ့စိတ်က အဓိက ကျပါတယ် မိမိရဲ့နေထိုင်မှုအပေါ် စိတ်ကျေနပ်မှုရှိရင်
ဘယ်နိုင်ငံမှာပဲလုပ်လုပ် ဘာအလုပ်ကိုပဲလုပ်လုပ် စိတ်ချမ်းသာမှာပါ
ကိုယ့်ကြောင့် ဘယ်သူ့ကိုမှ မထိခိုက်ရင် မနာကျင်ရင် အကျိုးမယုတ်ရင် စိတ်ချမ်းသာစရာပါပဲ
မိဘကိုလုပ်ကျွေးခြင်းသည် နတ်လူသာဓုခေါ်တဲ့အလုပ်မို့ နေ့စဉ်ကုသိုလ်ရနေတယ်လို့တွေးပြီးအလုပ်လုပ်ပါ
မိဘကိုလုပ်ကျွေးခြင်းမပြုနိုင်တဲ့သူတွေကလ ဲ ကိုယ့်အိမ်ထောင်ကို
လုပ်ကျွေးထောက်ပံ့ခြင်းကလဲ မင်္ဂလာတစ်ပါးပါပဲ
ဘယ်သူပဲဖြစ်ဖြစ် ဘယ်သူ့အတွက်ပဲလုပ်လုပ် ဘာအလုပ်ပဲလုပ်လုပ်
သမာအာဇီဝကျရင် အလုပ်ဟုူသမျှ ဂုဏ်ရှိစွ
ပျော်ရမှာမနေရ တော်ရာမှာနေရ ဆိုတဲ့ဆောင်ပုဒ်လေးတွေကို လက်ကိုင်ထားလိုက်ပေါ့

4 comments

  • MaMa

    December 16, 2010 at 3:25 pm

    ဘာမှလည်း မမြင်ရပါလား။

  • နီလေး

    December 17, 2010 at 2:29 am

    ကျေးဇူးတင်ပါတယ် တခါတလေတော့လဲစိတ်ညစ်ပြီး လောကကြီးမှာကိုယ်တစ်ယောက်ထဲအထီးကျန်နေသလိုခံစားရတယ်

  • yuyu

    December 17, 2010 at 9:16 am

    ဟုတ်တယ်နိုင်ငံခြားမှာအလုပ်သွားလုပ်တုန်းက အရမ်းအထီးကျန်တယ် သူငယ်ချင်းတွေနဲ့ကွဲသွားတော့ပိုဆိုးသေးတယ်
    အိမ်နဲ့ အလုပ်၊ အလုပ်နဲ့အိမ်ပဲ အလုပ်ပိတ်မှာတောင်ကြောက်မိတယ်၊ တခါတလေတော့လဲ လူမျိုးခြားတွေနဲ့ ဆက်ဆံရတာကျေနပ်စရာကောင်းပြန်တယ်၊ သူတို့ဓလေ့ထုံးစံ၊ ကိုယ့်နိုင်ငံရဲ့ ဓလေ့ထုံးစံတွေပြောပြောပြီး အလွမ်းသယ်ရတာပေါ့

  • to read

    December 17, 2010 at 1:44 pm

    အရမ်းကျေးဇူးတင်တယ်
    အားဆေးတစ်ခွက်ပါပဲ။

Leave a Reply