သံတွဲ မြို့ လ.ဝ.က ခရိုင်ဦးစီးမှုး လဒ်စား နောက်ဆက်တွဲ

OoDecember 11, 20101min979

https://myanmargazette.net/34556/economic-news-international-news-news-industry-people-in-the-news-us-news-news/comment-page-1#comment-56430

ဖြောှပြပာ သတင်း နောက်ဆက်တွဲ ရရှိချက်အရ။ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့ လ.ဝ.က ခရိုင်ဦးစီးမှုး
ဦးခင်မောင်လွှင် အား ရာထူးမှ ပြောင်းရွှေ့ ရန် fax ရောက်ရှိခဲ့သည်ဟု သတင်း ရရှိပာသည်။

9 comments

  • Gipsy

    December 12, 2010 at 4:21 pm

    သတင်းမှန်ကန်ပါသည်။ ဂရုတစိုက်အရေးယူဆောင်ရွက်ပေးပါသောအာဏာပိုင်အဖွဲ့ကို
    ဒေသခံပြည်သူများက အထူးကျေးဇူးတင်ရှိပါကြောင်းနှင့်… အလားတူ မကောင်းသူပါယ် ကောင်းသူကယ်… ကိစ္စများကို အခါသင့်သလိုအရေးယူပေးပါရန်… အသနားခံပါသည်ခင်ဗျား…
    လာဘ်စားဘီလူးကြီးခင်မောင်လွှင်အား မန္တလေးရုံးသို့ပြောင်းရွှေ့အရေးယူပေးခြင်းအပေါ်သံတွဲမြို့နယ်ဒေသခံများ… အတိုင်းအဆမဲ့ ဝမ်းသာကြရပါသည်။
    အစားထိုးရန်ရှိလာမည့် ခရိုင်မှူးအသစ်သည် ဒေသခံများအပေါ် နွေးထွေးကြင်နာ ပျူငှါစွာဆက်ဆံပေးမည့်သူဖြစ်စေရန် ဆုတောင်းစောင့်စား နေကြရပါတော့မည် ဖြစ်ပါသည်။
    အနှိပ်ကွပ်ခံခဲ့ကြရပါသော မိတ်ဆွေများနှင့် Online မိတ်ဆွေများသိစေရန် တင်ပြပါသည် ခင်ဗျား။

    • MandalayThar

      December 13, 2010 at 11:27 am

      ဟုတ်ရဲ့လားဗျာ။ ဂရုတစိုက် အရေးယူဆောင်ရွက် ပေးသော အာဏာပိုင်အဖွဲ့ဆိုတာ သူကို မန္တလေးရုံးပြောင်းတာ အဲဒီကိစ္စကြောင့် ဟုတ်ချင်မှ ဟုတ်မှာ ဒီကောင်ကပဲ လက်ထိုးပေးပြီး မန္တလေးကို ပြောင်ရအောင်လုပ်တာလားမှ မသိတာ။ မန္တလေးမှာ တရုပ်တွေက ပေါပါ့ဘိ။ မှတ်ပုံတင်မလို အိမ်ထောင်စုဇယားမလို၊ ပြောရရင် မြန်မာစကားတောင်တတ်စရာမလိုဘဲ မှတ်ပုံတင်တွေ အထပ်လိုက်ကိုင်နေတဲ့ တရုပ်တွေ အများကြီးဆိုတဲ့ ဂွင်ကို သိလို့ ဒီသံတွဲလောက် ကနေ မန္တလေးကို လက်ထိုးပြီးပြောင်းတာ ဖြစ်နေမယ်ထင်တာဘဲ။

      ထောင်မြင်လို့ ရာစွန့်တာ ပါဗျာ။ ဟုတ်မှလဲ လုပ်ပါ ။ အခုဘဲ တိုင်လိုက်လို့ ပြောင်းလိုက်ရတာ မျိုးက ခေတ်ကုန်သွားပြီနော်… ဒီကောင်တွေက တိုင်တာလောက်တော့ ထည့်ကို မစဉ်းစားတာဗျာ။

  • etone

    December 13, 2010 at 3:52 am

    နောက်ဆက်တွဲသတင်းလေးစောင့်ဖတ်နေတာ ဒီလိုလေးသိရတော့လည်း တင်ပေးတဲ့လူကို ကျေးဇူးတင်ပါတယ် ။

  • လင်းဝေကျော်

    December 13, 2010 at 4:12 am

    ရှေ့ဆက်တွဲ သတင်းက ဘာလဲဟင်

    • etone

      December 13, 2010 at 8:46 am

      သိချင်ရင်ရှာဖတ်ပါလား ဦးလေးရဲ့ ။

  • meelay

    December 13, 2010 at 8:19 am

    မီးလဲ မှတ်ပုံတင်လဲထားတာ (၁)နှစ်ပြည်တော့မယ်ထင်တယ်… အခုထိ မရသေးဘူး… ဘယ်လို လုပ်ရမလဲ မသိတော့ဘူး…

  • winkyawaung

    December 13, 2010 at 8:21 am

    အင်း အရင်လူဝလို့ နောက်လူစားတော့ ဝါးတော့အုံးမှာပါပဲ..

  • naywoonni

    December 13, 2010 at 8:23 am

    နောက်ဆုံးကျတော့လည်းသူ့လမ်း သူသွားကြတာပါပဲ
    သူပြုခဲ့ကံ သူထံပြန် အမြန်ကျရောက်ပါစေသော်ဝ်

  • zawana

    December 14, 2010 at 2:02 am

    သံတွဲမြို့က လူတွေအတွက်တော့ ကောင်းပါရဲ့ဗျာ … ဒါပေမဲ့ အခုဟာက ရာထူးချတာ၊ အရေးယူတာ မဟုတ်ပဲ မန္တလေးလို ဂွင်ပိုကောင်းတဲ့ မြို့ကိုမှ နယ်ပြောင်းပေးတယ်ဆိုတော့ … မဟုတ်မှလွဲရော … ကွမ်းကြိုက် တောင်ငူ ပို့ ဆိုသလို ဖြစ်နေပါပြီဗျာ ….
    သံတွဲက လူတွေအတွက်လည်း နောက်လာတဲ့ မောင်ပုလဲနဲ့ မတွေ့ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။

Leave a Reply