စဉ်းစားစရာဘဲ

ဆူးDecember 12, 20101min19617

5 Series မှာလာနေတဲ့ တနင်္လာ ကနေ ကြာသပတေး နေ့ အထိ ည ရနာရီမှာ လာနေကျ ကိုရီးယား ဇတ်လမ်းတွဲ အက္ခရာ စာလုံးလေးများ၏ အရှင် သခင် ဇတ်လမ်းပြီးအောင် မပြဘဲ နောက်တကား အစားထိုး ပြတော့မှာပါ။ ဇတ်လမ်း အသစ်ကို တနင်္လာကနေ စပြီး ပြမယ်လို့ ကြေညာသွားပါတယ်။ ဘာလို့ မပြလဲ သိကြလား။ ကြည့်တဲ့လူတွေ သိပါလိမ့်မယ်..
ဇတ်လမ်း သဘော တရားလေး သိသလောက် ပြောပြမယ်။ စဉ်းစားကြည့်ရအောင်.. ဇတ်လမ်း စစချင်းမှာ လူငယ်တယောက် မျက်နှာကို ပြပြီး နောက်တချိန် ဘုရင် ဖြစ်မှာလို့ စာတမ်းထိုးသွားတယ်။ နောက် ဇတ်လမ်း ပြတော့ ဘုရင်ကြီးရဲ့ သားတော် ဖြစ်နေတယ်။ အိမ်ရှေ့စံမဟုတ်ပါဘူး အိမ်ရှေ့စံက သတ်သတ် တယောက်ပါ။ ဘုရင် ဖြစ်မယ် ဆိုတဲ့ သားတော်က မတရားတာဆို မနှစ်မြိုဘူး။ ခမည်းတော်ကို အတိုက်အခံတွေနဲ့ တိုင်ပင်ညှိနိုင်းပြီး တိုင်းပြည်ကို အုပ်ချုပ်ပါ။ တိုက်တွန်းပါ၏။ ခမည်းတော်လည်း အရင်တချိန်က ဓါးဆွဲပြီး တိုင်းပြည်နေရာ ရအောင် ယူခဲ့တာဘဲလို့ ပြောပြီး နားချနေပါတယ်။ ဇတ်လမ်းက ဒါဘဲ ကြည့်မိတော့ ဒါဘဲ သိတယ်.. နောက်ဆက်တွဲ သိချင်ရင် အခွေဝယ်ကြည့်.. နောက်နေ့ ဈေးရောက်မှ ရှာဝယ်ရမလို့.. စဉ်းစားထားတယ်။ ကိုရီးယားဇတ်လမ်း က ကိုရီးယား မင်းညီမင်းသားတွေဘဲဟာကိုနော်.. ဟုတ်တယ်မလား.. သူ့ ဇတ်နဲ့ သူ့ အကြောင်း ညီညွတ်နေတာဘဲ.. မပြတော့လည်း အခွေရှာဝယ်ကြည့်ရတော့မှာပေါ့.. စာတမ်းထိုးထားတဲ့ မင်းသားလေး ဘယ်လို မင်းဖြစ်သွားလဲလို့ သိချင်လို့.. ကိုရီးယားကတော့ စွဲတယ်.. ဂျူမုံတုန်းကလည်း ဂျူမုံ.. လီစွန်ရှင်း တုန်းကလည်း လီစွန်ရှင်း သမိုင်းတွင်မဲ့ မော်ကွန်းတုန်းလည်း အချိန်တွေ အများကြီးပေးပြီး ကြည့်ခဲ့ရတာ.. လွယ်တော့ မလွယ်ဘူး.. ကိုရီးယားမှာ မနေပေမဲ့ ကိုရီးယား သမိုင်းတော့ စုံအောင် သိလာပြီ.. ဒါလည်း ပညာဘဲ.. ဟဲဟဲ.. စဉ်းစားလိုက်ကြပါအုန်း.. ကိုရီးယား ကားကြည့်ပြီး.. ကိုရီးယား ပြောင်းနေကြရင် ကောင်းမလားလို့.. သူတို့ အကြောင်း ဒီလောက် သိတာ ဆွေမျိုးတောင် တော်နေမလား မသိဘူး..

17 comments

  • weiwei

    December 12, 2010 at 5:09 pm

    မသိပါကြောင်း ဝင်မန်းသွားပါသည် … 🙂 🙂

  • ဆူး

    December 12, 2010 at 5:17 pm

    သိချင် ဝယ်ကြည့် ၃ချပ် ၁ထောင်

  • weiwei

    December 12, 2010 at 5:21 pm

    တစ်ထောင်မလိုပါဘူး … အင်တာနက်ကနေ အလကားကြည့်လိုက်ရုံပဲ … 😛
    ကြည့်ဖို့သာ အချိန်လိုနေတာ … အချိန်ဆင်းရဲတယ် .. 🙂

  • a_lin_say_ta_mum@googlegroups.com

    December 12, 2010 at 11:36 pm

    အနော်..က တောင်ကို ကြီးယားက ကျုမှုံ ပါခင်ည..အဟီး
    နဲနဲလောက်အထင်ကြီးသွားလဲမဆိုးဘူး..အဟိ

    • etone

      December 13, 2010 at 6:52 am

      နည်းနည်းမှကို အထင်မကြီးပါ 😀

  • bigcat

    December 13, 2010 at 5:48 am

    ရွှေကြောင်ဆိုတဲ့ ကိုရီးယားမင်းသား တော်တော်ချောတယ်။ ကိုရီးယားအာပလာကားတွေထဲတော့ လိုက်မရှာနဲ့ ဟောလီးဝုဒ်က တော့ပ်တန်းဟော့ဖြစ်နေတဲ့ ကားတွေမှာဆို အမြဲတမ်းပါတယ်။ ေဩာ်..အနိစ္စ ဒုက္ခ အနတ္တ။

    • etone

      December 14, 2010 at 7:24 am

      ဘယ်အခန်းကပါတာလဲ ဟိုအခန်းကလာ … ကြောင်ပါးကြီးမြီးတို အဆီကိုစားပါလို့အသားကိုမြို တဲ့ … စားခန်းသောက်ခန်းကို ပြောတာပါ အဟဲ 😀 😛

  • naywoonni

    December 13, 2010 at 7:38 am

    အင်း ……..အဲဒါပြောတာပေါ့
    ဘာတဲ့…. ဗေဒင်ဆရာမရှိတဲ့နေရာရယ် ဓါတ်ပုံဆရာမရှိတဲ့နေရာရယ် အတင်းမပြောရတဲ့နေရာရယ် မိန်းကလေးတွေ မပျောဘူးတဲ့ ခုတော့ ကိုရီးယားကား မကြည့်ရတဲ့နေရာရယ်လို့တောင် ထပ်တိုးရမလိုဖြစ်နေပြီ

  • ဆူး

    December 13, 2010 at 7:46 am

    သိကြဘူးနဲ့ တူတယ်.. ဘာပြောချင်လဲ ဆိုတာ..
    ဝါး.. ရုပ်ရှင်.. ရင်ရှုပ် သွားကြည့်အုန်းမယ်

  • meelay

    December 13, 2010 at 9:05 am

    အဲဒီဇာတ်လမ်းကြည့်ပြီး ပြည်သူတွေ နိုင်ငံရေးတရား ပေါက်သွားမှာ စိုးလို့ထင်တယ်…

  • naywoonni

    December 13, 2010 at 12:14 pm

    ပွား ပွား ပြောတော့ ဘာဝနာ ကြည့်တော့ကိုရီးယား
    သုံးတော့ စိန့်တိုင်းထွက်

  • ဆူး

    December 13, 2010 at 12:59 pm

    ပွားတော့ ဘာဝနာ.. ဖြစ်ပျက် မြင်အောင် ရှုမိတာ ကိုရီးယား..

  • sairain

    December 13, 2010 at 2:04 pm

    Please tell me title of this series I want to watch it ………

  • unclegyi1974

    December 13, 2010 at 2:09 pm

    ညှိနှိုင်းတဲ့စကားမကြားလိုပါမကြားလိုပါ
    သတ်လိုလျှင်သတ်ပါစေတော့…
    ဆူး ကအခွေတင်သွင်းတဲ့လူနဲ့ဘာတော်လဲဟင်
    အခုအဲဒီအခွေတွေဈေးကွက်မှာအလွန်
    ရောင်းကောင်းဆိုဘဲ

  • ဆူး

    December 13, 2010 at 2:16 pm

    အခွေ နာမည် ဘိုလို ဘယ်လို ခေါ်လည်း မသိဘူး.. နောက်နေ့ အခွေ သွားရှာ ဝယ်ပြီးမှ နာမည် မှတ်ပြီး ရေးပေးမယ်

  • sairain

    December 13, 2010 at 2:20 pm

    Aww
    Thanks a lot ! I can’t wait to watch this series
    မနက်ဖြန် လာကြည့်ပြီး ဝယ်မယ်…သိတဲ့သူ ရှိရင် comment ထားခဲ့ပါဦး

Leave a Reply