အမေရိကန် ဗီဇာ လျှောက်လွှာ ပုံစံပြောင်း

BayoteApril 9, 20101min631

အမေရိကန်ပြည်ထောင်စုသို့ အခြေမချ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထား ကြသူများအတွက် ပုံစံကို ရန်ကုန်မြို့ အမေရိကန်သံရုံးက ဧပြီလ ၂ဝ ရက် နေ့တွင် စတင်ပြောင်းလဲ အသုံးပြုမည်ဖြစ်ကြောင်း အမေရိကန်သံရုံး ပြန်ကြားရေးဌာနမှ ပေးပို့သော သတင်းများအရ သိရှိရသည်။ ယခု ပုံစံ သစ်မှာ ယခင်ကကဲ့သို့ Online တွင် ပုံစံဖြည့်ကာ ပုံနှိပ်ထုတ်ယူ၍ အခြားလိုအပ်သော စာရွက်စာတမ်းများ၊ နိုင်ငံကူး လက်မှတ်တို့နှင့် အတူ လျှောက်ထားရသည့် ပုံစံမှ Online တွင် ဖြည့်၍ Online မှပင် ပေးပို့သည့် ပုံစံဖြင့် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက ်သတင်း အဆိုသည်။ DS 160 ဟုခေါ်ဆိုသည့် လျှောက်လွှာ ပုံစံသစ်ကိုသာ ပြောင်းလဲ အသုံးပြုထားခြင်း ဖြစ်ပြီး ကျန်ရှိသော ဗီဇာ အင်တာဗျူးနှင့် ဗီဇာ ထုတ်ယူခြင်း စသည့် ဗီဇာ လျှောက်ထားမှု လုပ်ထုံး လုပ်နည်းများမှာ ပြောင်းလဲခြင်း မရှိဘဲ ယခင်အတိုင်း ဆောင်ရွက် ရမည်ဟုလည်း ယင်း သတင်းတွင် ဆက်လက် ရေးသားထားသည်။ အဆိုပါ အမေရိကန် ဗီဇာလျှောက်လွှာ ပုံစံသစ်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို ရန်ကုန် အမေရိကန် သံရုံး Website www.burma.usembassy.gov တွင် လေ့လာနိုင်သည်ဟု ရေးသားထားပြီး ဗီဇာ ပုံစံသစ်ကြောင့် ယ ခင်ကထက် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုမြန်ဆန်လာဖွယ်ရာ ရှိသည်ဟု ဆိုသည်။ အမေရိကန်ပြည်ထောင်စုသို့ အကြောင်း အမျိုးမျိုးဖြင့် ပြည် ဝင်ခွင့် ဗီဇာလျှောက်ထားသူများကို ယခင် သံရုံးဟောင်း၌ ဆယ်ဂဏန်း အရေအတွက် ပမာဏသာ လက်ခံလေ့ရှိပြီး ဗီဇာ ငြင်းပယ်ခံရပါက ဗီဇာ ကြေး အမေရိကန်ဒေါ်လာ ၁၀ဝ ကိုပြန်ထုတ် မပေးကြောင်း နှင့် အမေရိကန်ဗီဇာသည် လျှောက်ထားသူတိုင်းကို ထုတ်ပေးသော ဗီဇာ မဟုတ်ဘဲ လျှောက်ထားသူ အချက်အလက်များ ပြည့်စုံပါက တစ်ပတ်ကြာမှ ဗီဇာရရှိကြောင်း လွန်ခဲ့သော သုံးနှစ်က အမေရိကန် ဗီဇာ ရရှိခဲ့သူ တစ်ဦးက ပြောကြားကြောင်း ၂၀၁ဝ ခုနှစ် ဧပြီ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

One comment

  • မန်း ရိပ်

    September 2, 2010 at 2:59 pm

    အခုလိုဖော်ပြပေးတဲ့အတွက် အမေရိကန်သွားမယ့်လူတွေ အဆင်ပြေတာပေါ့

Leave a Reply