မမဝေနှင့် မမဆူးတို့မှ သရုပ်ဆောင်ခများ ယနေ့အပီးရှင်းပေးမည်

CharTooLanDecember 13, 20101min1639

ကဲ! ရွာသူရွာသားအပေါင်းတို့သိကြတဲ့အတိုင်း ဟောလီးဝုဒ်ဒါရိုက်တာဆူး၏ (အသပြာထောင် တစ်ထုတ်နဲ့ သဂျီး) ဇာတ်လမ်းနှင့် အကယ်ဒမီများရှင်ဒါရိုက်တာဝေ၏ (ရတနာပုံ နေပြည်တော်ညီလာခံသဘင်) စသည့်လျှမ်းလျှမ်းတောက်အောင်မြင်နေသော ဇာတ်လမ်းများတွင် ပါဝင်အစွမ်းပြသရုပ်ဆောင်ထားကြသော ကမာ္ဘကျော်အက်ရှင်မင်းသား မင်းသမီးများနှင့် ကမာ္ဘကျော်ဒရမ်မာမင်းသား မင်းသမီးများအား ရစရာရှိသောအကြွေး (အဲ~မှားလို့) သရုပ်ဆောင်ခများအား ယနေ့ညနေ ၅နာရီနောက်ဆုံးထားပီး ဆြာဆူး နှင့် ဆြာဝေ တို့ထံ၌လာရောက်ဓားပြတိုက်ကြပါရန် အကြိုးမျှော်၍နှိုးဆော်လိုက်ပါတယ်ခင်ဗျား ~~~~

ပုံ/
ကမာ္ဘကျော်အက်ရှင်မင်းသား
ဂျက်ကီချာ 🙂

9 comments

  • bigcat

    December 13, 2010 at 6:19 am

    ကိုယ်တိုင်သွား မတောင်းနိုင်သူများ ကိုကြောင်ကြီးအား ကိုယ်စားလှယ် ခန့်ပါက ၁၀% အကျိုးဆောင်ခ ယူ၍တောင်းပေးမည်။ ဂျစ်ကန်ကန်လုပ်လျင် တိုင်ရန်အဘလည်းရှာပေးနိုင်သည်။ အပိုကြေးနောက်ထပ် ၂၀%+ ဆောင်းပေးလျင် အားလုံးအဆင်ပြေစေရမည်။

    ကျိုင်းတုံသားလေးရေ
    ကျိုင်းတုံမှာဘိန်းထွက်တာ ရိုးသာလွန်းအားကြီးတော့ ကောက်ညှင်းမျိုးစေ့နဲ့ ဘိန်းမျိုးစေ့ မခွဲတတ်လို့ ဖြစ်မှာပေါ့ကွယ်။ စိုက်လက်စနဲ့ ဆက်သာစိုက်ပေတော့။ ကျိုင်းတုံသားတွေလို ရိုးသားတဲ့ တောင်သူတွေ အာဖဂန်နစ္စတန်မှာလည်း အများကြီးရှိတယ်။ သူတို့လည်း ဂျုံစေ့နဲ့ဘိန်းစေ့ မခွဲတတ်ကြဘူး။

  • weiwei

    December 13, 2010 at 6:26 am

    ဒီဇာတ်လမ်းတွေက ရန်ပုံငွေ ဇာတ်လမ်းတွေလေ .. သိတယ်ဟုတ် …
    သရုပ်ဆောင်ခ … အလကားမတ်တင်း … 🙂

  • ဆူး

    December 13, 2010 at 8:00 am

    ဒါရိုက်တာ ကြီး ပြောတဲ့ အတိုင်းဘဲ.. ရန်ပုံငွေ မကြိုက်လည်း မရဘူး.. ကြိုက်လည်း မရဘူး။ သိတယ်မလား.. ပေါ်လက်စီ လေ.. မကောင်းတဲ့ အခန်း သရုပ်ဆောင်ရလို့.. တမြေခြားမှာ ဂဲနဲ့ ထုခံရလည်း တာဝန်မယူပါ။

    ပုံ
    ဇတ်လမ်းဖြစ်မြောက်ရေး ကော်မတီ

  • naywoonni

    December 13, 2010 at 8:06 am

    အံမယ်.. ရန်ပုံငွေ ကားလေးဘာလေးနဲ့ ပွိုင့်တွေ လှိမ့်ယူနေကြတာ ဘယ်သူက ဘယ်လောက်ပွိုင့်ထဲက နှုတ်ယူလိုက်ပါ လို့ ဘယ်သူကမှ မပြောကြသေးဘူး မစည်းရုံးကြဘူး ဆော်ဩတာမတွေ့ြကြဖူး ဟိုမှာကပြဿနာဖြစ်နေတာကို အပျော်သဘောနဲ့ စလား နောက်လား သာ လုပ်နေကြတယ်
    ကိုခိုင်ရေ…….. အဲဒါပဲကြည့်
    ဘုရားတည်ဖို့ဆိုရင်တာ ဘုရားဒကာ ဖြစ်ချင်ကြတာ လူလူချင်းကျတော့မကူညီချင်ကြဘူး

  • char too lan

    December 13, 2010 at 8:07 am

    har ! ကမာ္ဘကျော်ဟောလီးဝုဒ်မင်းသားမင်းသမီးတွေကိုတောင် တပတ်ရိုက်ချင်နေတဲ့ အကယ်ဒမီများရှင်ဒေါ်ဒေါ်ဝေ တော့နောက်တစ်ခါ ဇာတ်လမ်းဆင်ရင် ပြောင်းဖူးရိုးနဲ့ ပေါက်ခံထိမယ်နော် 🙂
    အဲဒါကြောင့် “ဓားပြ” တိုက်ရမယ်လို့ပြောထားတာတောင် ရန်ပုံငွေတွေ ပေါ်လစီတွေလုပ်ချင်သေးတယ်ပေါ့ 😛

  • R Ga

    December 13, 2010 at 8:16 am

    သရုပ်ဆောင်ကြေး ..များကို သက်ဆိုင်ရာပိုစ်များတွင် ကွန်မန့်များ ပိုးစိုးပက်စက် ရေးသားခြင်းဖြင့် ထုပ်ယူနိုင်ကြောင်း ပြန်စားရေးနှင့် ပြည်သူလာဘ်စားရေးဝန်ကြီးထာန မှ ယနေ သတင်း ထပ်မံရရှိပါသည်။ မရှင်းလင်သည်များကို သတင်းစာ ရှင်းလင်းပွဲတွင် ဝင်ကြီးဂျုတ် ခိုင်မှ ထပ်မံရှင်းလင်း ကောက်သိမ်းသွားမည်ဖြစ်သည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 13, 2010 at 9:07 am

    ဗလိတ်ဒါးတွေ ဇာဂနာတွေ မီးညှပ်တွေ အမွှေးညှပ်တွေ ရမယ်
    ကိုယ်တိုင်ကိုယ်ကြလည်းရှင်းပေးပါသည်။

  • ဆူး

    December 13, 2010 at 11:28 am

    ယနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ ည၆နာရီ ထုတ်ပြန်ချက်။
    ၅နာရီ ထုတ်ပေးတာ အချိန်မှီ လာမထုတ်တဲ့ အတွက် စာရင်းပိတ်သွားပါပြီ။ ဒီမန်း အတွက် ၁ဝ ကိုလည်း သိမ်းလိုက်ပါပြီ။
    [url=http://yoursmiles.org/t-kidgames.php?page=3][img]http://yoursmiles.org/tsmile/kidgames/t8429.gif[/img][/url]

  • ဆူး

    December 13, 2010 at 1:23 pm

    ယနေ့ ဒီဇင်ဘာ ၁၃ရက်နေ့ ည၈နာရီ ထုတ်ပြန်ချက်။

    ၅နာရီ ထုတ်ပေးတာ အချိန်မှီ လာမထုတ်တဲ့ အတွက် စာရင်းပိတ်သွားပါပြီ။ ဒီမန်း အတွက် ၁ဝ ကိုလည်း သိမ်းလိုက်ပါပြီ။

Leave a Reply