အရာအားလုံးလှုပ် လှုပ် လှုပ်

အာဂDecember 13, 20101min1388

ကမ္ဘာကြီးကလည်း ခပ်လှုပ်လှုပ်
မြန်မာ ပြည်က လည်း လှုပ်လှုပ်
ရေတွေကလည်း လှုပ်လှုပ်
လေတွေကလည်း လှုပ်လှုပ်
မြေတွေကလည်း လှုပ်လှုပ်
သစ်ပင်တွေ လှုပ်လှုပ်
သစ်ရွက်တွေ လှုပ်လှုပ်
တရိစာ္ဆန်တွေ လှုပ်လှုပ်
လူတွေ လှုပ်လှုပ်
စိတ်တွေကလည်း လှုပ်လှုပ်
အကျင့် သီလတွေကလည်း လှုပ်လှုပ်
ရိုးသားမှုကလည်း လှုပ်လှုပ်
အမှန်တရားကလည်း လှုပ်လှုပ်
ကောင်မလေးလည်း လှုပ်လှုပ်
ကျွန်တော်ကလည်း လှုပ်လှုပ်
အချစ်ကလည်း လှုပ်လှုပ်
အမုန်းကလည်း လှုပ်လှုပ်
ဒီကနေ့လည်း ခပ်လှုပ်လှုပ်
မနက်ဖြန်လည်း ခပ်လှုပ်လှုပ်
ခပ်သုတ်သုတ်သွား
ခပ်သုတ်သုတ်စားလို့
ဘယ်အရာကများ..တည်တည်ငြိမ်ငြိမ် ရှိလဲ..။

ဒေါ သကလည်း လှုပ်တယ်
မောဟ ကလည်း လှုပ်တယ်
မေတ္တာကလည်း လှုပ်တယ်
သစ္စာကလည်း လှုပ်တယ်.။

တည်ငြိမ် ငြိမ်းချမ်း မှုများ.သေဆုံးကာလဆိုတော့
စီပွားရေး အလှုပ် မှာ
ကိုယ့်အိမ်ဈေးဖိုးကလေး လှုပ်သွားမှာကို ကြောက်တယ်.။

8 comments

  • PaukPhaw

    December 13, 2010 at 9:38 am

    ဖတ်ပြီးသားဂျီးလိုဘဲ

    • R Ga

      December 14, 2010 at 8:45 am

      ကျွန်တော်ဘလော့မှာတင်ပြီး ထားသလို ။ poem corner မှာလည်းတင်ထားပါတယ်။

  • လင်းဝေကျော်

    December 13, 2010 at 10:04 am

    ကောင်မလေးတွေကလည်း လှုပ်လှုပ်

    • etone

      December 14, 2010 at 3:58 am

      ဘကြီး အသက်ကြီးပြီ ဒီစိတ်တွေမကုန်သေးဘူးလား 😀

    • etone

      December 14, 2010 at 4:01 am

      လင်းဝေကျော်ကိုပြောတာပါ သူကအသက်ကြီးနေတာတောင် ကောင်မလေးတွေပဲလိုက်ကြည့်တုန်း ။

  • ဆူး

    December 13, 2010 at 11:09 am

    ပုံထည့်ချင်လို့ ဒိတ်ပြောင်းပြီး ပြန်တင်လိုက်တာလား.. အာဂ ရေ..

    • R Ga

      December 14, 2010 at 8:47 am

      ဆူးပြောတာ အန်ကယ်နားမလည်းဘူးဖြစ်နေတယ်..။ သေချာတာကတော့ ဘာဒိတ်မှ ပြောင်းမတင်မိပါဘူး။

  • nyimalay

    December 13, 2010 at 1:57 pm

    လှုပ်ချင်တာတွေလှုပ်ပါ အိမ်ဈေးဘိုးလေးတော့မလှုပ်ပါနဲ့ ကိုအာဂရယ် …. 🙂

Leave a Reply