ဆွေမျိုးမေ့ဆန်ပြုတ်

Ma MaDecember 13, 20101min24013

ကြက်သားကို ရေစင်အောင်ဆေးပြီး ဂျင်းနဲ့ ဆားအနည်းငယ်များများ ထည့်နယ်ပြီး ခဏထားပါ။ ရေကိုဆူအောင်တည်ပြီး ကြက်သားထည့်ပြုတ်ပါ။ အနေတော်ရင်ဆယ်ပြီး အသားနွှင်ပါ။ ကြက်သားကို နူးအိနေအောင် မပြုတ်ရပါ။ ဆန်ကိုရေဆေးပြီး ဆူနေသော ကြက်သားပြုတ်ရည်ထဲကို ထည့်ပြုတ်ပါ။ ဆန်ကိုတော့ နူးပြီးပျော့နေသည်ထိပြုတ်ပါ။ တရုတ်လို တုံဆိုင် (မုန်ညှင်းဖြူထုပ်ကို အခြောက်လှမ်းထားတာထင်တယ်။ သံဈေးမှာ ဝယ်လို့ရတယ်။) ကို ပါးပါးလှီးပြီးထည့်ပြုတ်ပါ။ သို့မဟုတ် ပွဲပြင်တော့မှ အပေါ်က ထည့်ဖြူးစားလျှင်လဲရပါတယ်။ အချိုမှုန့်စားလျှင် အနည်းငယ်ထည့်ပါ။ အရသာ အဆင်ပြေအောင် ဆားကို သင့်တော်သလို ထပ်ထည့်ပါ။ ပြီးလျှင် ကြက်သွန်ကြော်နှင့် နှမ်းလှော်တို့ကို သီးခြားစီ မှုန့်အောင်ထောင်းပါ။ ပွဲပြင်လျှင် ကြက်သား။ ကြက်သွန်ကြော်မှုန့်၊ နှမ်းလှော်မှုန့်ဖြူးပြီး နှမ်းဆီမွှေး အနည်းငယ်ဆမ်းပါ။ ကြိုက်တတ်လျှင် တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ကို ထည့်စားနိုင်ပါတယ်။ ဆန်ပြုတ်မသောက်ခင်ဆွေမျိုးစာရင်း အရင်ပြုစုထားဖို့ လိုလိမ့်မယ်ထင်တယ်။http://yoursmiles.org/psmile/profession/p0101.gif

13 comments

  • ဆူး

    December 13, 2010 at 11:48 am

    သံဈေးမှာ မဝယ်ဘဲ အိမ်မှာ လုပ်စားချင်တယ်။ ဟီးဟီး..
    နောက်တာနော်.. သိချင်ရင် ကြောပြမယ်။ အဲဒီ မုန့်ညှင်းထုတ် အခြောက် နဲ့ မုန့်လာဥ အခြောက် နည်းတွေ.. ဆွေမျိုးမေ့အောင် သံဈေး ပတ်နေရမှာ စိုးလို့..
    နောက်ပြီး ဆန်ပျော်ပြဲ သွားတဲ့ အထိ ပြုတ်ရဖို့ ဆိုရင် တော်တော် စိတ်ရှည်ရှည်နဲ့ ပြုတ်ရမယ် ထင်တယ်နော်။ နောက်ပြီး ဆန်ကို ပြုတ်တယ် ဆိုတာ မီးနည်းနည်း ပျင်းမယ် ဆိုရင် အိုးကပ်ကုန်မယ်။ လက် ကို မနားတမ်း မွေ နေရမလားဘဲနော်။

  • MaMa

    December 13, 2010 at 11:54 am

    ဆန်ပြုတ်ပြုတ်ရင် သိပ်မမွှေရဘူး။ အရမ်းမွှေရင် ဆန်ုပြုတ်ကကြဲပြီး စားမကောင်းဘူး။ ဆြာဆူးရဲ့ မုန်ညှင်းထုပ် အခြောက်လုပ်နည်းကို စောင့်မျှော်နေပါကြောင်း။

  • weiwei

    December 13, 2010 at 12:21 pm

    ဆန်ပြုတ်ပုံမပါတော့ စားလို့မရဖြစ်နေပါတယ် … 😛

  • MaMa

    December 13, 2010 at 12:29 pm

    ဆန်ပြုတ်က စားရမှာ မဟုတ်ဘူး။ သောက်ရမှာလေ မဝေရဲ့။ ဆွေမျိုးမေ့လို့ နာမည်ပေးထားတာ ပြုတ်ပြီးတာနဲ့ သောက်လို့ကုန်သွားလို့ ပုံတောင်မထည့်နိုင်ဘူး။ (ယုံချင်ယုံ မယုံချင်နေ)

  • koyinmaung

    December 13, 2010 at 3:42 pm

    ပြုတ်သောက်ကြည့်အုံးမယ် ပြီးမှအကြောင်းပြန်မယ် ကျေးဇူးဘဲ…

  • kopauk mandalay

    December 13, 2010 at 4:11 pm

    နေမကောင်းတိုင်း အိမ်က ဆန်ပြုတ်ကိုကြွေးတော့ ဆန်ပြုတ်ကို လူမမာစာလို့ ဘဲထင်ပါသဗျား။

  • MaMa

    December 15, 2010 at 12:13 am

    ဆန်ပြုတ်ကို လူမမာစာလို့ထင်ရင်မှားမှာပေါ့ ကိုပေါက်ရယ်။ ဆွေမျိုးမေ့လို့တောင် နာမည်ပေးထားတာ။ ပြုတ်သောက်ကြည့်လိုက်ပါအုံး။

  • 49 yr old female

    December 15, 2010 at 12:38 am

    We cannot taste really and cannot forget the relatives.So,please arrange to serve actually.We will definitely come and taste.

  • tell U later

    December 15, 2010 at 6:43 pm

    ကောင်းပါတယ် ကြက်သွန်နီဥလေးတွေထည့်ပေးရင် ပိုကောင်းမယ် ထင်တယ်နော် အိမ်မှာပြုတ်ရင်ကြက်သွန်နီဥလေးတွေထည့်ဖြစ်လို့ပါ
    ဆန်ပြုတ်ကလူမမာစာ မဟုတ်ပါဘူး သံဃာတွေအတွက်ဆိုရင်လဲ
    အာရုဏ်ဆွမ်းကို ဆန်ပြုတ်ကပ်ကောင်းပါတယ် ရာဂုလို့လဲ ခေါ်ပါတယ် ဆန်ပြုတ်အကျိုးကျေးဇူး ၅မျိုးရှိတယ် အကုန်တော့ မမှတ်မိတော့ဘူး အစာကြေတယ် လေသက်တယ် အဲဒါပဲသိတော့တယ် ဘုန်းကြီးတွေတော့သိလိမ့်မယ်

    • kai

      December 15, 2010 at 7:05 pm

      ယူအက်စ်မှာတော့ ကြက်သွန်ဥလေးတွေက .. ဈေးကြီးပြီးရှားတယ်..။
      လူကြီးလက်သီဆုပ်လောက် အလုံးအရွယ်မှ ..ပေါတာ..။

  • MaMa

    December 16, 2010 at 1:35 am

    ဆန်ပြုတ်ရဲ့အကျိုးကျေးဇူးတွေက အစာကြေတယ်၊ လေသက်တယ်၊ အားဖြစ်တယ်၊ နှုတ်မြိန်တယ်၊ ခံတွင်းလိုက်တယ် လို့ ကြားဖူးတာဘဲ။ ကြက်သွန်တော့ တစ်ခါမှ ထည့်မစားဖူးဘူး။ ဒီတစ်ခါကျမှ ထည့်စားကြည့်ပါ့မယ်။ အားလုံးဘဲ comment တွေအတွက်ကျေးဇူးပါ။

Leave a Reply