အချို့သော သူများသည် ဗေဒင်၊ နက္ခတ်၊ ယတြာ၊ မန္တရား၊ အင်းအိုင်၊ လက်ဖွဲ့၊ လက်လှည့်စသည် အထင်သေး ရှုတ်ချချင်ကြသည်။ ထိုထိုပညာရပ်တို့ အင်မတန် နက်နဲ နူးညံ့ သိမ်မွေသည့် ပညာရပ်များဖြစ်သည်။ သို့သော် ထိုပညာရပ်တို့ လောကီအရာ ဖြစ်သောကြောင့် လောကုတ္တရာအရာနှင့် မသက်ဆိုင်ပါ။ လောကီပညာရှင် ကျင်လည်ကျက်စားရ ပညာရပ်သာ ဖြစ်သည်ကို ဘာသာရေးသမားများနှင့်၊ ဘာသာရေး စိတ်ဝင်စားသူတို့ သိသင့်ပါသည်။

အကျွန်ုပ်သည် ထိုထိုလောကီရပ်များကို မဟာဘုတ်တိုင်ထူနည်းမှလွဲ၍ မဖတ်ဖူး၊ မလေ့လာဖူး၊ မကျင်ဖူးပါ။ လောကုတ္တအရာ၌ အခြေခံလောက်သာ သိပါသည်။ ထိုသို့ မဖတ်ဖူး၊ မလေ့လာဖူး၊ မကျင်လည်း ဖူးသည့်အတွက်၊ မတတ်ကျွမ်းသည့်အတွက် ထိုထိုပညာရပ်တို့သည် အလသမျိုးဖြစ်သည်၊ အချီးနှီးဖြစ်သည်၊ အသုံးမဝင်၊ အလိမ်အညာများဟု အကျွပ်နု မထင်မှတ်သလို ယူလည်း မယူမဆပါ။

မိမိကိုယ်တိုင် လေ့လာလိုက်လား၊ အကျင်လည်ဖူးဘဲ တရားမဲ့၊ အထောက်အထားမရှိ၊ အကျိုးအကြောင်းမိပါပဲ နှိမ့်ချ၊ ပြောဆို၊ ရေးသားခြင်း မပြုကြဖို့ ဆန္ဒပြုပါသည်။ မိမိတို့ကိုယ်တိုင် လေ့လာ၊ ကျင်လည်၍ အကျိုးအကြောင်ကို မြင်သိကာ ပညာရှိသည်ဟု ယူဆလျှင် ဝေဘန်နိုင်သည်၊ ထောက်ပြနိုင်ပါသည်။ ပညာရပ်တိုင်းသည် အကြောင်းမဲ့ ဖြစ်ပေါ်လာကြခြင်း မဟုတ်သည်ကို ဆင်ခြင်ကြဖို့လိုသည်။ ရှေးပညာရှိ ကဝိတို့က အမျိုးမျိုးကြံဆကာ ဖြစ်နိုင်ရာသည်၊ သင့်မြတ်နိုင်သည် စသဖြင့် အဖန်ဖန် လေ့လာ၊ မှတ်သားကား၊ ဉာဏ်ကစား၍ လောကနှင့် လူသား အကောင်းကျိုးတို့အတွက် ပေါ်ထွက်လာခြင်းဖြစ်သည်ဟု ယူဆမိသည်။

ဗုဒ္ဓ ဟောကြားခဲ့သည့် အနှစ်တရားမှာ နိဗ္ဗာန်သာဖြစ်သည်။ ထိုနိဗ္ဗာန်ကို သွားရန်အတွက် မဂ္ဂင်ယာဉ်ကြီးကို ဖွဲ့စည်းကား ထိုသို့ ပြုမှုကျင့်ကြံကာ ရိက္ခာပြည့်ဝစွာဖြင့် သွားကြရမည်ဟု လမ်းညွန်ခဲ့သည်။ ပေးကမ်းစွန့်ကြံခြင်း ဒါနကုသိုလ်တခုတည်းဖြင့် နိဗ္ဗာန်မရောက်နိုင်၊ စောက်ထိန်းခြင်း သီလကုသိုလ်ကို ပြုလုပ်ရပေမည်၊ တဖန်ကို ကျင့်သုံးခြင်း (ဆင်ခြင်ပွားများ) ဘာဝနာတရားဖြင့် ပြုမှာသာ တဆင့်တဆင့် မြင့်သထက်မြင့်ကာ ဦးတည်ရာ နိဗ္ဗာန်ကို ရောက်နိုင်မည်ဖြစ်သည်။

ကုသိုလ်ဟူသည်မှာ အချိန်အခါမရွေး၊ နေရာမရွေး၊ ပုဂ္ဂိုလ်မရွေး ပြုလုပ်နိုင်ပါသည်၊ ပြုလုပ်ကြရမည်။ မည်သည့် အကြောင်းမျိုးကြောင့်ဖြစ်စေ အကုသိုလ် အဖြစ်မခံဖို့ လိုအပ်ပါသည်။ ကုသိုလ်လုပ်ရာတွင် ပြဿဒါး၊ ရက်ရာဇာ ဟူ ခွဲခြားထားခြင်း မရှိပါ။ ဗေဒင်ပညာတို့၌လည်း ထို ပြဿဒါး၊ ရက်ရာဇာတို့တွင် ကုသိုလ်မလုပ်ရဟု တားမြစ်ခြင်း မရှိပေ။ တားမြစ်ခြင်း ရှိသည်က ထိုနေ့ ထိုရက်တို့ အကုသိုလ် အမှုများကို မပြုလုပ်ရဟုသာ ရှိသည်။

ဗေဒစသည့် ပညာရပ်တို့၏အား အကျွန်ုပ်၏ အမြင်ကို တင်ပြလိုပါသည်။ အစဉ်သဖြင့် ရေအလျဉ်ကဲ့သို့ အစုန်သာရှိကြသည့် လူသားတို့သည်လည်း ထိုရေလျဉ် ဥပမာအတိုင်း အကုသိုလ်အမှုတို့၌သာ မွေ့လျော်နေတတ်ကြသည်။ အကုသိုလ်အားလုံးကို တခုမှ မပြုလုပ်ရဟု တချက်လွှတ်အာဏာဖြင့် တားဆီးခြင်းထက် “လုပ်တော့လုပ်ပါ၊ ထိုနေ့ ထိုရက်တို့တွင်တော့ မလုပ်ကြပါနဲ့၊ ဒီနေ့ ရက်ဇာရာ၊ (သို့) ပြဿဒါးဖြစ်တယ်၊ တကယ်လို့ လုပ်မိရင် လုပ်မိသူတို့ အန္တရာကြီးသထက်ကြီးလိမ့်မယ်” စသဖြင့် ခြောက်၍ တဖုံ မြောက်၍ တမျိုး အကုသိုလ်တရားတို့ကို မလုပ်မိအောင် ကြံဆောင် စီစဉ်ထားခြင်းသာဖြစ်သည်ဟု ထင်မြင်မိသည်။

မွေးနေ့ သောကြာ၊ တနင်္လာ၊ ကေသာ ဆံဖြတ် မပြုအပ်။ ထိုလင်္ကာတွင် သောကြာ၊ တနင်္လာတော့ ဘယ်အကြောင်းမျိုး ဖြစ်လိမ့်မည်ဟု မပြောတတ်သော်လည်း မွေးနေ့ ဟူသည် စကားလုံးကို ဆင်ခြင်ကြည့်လျှင် မိမိ၏ မွေးနေ့သည် နေ့များထဲတွင် မြင့်မြတ်သည့် နေ့တနေ့ဖြစ်သည်ဟု လူသားတရပ်လုံး ခံယူထားကြသည်။ ထိုသို့ မြင့်မြတ်သည့်နေ့တွင် ထိုထို ပုဂ္ဂလိက အမှုတို့၌ ရှုပ်များနှင့် အချိန်မကုန်စေပဲ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ရန် ရည်သန်ခြင်း ဖြစ်လိမ့်မည်ဟု ထင်မိသည်။

ထိုသို့ နက္ခတ်ကြည့်ခြင်းကို သုံးသပ်သည့်အခါ နက္ခတ်သည် နာရီ၊ စက္ကန့်၊ မီနစ်သဖြင့် အချိန်များနှင့် နေရာတို့ ကြည့်ရှုကာ ကြိုတင်သုံးသပ်သည့် အရာဖြစ်ပေမည်။ အကျွနုပ်တို့ နိုင်ငံတွင် တံငါသည်များသည် ငါးဖမ်းရန် ပင်လယ်သို့မထွက်ခင် ကြိုတင် စိတ်ဖြင့် ခန့်မှန်းတွက် ချက်ကြကာ လှိုင်းကြီးနိုင်၊ မကြီးနိုင်၊ မုန်တိုင်းမိ၊ မမိနိုင် ရာသီဥတု ကောင်း၊ မကောင်း၊ ငါး ရ၊ မရ  တွက်ဆ၍ လှေအကြီးအငယ်တို့ ထွက်ကြသည်နှင့် တူတော့သည်။ တံငါသည်များ ခန့်မှန်းချက်မှာ ၇၀ ရာခိုင်နှုန်းကျော် မှန်ကန်ကြသည်။ နက္ခတ်သည်လည်း ကြယ်၊ လ၊ တိမ်၊ ကောင်းကံယံသို့ကြည့် ထိုမျှမကသော ကြီးကျယ်လှသည့် အတွက်အဆများနှင့် ခန့်မှန်းရသည့် ပညာတခုပင်ဖြစ်သည်။

ထိုကြောင့် တရားလက်လွတ် မပြောသင့်၊ မရေးသင့်ပါ။ ထိုသို့သင် လောကီနှင့်၊ လောကုတ္တရာကိုလည်း ကွဲပြား ခြားနားစွာ သိဖို့ လိုအပ်သည်။ တရားလက်လွတ် ပြောဆို ရေးသားလိုက်ခြင်းဖြင့် ထိုထိုပညာရပ်တို့ ဖော်ထုတ်ခဲ့ ပညာရှိတို့ကို စော်ကားရာ ရောက်ပေလိမ့်မည်၊ ထိုပညာရှိကြီးသည် သီလ၊ သမာဓိ၊ ပညာနှင့် ပြည့်စုံသည့် သူတော်ကောင်းများ ဖြစ်လျှင် ပို၍ပင် အပြစ်ကြီးမားလိမ့်မည် ဖြစ်သည်။

ကုသိုလ်အပြုရဟု ထိုထိုပညာရပ်များမှ တားဆီးပိတ်ပင်ခြင်း အလျဉ်းမျှ မရှိပါ။ အကုသိုလ်အမှုတို့ကိုသာ မပြုသင့်ကြောင်း ပြဆိုထားလျက် ရှိပါသည်။ ကြီးကျယ်မြင့်မား၊ ဆန်းကြယ်ခန်းနားလှသည့် လောကီပညာရပ်ကြီးများ ဖြစ်သည်။ ပညာမပြည့်ဝ၊ ကျန၊ သေချာစွာ မသိပဲ၊ မလေ့လာပဲ ချောက်စား၊ ဟောက်စား၊ မြှောက်စားများကြောင့် ထိုပညာရပ်တို့၏ ညှိုးနွမ်းရခြင်းသည်။ ထိုသို့ ခြောက်စား၊ ဟောက်စား၊ မြှောက်စား လုပ်စား မသူတော်များကိုသာ အဖြစ်ဖို့ ရပေလိမ့်မည်။

နွေလင်းဦး

About nwelinoo

has written 2 post in this Website..