ရန်ကင်း အထက(၂) က ကျောင်းအုပ်ကြီး ဓါးပြတိုက်ပြီဗျ ။

mGDecember 13, 20101min12611

Monday, 13 December 2010 11:13 administrator

ရန်ကင်းမြို့နယ်၊ ရန်ကင်း အထက (၂) က ကျောင်းအုပ်ကြီးက နေရာပြောင်းရွေ့ရမည့် ဖြစ်တဲ့အတွက်ကြောင့် သူငယ်တန်းမှ ၁ဝ တန်းအထိ ကျောင်းသားများထံမှ တစ်ယောက်လျှင် ၅၀၀ဝ ကျပ်အလှူငွေကောက်ခံပါတယ်..ဆရာ/ဆရာမ များထံမှလည်း တစ်ဦးလျှင် ၁၀၀၀ဝ ကျပ်ကောက်ခံတယ်လို့ သိရပါတယ်..မပေးမနေရ ပေးရမယ်လို့ အတန်းပိုင်ဆရာတွေကလည်း ကျောင်းသားတွေကို ချိန်းခြောက် ပြီးကောက်ခံတယ်လို့ သိရပါတယ်..မပေးနိုင်တဲ့ ကျောင်းသားလေးတွေက ကျောင်းမတက်ဘဲ ကျောင်းပုန်းနေပါကြောင်း ..ကျောင်းသားမိဘ တစ်ဦးက ပြောပြပါတယ်.. ဒါဟာ နေ့ ခင်းကြီး ဓါးပြတိုက်တာလို့ လည်း ပြောပြသွားပါတယ်..

ဗမာ့ခေတ်

ရွှေမန်း Media မှကူးယူတင်ပြထားပါသည်။မြန်မာနိုင်ငံ၏ သတင်းတွေဟာ အခြေအနေ ပိုဆိုးသည်ထပ် ပိုဆိုးလာသည်ကို ပြည်တွေ နဲ့ ဒီမိုကရေစီခေါင်းဆောင်တွေ ပေါင်းပြီးတော့
တားစီးပေးနိုင်ရန် ရည်ရွယ်ပါသည်။

11 comments

  • Hello Everyone

    December 13, 2010 at 11:36 pm

    ဆိုးပ ၊ သို့ သော်သူ ကမှ ကျောင်းနေရာပြောင်း ဖို့ဆို ပြီး ရည်ရွယ် ချက် ရှိသေးတယ်။ ကျုပ် တို့ ကျောင်းဆို ( ဟိုတုန်းကပေါ့) ကွန်ပျူတာ ခန်း လုပ် ဖို့ ဆို ပြီး တစ်ရောက် ငါးရာ ကောက် ၊ ဘာဖြစ် လာ လဲဆိုတော့ ကျောင်းမှာ တော့ ဘာ မှ ဖြစ် မလာ ဘူး။ ကျောင်းအုပ် ကြီး သား တွေတော့ ရောက် သွားတာပဲ …. သူကိုယ် တိုင် ကတော့ ။ အဲ စာ သိပ် မတက်တဲ့ သူသမီး က တော့ မြောက်ဥက္ကလာ ၊မေဒါဝီ လမ်း မှာ ”မော်” ဆိုပြီး ဆိုင် တဆိုင်ဖြစ် သွား လေရဲ့။မြောက်ဥက္ကလာ ကလူတွေ တော့သိ ကြမှာ ပါ။

  • Hello Everyone

    December 13, 2010 at 11:44 pm

    ဆိုးပ ၊ သို့ သော်သူ ကမှ ကျောင်းနေရာပြောင်း ဖို့ဆို ပြီး ရည်ရွယ် ချက် ရှိသေးတယ်။ ကျုပ် တို့ ကျောင်းဆို ( ဟိုတုန်းကပေါ့) ကွန်ပျူတာ ခန်း လုပ် ဖို့ ဆို ပြီး တစ်ရောက် ငါးရာ ကောက် ၊ ဘာဖြစ် လာ လဲဆိုတော့ ကျောင်းမှာ တော့ ဘာ မှ ဖြစ် မလာ ဘူး။ ကျောင်းအုပ် ကြီး သား တွေတော့England ရောက် သွားတာပဲ …. သူကိုယ် တိုင် ကတော့ တိုက်နဲ့ ဖြစ်။ အဲ စာ သိပ် မတက်တဲ့ သူသမီး က တော့ မြောက်ဥက္ကလာ ၊မေဒါဝီ လမ်း မှာ ”မော်” ဆိုပြီး ဆိုင် တဆိုင်ဖြစ် သွား လေရဲ့။မြောက်ဥက္ကလာ ကလူတွေ တော့သိ ကြမှာ ပါ။

  • maungmoenyo

    December 14, 2010 at 1:13 am

    “ဧ…ဒမြ”ခေတ်ထ တာကြာပါပကောလား…
    မောင်မိုးညိုကတော့…ကျောင်းကြီးကကျောင်းအုပ်နဲ့ဆရာဆရာမတွေကိုဒီလိုနံမယ်ပေးထားပါတယ်…
    “ဗိုလ်ချုပ်မျှော်”လို့..
    တနေ့တနေ့သူတို့ခေါင်းထဲမှာရှိတာကလေးတွေစာသင်ဖို့ထက်…ရောက်လာမစဲတဲ့ဗိုလ်ချုပ်တွေကိုဖား၇၊ ခစား၇၊ ရပ်တောင်ခပ်ပေး၇၊ လက်ဆောင်ပဏာပေးရ နဲ့ဘဲအလုပ်ရှုပ်နေလို့ပါ။ (စာသင်ဘို့ကိစ္စကအိမ်ရောက်မှဝိုင်းကျူရှင်မှာဇာတ်လမ်းစဘို့လိုတာဆိုတော့၊ စာသင်ကျောင်းကဟန်ပြသက်သက်မှတပါး…တခြားမရှိပါ။)
    ရာထူးတိုးမြှင့်၇ရှိရေး၊ နေရင်းအလုပ်ကောင်းရင်လဲရာထူးတည်မြဲရေး၊ စတာတွေဘဲခေါင်းထဲရှိလို့ပါ..။
    ဘာတဲ့…တခေတ်ထလိုက်ပါသေးတယ်…”တပည့်မရှား၊ တပြားမရှိ၊ ပီတိကိုစား၊ အားရှိပါ၏”..တဲ့။ တော်တော်ပေါက်ပေါက်ရှာရှာလဲနိုင်ကြပေသကိုး…။

  • BM

    December 14, 2010 at 3:02 am

    ဓါးပြဗိုလ်သင်တန်းဆင်းပွဲမှာ ပညာရေးကဏ္ဍအတွက် တပ်မတော်က ဘယ်လောက်ထိလုပ်ပေးခဲ့တာပြောသွားတာကိုး….
    တပ်မတော်ကလုပ်လို့ ကျောင်းသားတွေ အကျင်္မီမဝတ်နိုင်။
    အခုလို ဆရာတွေထပ်လုပ်တော့ ကျောင်းသားတွေ ကိုယ်တုန်းလုံးဖြစ်ရော……
    ဖောင်ကြီးဆရာဆရာမ အထူမွမ်းမံသင်တန်းမှာ ဖားနည်း ဖိနည်း ခိုးနည်း ကိုက်နည်း မျိုးစုံသင်ပေးခဲ့တယ်လေ….

  • BM

    December 14, 2010 at 3:03 am

    ဒါနဲ့ အခုပေးရတဲ့ ဆရာ ဆရာမတွေလည်း မကျေနပ်ပေမယ့်……
    သူတို့အလှည့်ကျရင် ဒီအတွက် အတိုးနဲ့ ပြန်တိုက်ဖို့ အံ့ခဲထားကြလေရဲ့….

  • char too lan

    December 14, 2010 at 3:50 am

    ဖခင်ဘုရင်ကြီးမှ မကြားလိုပါ~~ မကြားလိုပါ~~
    အောင်မလေးလေးနော်~~~~ကြားရတဲ့အချက် ဘယ်စနက်ကြောင့်ပါလိမ့် !!! 🙁

  • နွယ်ပင်

    December 14, 2010 at 4:10 am

    အခုတစ်လောကျောင်းတိုင်းက ဆရာကြီးတွေ ဓားမြတိုက်နေတာ ခေတ်စားနေတယ်ထင်တယ် . အိမ်မှာလဲ တူမလေး ကျောင်းက ကျောင်းအုပ်ဆရာကြီးက ကျောင်းရေသန့်လုပ်ဖို့ တစ်ယောက်ကို 2500 မထည့်မနေရတဲ့ .ကလေးက သူ့အမေကို ပိုက်ဆံအတင်းတောင်းနေလေရဲ့ ပိုက်ဆံပါမလာရင် ဆရာမက အတန်းထဲ ပေးမ0င်ဘူးလို့ပြောတယ်ဆိုပဲ …

  • Cuper

    December 14, 2010 at 7:18 am

    မိုက်တယ်ဟ စမ်းကြည့်မှထင်တယ်

  • fatty

    December 14, 2010 at 10:05 am

    အထက ( ၂ ) လမ်းမတော် ကျောင်းအုပ်ကြိးကတော့ ပင်စင်သွားတော့ျမှာမို့ ကျောင်းသားသစ် တဦး တခြားကပြောင်းလာရင် ၁၀၀၀၀ဝ ကျပ်ပေးရပါတယ်။ ကျနော့သားလဲပေးလိုက်ရတယ် ..။ နောက်ပြီး
    ညောင်ပင်လေးဈေးဝိုင်းဆိုတာရျိသေးတယ် တောင်ကြီးဘက်က ကျောင်းသားတွေ စုနေတာများတယ်
    တဝိုင်းလုံးကို လက်ခံပြီး section တခုသပ်သပ် ပေးထားတယ် ..။ တိုက်ခန်းတော့ ဝယ်ပြီးပြီတဲ့ …။
    သူတို့လခနဲ့လဲ ပင်စင်သာသွားရော ဘာမှအဖတ်မတင်တော့ … ဘယ်သူ့ကိုအပြစ်တင်ရပါ့မလဲ ….။

  • naywoonni

    December 14, 2010 at 12:35 pm

    အင်း ခက်ချေပြီ
    ရမည်းသင်း နည်းပညာမှာ လည်း ကျောင်းဖွင့်ချိန် ကျောင်းစအပ်တဲ့ အချိန်မှာ အလှူခံပုံးထောင်ပြီး
    အလှူခံနေတယ်လို့ ကျောင်းသားတွေပြောနေသံကြားလိုက်ရတယ် ဘာအတွက်လဲမေးကြည့်တော့ မသိဘူးတဲ့လေ

  • unclegyi1974

    December 14, 2010 at 3:00 pm

    သိပ်မပြောကြပါနဲ့ဗျာ
    ကျွန်တော်တို့ဘယ်နာမည်အပျက်ခံချင်ပါ့မလဲ
    အကုန်အကျတွေကများတယ်လေ

Leave a Reply