Evolution of မြန်မာ- သီအိုရီသစ်

BMDecember 14, 20101min1806

(Burma Strange News အထူးသီအိုရီ)
————————————————–

Equation ၁။ လူသားအစ မြန်မာက (ပရိုင်းမိတ် သီအိုရီ)
ထို့ကြောင့်၊
လူသည် မြန်မာ က ဆင်းသက်သည်။ (Theory Interpretation)

Equation ၂။ လူသည် မျောက် က ဆင်းသက်သည် (ဒါဝင် သီအိုရီ)

Equation ၁ နှင့် ၂ အရ
မြန်မာ = မျောက် (သီအိုရီသစ်- ၁၊ အသစ်တွေ့ရှိချက်)

သက်သေပြချက် (မြန်မာ ဆင်းသက်ပုံ)
မျောက်မ > မျောက်မာ
မျောက်မာ > မျက်မာ
မျက်မာ > မျင့်မာ
မျင့်မာ > မျန့်မာ
မျန့်မာ > မျန်မာ
မျန်မာ > မြန်မာ

ထို့ကြောင့်၊
Equation ၃။ မြန်မာ သည် မျောက်က ဆင်းသက်သည်။ (သီအိုရီသစ်- ၂၊
အသစ် တွေ့ရှိချက်)
(အပေါ်က Equation ၂။ လူ သည် မျောက် ဆင်းသက်သည်။)

Equation ၃ နှင့် ၂ အရ၊
လူ = မြန်မာ (alternative သီအိုရီ) —– (Equation ၄)
ထို့ကြောင့် မြန်မာသည် လူဖြစ်သည်။

တစ်ဖန်၊
Equation ၂။ လူ သည် မျောက်က ဆင်းသက်သည်
Equation ၄ (လူ = မြန်မာ) ကို Equation ၂ တွင် အစားသွင်းသော်
မြန်မာ သည် မျောက်က ဆင်းသက်သည်။ (သီအိုရီသစ်- ၂၊ အသစ်တွေ့ရှိချက်အား ထပ်မံ သက်သေပြချက်)

(မှတ်ချက်။ ။ ဤ ဆင့်ပွားသီအိုရီသစ် နှင့် မနုဿဗေဒ Equation သစ်
©(BS News’ Derived Evolution Theory) သည် Burma Strange News Team သင်္ချာ၊ သိပ္ပံ၊ ယဉ်ကျေးမှုနှင့် သီအိုရီ သုတေသန အဖွဲ့ (BS News Research Group) မှ ရှာဖွေတွေ့ရှိထားခြင်း ဖြစ်ပြီး UNESCO တွင် ယဉ်ကျေးမှု သုတေသန သီအိုရီ မူပိုင်ခွင့် တင်သွင်းထားပြီး ဖြစ်ပါကြောင်း။)
ရွာသူရွာသားအားလုံး မိမိတို့ဇာစ်မြစ်သိကြဖို့အတွက် မျှဝေလိုက်ပါသည်။

6 comments

  • bigcat

    December 14, 2010 at 4:56 am

    ဘီအမ်ရေ မြန်မာတွေ မျောက်ကဆင်းသလား ဂေါ်ဇီလာက ဆင်းသလားတော့မသိဘူး။ သိတာကတော့ ဂူဂဲအင်းမေ့ချ်ဆိုက်ကနေ ကျနော်ခိုးပြီး etiquette ဆိုတဲ့ပို့စ်မှာ သုံးထားတဲ့ပုံကို မူလခိုးသူ၏ ခွင့်ပြုချက်မရဘဲ အနည်းငယ်ပြင်ဆင်မွမ်းမံပြီး ဒီပို့စ်မှာ သုံးထားခြင်းပါ။ အမှန်တကယ်ပိုင်ဆိုင်သူ ပုံပိုင်ရှင်အစား ရှေးဦးစွာခိုးယူသူမှ ကန့်ကွက်ပါသည်။ 😀

  • BM

    December 14, 2010 at 6:10 am

    ကိုကြောင်ကြီးခင်ဗျာ အဝှါက အဝှါဖြစ်ရင် အဝှါလုပ်မလို့ အဝှါလုပ်ထားတာကို ကျနော်က အဝှါပြုစေချင်လို့ အဝှါပြုလိုက်တာမို့ အမှန်တကယ်ပိုင်ဆိုင်သူ ပုံပိုင်ရှင်အစား ရှေးဦးစွာခိုးယူသူမှ ကန့်ကွက်တာကို ဦးထုတ်ဆောင်းထားတဲ့ ဝက်ချိုနဲ့ ပက်ချေလိုက်ရပါသည်။

  • kohtet

    December 14, 2010 at 8:00 am

    ထားပါတော့…လူဆိုတာမျောက်ကဆင်းသက်တယ်ဆို..
    ဒါဆိုအခုမျောက်တွေကဘာလို့လူမဖြစ်တော့တာလဲဗျ…ရှင်းစေလို

    • kai

      December 14, 2010 at 10:09 am

      ရယ်စရာပြောမလို့ပါ..။
      တကယ်က… အီဗေါ်လူးရှင်းသဘောအရ … အလွန်ကိုဖြည်းဖြည်းချင်းပြောင်းနေလို့ မသိသာတာပါတဲ့..။
      ဆိုတော့..
      တချို ့စိတ်ပုပ်တဲ့..ရုပ်ဆိုးတဲ့သူတွေက… မျောက်ကနေလူပြောင်းနေတာ… သက်တန်းနည်းနည်းလိုသေးလို့..။
      တချို ့ကတော့ .. လူနဲ့နည်းနည်းပိုတူကြတာမို ့..သူတို့က… လူဖြစ်လုဖြစ်ခင်ပေါ့..။
      ရုပ်ရည်သန့်ပြန့်သူတွေကတော့ လူလုံးလုံးဖြစ်နေသူတွေပေါ့ဗျာ..။

      အဲဒီလိုနဲ့..လူတွေအမျိုးအစားကွဲသွားတာဖြစ်ပါတယ်..။
      မျောက်တွေက ..မျောက်တွေအတိုင်းလည်း မနေနေပါဘူး..။ ဖြည်းဖြည်းချင်းပြောင်းနေမှာပါပဲ..။
      နောင် မျောက်မျိုးဆက် ၁၀ဝလောက်ဆို ..လူဖြစ်ချင်ဖြစ်နေကြမှာလေ..။:)

  • naywoonni

    December 14, 2010 at 10:51 am

    ဟုတ်တော့ဟုတ်နေပြီ
    တစ်ချို့မျက်နှာပေါက်တွေက မျောက်မျက်နှာအမွှေးရိတ်ထားသလိုပဲ တော်တော်တူတယ် မျောက်နဲ့

    • meelay

      December 14, 2010 at 11:07 am

      ကိုနေဝန်းနီ ပြောတာ မယုံရင် ဘကြီးပု တင်ထားတဲ့ ပုံကို ကြည့်နိုင်ပါ၏ …. 😛

Leave a Reply