အဝေးရောက်မိတ်ဆွေများအတွက် …အမှတ်တရ ( kamayuat )

fattyDecember 14, 20101min12216

တခါတုန်းက ပင်မ တက္ကသိုလ်ကြီး စည်ကားချိန်မှာ ကျောင်းသား ကျောင်းသူတွေ နဲ့လှည်းတန်း ကမာရွတ် ဆိုတာ
အရမ်းကိုစီကားတဲ့နေရာလေးပါ ဦးချစ်လဘက်ရည်ဆိုင်ကလည်း ဆိုင်ခွဲရှိတယ်လေ ….။
လဘက်ရည်ဆိုင်ကနေ ထိုင်ပြီး ဖြတ်သွားဖြတ်လာ ကျောင်းသူလေးတွေကို ငေးခဲ့ရတာနှစ်ပေါင်းများစွာပါ ..။
အခုတော့ရောက်တုန်း အမှတ်တရ လှည်းတန်းမြင်ကွင်း လေးတွေ … ကြုံရိုက်ရိုက်ရတာမို့ သိပ်တော့မကောင်းဘူးပေါ့ ….။

ဓါတ်ပုံတွေ တင်လို့မရပါလား ….။ နောက်တခါမှကြိုးစားကြည့်အုံးမယ် ..။ internet ဆိုင်တွေကိုလဲ pressure ပေးထားတယ်လို့ ထင်ပါတယ်။
နားလည် သူများကြိုးစားကြည့်ကြပါအုံး …..။

16 comments

  • moethidasoe

    December 14, 2010 at 7:53 am

    ကိုင်ဇာရဲ့ သီချင်းမှာ ပါတဲ့ ဦးချစ်လက်ဖက်ရည် ၊ နောက် လှည်းကလေးနဲ့ ဒိန်ချဉ် ၊ ဝင်းဆံသ ၊ လှည်းတန်းဈေး ၊ အားလုံး သတိရစရာတွေပါ .. ကိုဖက် ဓါတ်ပုံပြမှ ပြန်လွမ်းကြည့်မယ် ၊ အခုတော့ ဓါတ်ပုံ မတွေ့ရတော့ ..
    ခြောက်နာရီတောင် ထိုးပြီးပါပေါ့လေ ..

  • kai

    December 14, 2010 at 8:27 am

    သစ်ပုတ်ပင်ကြီးချန်ထားခဲ့တယ်ပေါ့..။
    လွမ်းစရာမရှိကြဖူးနဲ့တူတယ်..။

  • etone

    December 14, 2010 at 9:38 am

    etone လည်း ကိုဖက်တီးအရွယ်ရောက်သွားရင် ကျောင်းတက်တုံးက တော်ဝင်လမ်းမကြီးအကြောင်းရေးမယ် အဟဲ… 😀 တော်ဝင်လမ်းဆိုတာ တော်တော်လေး လမ်းလျှောက်ဝင်ရလို့ပါ … 😀 နေပူကျဲကျဲ ထီးမပါလို့ကတော့ လမ်းလျှောက်ရင်း ငါးခြောက်… အဲ လူခြောက်ဖြစ်ပြီသာမှတ် … ကားမှတ်တိုင် 4 မှတ်တိုင်စာလောက်ကို အရိပ်ရသစ်ပင် တစ်ပင်ပဲရှိပါတယ် ။ ကွန်ပျူတာ တက္ကသိုလ်ရောက်ဖူးတဲ့လူတိုင်း etone ပြောတဲ့ တော်ဝင်လမ်း ကြီး အကြောင်းသိမှာပါ ။

  • fatty

    December 14, 2010 at 9:52 am

    သစ်ပုတ်ပင် အကြောင်းပြောရရင် လွမ်းတာအပြင်ဆွေးတာပါ ပါလိမ့်မယ်ထင်တယ် … အပင်ကြီးလဲဆွေးတောင်ဆွေးပြီ
    လားမသိဘူး …။ ဘွဲ့နှင်းသဘင်ခန်းမကြီးရယ် သိပ္ပံဆောင်ဘက်လာတဲ့ ထင်းရှုးပင်တန်းနဲ့ လမ်းလေးရယ် … canteen
    တွေရယ် တက္ကသိုလ်စာကြည့်တိုက်ကြီးရယ် ဓါတ်ပုံရိုက်ချင်ရင်တော့ အထက်ဘုံ စာတင်ရမယ်ထင်တယ် ….
    ဘာဖြစ်ဖြစ်လေ …ကျုပ်ကတော့လုပ်ချင်ရင် မဖြစ်ဖြစ်အောင် လုပ်အုံးမှာ ….။

  • naywoonni

    December 14, 2010 at 2:20 pm

    အင်းလျားကန် တို့ ဘူးသီးကြော်ဆိုင်တို့မပါတော့ဘူးလား
    ကျွန်တော်ကမန္တလေးတက္ကသိုလ်နေရတော့ တက္ကသိုလ် အကြောင်းပြောရင် မိန်းအဆောက်အဦးပေါ်ကို ခုန်ဖိနပ်နဲ့ တက်ခဲ့တာသတိရတယ်ဗျာ ပါချုပ်ကတောင်မှ “သားမှာ ဖိနပ် မရှိရင် ဝယ်ဖို့ ပိုက်ဆံလိုက်ယူ” ဆိုပြီး ရုံးခန်းခေါ်သွားတာ အားနာတာနဲ့(ကြောက်တာလည်းပါတာပေါ့)လိုက်မယူဖြစ်ပါဘူး သူလည်းနောက်နှစ်ကျတော့ ဝန်ကြီးတက်ဖြစ်ပြီး ကံမကောင်းပါဘူး ဘယ်ရောက်သွားလဲတောင်မသိတော့ဘူး

  • fatty

    December 14, 2010 at 4:46 pm

    အချစ်ဟောင်းလေး သတိရနေတာနဲ့ … အင်းယားနဲ့ ဘူးသီးကြော်ဆိုင်မေ့သွားတယ်
    လမ်းဖြတ်ကူးတာတောင် ကားတိုက်တော့မလို့ … စိတ်က အတိတ်ပြန်ရောက်သွားတာလေ … ဟဲဟဲ
    နောက်တခါ ထပ်ကြိုးစားပါအုံးမယ် …
    အဓိကက .. ပြည်ပမှာနေကြတဲ့ ဘော်ဒါတွေ ( ကျနော်တို့ခေတ်က အခေါ် ) အတွက်ပါ …။
    ရွှင်လန်းကြပါစေ အားလုံး ….။

  • moethidasoe

    December 15, 2010 at 5:22 am

    ဖိုးချိုရဲ့ မာလာဆောင်နဲ့ ပတ်သက်တဲ့ ပုံပြင်တို့ .. ကျောပေါက်ကြီးတို့လဲ လိုသေးတယ် .. ဂျပ်ဆင် လဲ ပါရဦးမယ် .. ဒါထက် မသိခဲ့လို့ မေးကြည့်ရဦးမယ် .. ဘွဲ့နှင်းသဘင်ရှေ့က ခြင်္သေ့က အထီးလား အမလား ..

    • ဆူး

      December 15, 2010 at 6:10 am

      မြန်မာ ခြင်္သေ့ စစ်စစ် မှန်ရင် ခြင်္သေ့ နှစ်ကောင်လုံးက အထီးတွေကြီးဘဲ..
      တရုတ်ခြင်္သေ့မှ အထီး တကောင် အမ တကောင် အထီးလက်အောက်က ဘောလုံး အမ လက်အောက်က အကောင်ပေါက်ကလေး

  • saunghnin@gmail.com

    December 15, 2010 at 5:45 am

    တစ်ခါတုန်းကတက္ကသိုလ်ဆိုတာမမေ့နိုင်စရာပါ။အမှတ်ရစရာတွေအများကြီးနဲ့….ပျော်ဖို့ကောင်းပါတယ်…..

  • weiwei

    December 15, 2010 at 5:50 am

    တက္ကသိုလ်တက်တုန်းကတော့ လှည်းတန်းမှတ်တိုင်ကို စိတ်နာခဲ့ဖူးတယ် … မြို့ထဲကနေ လှည်းတန်းမှတ်တိုင်အထိ ၁ ကျပ်၊ အဲဒီကကျော်ရင် ၂ ကျပ်တဲ့ … မာလာဆောင်ကိုပြန်ဖို့ လှည်းတန်းကဆင်းပြီး လမ်းလျှောက်ရတယ် … မြို့ထဲသွားချင်ရင်လဲ လှည်းတန်းအထိ လမ်းလျှောက်လာပြီးမှ ကားစီးရတယ် … အဲဒီတုန်းက ၁ ကျပ်က တန်ဖိုးရှိတယ် …

  • bigcat

    December 15, 2010 at 6:16 am

    ဟေး.. လိင်တူဆက်ဆံမှုအစ ဒို့မြန်မာခြင်္သေ့တွေကကွ။ (အန်တီဆူးပြောတာနော်)

    • ဆူး

      December 15, 2010 at 8:41 am

      ဦးကြောင်ကြီး တံခါးမှုးတို့ ဂိတ်ပေါက်စောင့်တို့ မမြင်ဘူးဘူးလား.. မိန်းမ နဲ့ ယောကျား တွဲထားတော့ ကြူပြီး အီနေကြတာနဲ့ အလုပ် ကို ကောင်းကောင်း မလုပ်ဘဲ တခြား အလုပ်တွေ ဖြစ်ကုန်မှာ စိုးလို့.. မာန်ထောင် တင်းတင်းနဲ့ ခြင်္သေ့နှစ်ကောင် သေချာ စောင့်ခိုင်းတာ.. ဟွင်း.. ပေါက်ကရ တွေးတယ်။ 🙁

  • moethidasoe

    December 15, 2010 at 6:40 am

    ဝေဝေရေ .. ဒို့ ကျောင်းတက်နေတုန်းက ရန်ကုန်မြို့ထဲကို လှည်းတန်းက တမတ်ပဲ ပေးရတယ် .. အသွားအပြန် ငါးမူး .. လှည်းတန်းက လှိုင် ဒေသကောလိပ်ကို ပြားနှစ်ဆယ် ကျတယ် .. (၁၉၇၇)

  • ဆူး

    December 15, 2010 at 8:45 am

    အန်တီမိုး အသက်က ဆူး အမေ အရွယ်လောက် ရှိမယ် ထင်တယ်

  • moethidasoe

    December 15, 2010 at 9:41 am

    ၅၂ ကျော်ပြီ .. ယုံလား ..

Leave a Reply