နောင်တ

ywetnuDecember 21, 20101min1114

ပန်းတစ်ပွင့်
အသက်သစ်နဲ့
လန်းစွင့်နေချိန်မှာ
ကိုယ်မခူးခဲ့တဲ့
ပန်းတစ်ဖူးရဲ့
ဆူးစူးရသတဲ့လား

ရွက်နု
ဒီဇင်ဘာ ၂၁၊ ၂၀၁၀

4 comments

  • kai

    December 21, 2010 at 8:49 am

    သစ်အသက်နဲ့
    မရင့်တဲ့ပန်းတပွင့်
    မနမ်းဝင့် လန်းစွင့်နေချိန်မှာ

    သူ့လက်နဲ့ယူငင်
    တမူပြင် သုံးတာမို ့
    ဆူးပြုန်း နွမ်းခဲ့ပေါ့
    ပန်းတစ်ဖူး နိဂုံး..။ ။

  • bigcat

    December 22, 2010 at 1:46 am

    နိဂုံးရဲ့အစနိဒါန်း
    ကြည့်ပန်းလျင်
    လန်းကျန်ရစ်တယ်၊

    ခြူချင်ခြူ သုံးချင်သုံး
    ကုန်းပြီးတော့ မနမ်းလေနဲ့
    အဲဒါ ခွေးသေးပန်း..။

  • char too lan

    December 22, 2010 at 10:41 am

    ပွင့်ခဲ့တဲ့ပန်းတစ်ငုံ
    အသက်ကုန်ကြွေချိန်ထိ
    တစ်ချက်တောင် ပြန်မကြည့်ပဲ
    ဘာအခုမှ “နောင်တ” ရွတ်နေလဲကွာ~~~~

    • ywetnu

      December 22, 2010 at 10:46 am

      ဟုတ်တယ်နော် … အဲဒီလိုလူမျိုးကို ပန်းက မသနားသင့်ဘူးပဲ

Leave a Reply