လက်ရှိ

ywetnuDecember 14, 20101min796

မျက်စိတွေကို စုံမှိတ်ထားတယ်မေမေ

အတိတ်တွေကို ပြည်ဖုံးကားချ

နိမိတ်တွေကို ယုံလုံးတွေ ပြရတဲ့ဘဝက

ထင်ထားတာထက် ပိုကြမ်းတမ်းနေတယ် ….

ရွက်နု

ဒီဇင်ဘာ ၁၄၊ ၂၀၁၀

6 comments

  • kai

    December 14, 2010 at 10:39 am

    မျက်လုံးတွေဖွင့်လိုက်ပြီ ဖေဖေ

    အနာဂတ်ကို လှစ်ဟ
    အသစ်တွေ ချစ်ပြရတဲ့ဘဝက
    ထင်သလောက် မနောက်ပါဘူး
    ကမ်းကုန်ရောက်အောင် လွှင့်တော့မယ်လေ…။

  • naywoonni

    December 14, 2010 at 11:04 am

    မျက်စေ့တွေလည်းမှိတ်မထား
    နားတွေလည်းပိတ်မထားပါဘူးအမေ..
    ဒါပေမဲ့ နားထဲတိုးဝင်လာတဲ့သီချင်းလေးက
    မင်းတွေးသလိုမထင်ပါနဲ့
    မင်းကြည့်သလိုမမြင်ပါနဲ့တဲ့လေ..
    အဲဒိတော့သားက
    ××××××××××××××
    ×××××××××××××××

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 14, 2010 at 2:01 pm

    ဟေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    ဒီဖက်က ပြောင်းဖူးဖုတ်ပူပူလေး
    သူများလို ကဗျာမရေးတတ်လို ့ ပြောင်းဖူးဖုတ်ဝင်ရောင်းသွားတယ်ဗျို ့

  • bigcat

    December 15, 2010 at 1:27 am

    မျက်စိကိုဖြဲ
    နားကြပ်တွဲလဲ
    ခြေလက်များက
    လှုပ်မရ။

  • char too lan

    December 15, 2010 at 6:13 am

    တစ်မျက်နှာထဲနဲ့ ကဗျာ၄ပိုဒ်ဖတ်ရတယ် အကုန်ကောင်းတယ်
    ပြောင်းဖူးဖုတ်လဲဝယ်စားသွားတယ် 🙂
    စည်ပင်လာပီ~~ ပြေး! ပြေး! 😀

  • MaMa

    December 15, 2010 at 9:11 am

    ပြောင်းဖူးပြုတ်လည်း ဝယ်စားသွားတယ်ပြောတယ်။ စည်ပင်လာပြီ ပြေးပြေးလို့လဲပြောတယ်။ လက်ရှိမှာ ပိုက်ဆံပေးရဲ့လား မသိဘူး။

Leave a Reply