မော်ဒန်…….အလှူခံ

kohtetDecember 14, 20101min803

ယနေ့…ခေတ်မှီလာသောအလှူခံများ

အကျွနုပ်သည်အချိန်များစွာအားလပ်နေလေ့ရှိသောကြောင့်မိမိစိတ်ပါဝင်စားသော

အကြောင်းအရာတို့ကိုလေ့လာခြင်းဖြင့်ပျော်မွေ့နေမိလေသည်။

၂၀၁ဝ ခုနှစ်အတွင်းမြန်မာနိုင်ငံတွင်း၌ စီးပွားရေး၊နိုင်ငံရေးအပြောင်းအလဲများနှင့်အတူအခြားသောအပြောင်းအလဲများကို

လည်းတွေ့မြင်ခဲ့ရပါသည်။

ယနေ့ခေတ် ၂၀၁ဝ ခုနှစ်အတွင်းတွင်မြန်မာ့အလှူခံများသည်

Globalization ၏ရိုက်ချက်များကြောင့် များစွာGlobal ဆန်ှလာသည်ကို

ထူးခြားစွာတွေ့ရှိရပါသည်။

Waka Waka သည်မြန်မာ့အလှူခံသီချင်းဖြစ်လာခြင်း၊ ယခင်မြန်မာ့အဆိုတော်ကြီး

များနေရာတွင် Micheal Jackson, Akon,  DJ Remix များနေရာအခိုင်အ

မာရပ်တည်လာခြင်းကြောင့်မြန်မာတို့၏အလှူခံခြင်းပုံစံတွေကသိသာစွာပြောင်းလာ

ခဲ့ပြီဖြစ်သည်။

ခေတ်မှီဖက်ရှင်ပုံဆန်းများ၊အမျိုးသားများမှအမျိုးသမီးများကဲ့သို့ဝတ်ဆင်ကာကပြအသုံးတော်ခံခြင်း

မှာစေတနာအလှူရှင်တို့အားဆွဲဆောင်ဖို့ရာနည်းလမ်းကောင်းတစ်ခုဖြစ်ပြီးပရိတ်သတ်အထူးနှစ်ခြိုက်

ခြင်းကိုခံရသည်။

၎င်းအဝတ်အစားမှာရှာဖွေရလွယ်ကူခြင်း၊သီချင်းနှင့်လိုက်ဖက်မှုရှိခြင်း၊လွတ်လပ်မှုရှိ

ခြင်း၊စေတနာရှင်အလှူရှင်တို့၏ကျေနပ်နှစ်သက်မူကိုရရှိခြင်းကြောင့်ယခင်မြန်မာ့ရိုးရာ

လမ်းစဉ်များနေ

ရာတွင်အစားထိုးလာခြင်းဖြစ်သည်ဟုယူဆရပါသည်။

Waka Waka သီချင်းနောက်ခံဖြင့် နိဗ္မာန်ရောက်ကြောင်းတရားများနာကြားရသည့်မနက်ခင်းတိုင်းရင်ထဲဝမ်းသာပီတီဖြစ်ရသည်

မှာလည်း

အကြိမ်ကြိမ်ပင်ဖြစ်သည်။

ဤသို့ခေတ်မှီသောကမာ္ဘကြီးတွင်၊ခေတ်မှီသောသီချင်း၊ခေတ်မှီသောအကအလှတို့ဖြင့်

ခေတ်မှီမြန်မာ့အလှူခံတို့ကိုမြင်ရတိုင်းအတွေးများစွာပွားများရပါတော့တယ်။

3 comments

  • ဆူး

    December 14, 2010 at 1:09 pm

    ဒါကတော့ အမှန်ဘဲ.. ဝါကာ ဝါကာ တွေကြီးဘဲ ကထိန် အလှူလှည့်မလား.. ရွှေပြား အလှူခံ လှည့်မလား အလှူခံ ဆိုတာနဲ့.. ရှေ့ဆုံးက မြန်မာ သီချင်း အလှူသီချင်းပေါ့.. နောက်က အုပ်စုလိုက်က ဝါကာ ဝါကာ နဲ့.. ကျားတွေက မလိုဝတ်ပြီး က ပြနေတော့တာဘဲ.. ဒီပိုစ်က တကယ် လက်တလော ဘောပွဲ အပြီး နောက်ပိုင်း ခတ်စားလာတဲ့ သရုပ်ကို ပြနေတာ ဖြစ်ပါတယ်။

  • etone

    December 15, 2010 at 2:14 am

    ဟုတ်ပါရဲ့ …. ပြောင်းလဲလာတာ အလှူမဏ္ဍပ်လည်း အပါဝင်ပါပဲ ။ ဘာဖြစ်ဖြစ်ပါ ကောင်းသော တိုးတက်ပြောင်းလဲခြင်းသာ ဖြစ်သင့်ပါတယ် ။

  • char too lan

    December 15, 2010 at 6:38 am

    ဟုတ်တယ်ဗျာ ~~~
    ရုံးပိတ်ရက်စောစောစီစီ အေကွန် နဲ့ ရှာကီရာ ဦးစီးတဲ့ မြန်မာကထိန်ပွဲကြီး လမ်းထဲကဖြတ်သွားတာ ဆူညံပွက်လောကိုရိုက်သွားတာပဲ

Leave a Reply