မော်လမြိုင်မြို့ အမှတ်(၁) ၂ထပ်ဈေးကြီးတွင် ဧရာဟင်္သာကုမ္ပဏီက ပညာရှင်များ၏ ကြိုးပမ်းမှုကြောင့် မိုးမကျမီ ကြိုတင်မိုးများ ရွာသွန်းဖြိုး

BMDecember 14, 20101min551

မော်လမြိုင်အမှတ်(၁) နှစ်ထပ် ဈေးသစ်ကြီး၏ ပထမထပ်ရှိ ဆိုင်ခန်းများ၏ သဘာဝအပူရှိန်ကို လျော့ချနိုင်ရန် အတွက် B ရုံအမိုးတွင် ရေပန်း ၁ရ ခု တပ်ဆင်ကာ မိုးရေတုသဖွယ် ရေပန်းများ စမ်းသပ်ထုတ်လွှင်၍ မှတ်တမ်းယူမှုကို ၂၀၁ဝ ပြည့်နှစ် ဒီဇင်ဘာလ ရ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃ဝ မိနစ်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

”ကျွန်တော်တို့ ဈေးသစ်ကြီးက A,B,C,D ဆိုပြီး ဈေးရုံကြီးလေးရုံ ရှိပါတယ်။ အခု B ရုံရဲ့ ခေါင်မိုးပေါ်မှာ ရေပန်းတွေကို ဧရာဟင်္သာကုမ္ပဏီက ပညာရှင် အကူအညီနဲ့ တပ်ဆင်ပါတယ်။ တစ်နာရီလောက် အချိန်ပေးပြီး ရေပန်းစလွှတ်ပါတယ်။ ရေပန်း တွေ အလုပ်လုပ်ပုံ၊ အအေးငွေ့ရရှိမှု၊ ရေသုံးစွဲမှုများကို ဗီဒီယိုနဲ့ မှတ်တမ်း ယူထားပါတယ်။ B ရုံရဲ့ တစ်နာရီ ရေသုံးစွဲမှုကို စံထားပြီး တစ်ဈေးလုံးတွက် ရေလိုအပ်မှုနဲ့ အခြား လိုတာတွေကို စည်ပင် အမှုဆောင် အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ရှိပါတယ်”ဟု ဈေးအကျိုးဆောင်ဥက္ကဋ္ဌ ဦးတင်ညွန့်က ပြောပါသည်။

သွပ်ခေါင်မိုးပေါ် မိုးရေကျသံလို ကြားရပြီး အေးသွားတာကို ခံစားရပါတယ်။ အပူပြင်းတဲ့အချိန် အခုလို ဖြန်းထားရင် အပေါ်ထပ် ဆိုင်ခန်းတွေ အပူသက်သာသွားမှာပါ”ဟု B ရုံမှ ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ အဆိုပါ ဈေးသစ်ကြီး၏ ပထမထပ်တွင် ပြည်တွင်း ပြည်ပ ဆေးပစ္စည်း၊ အလှကုန် ပစ္စည်းဆိုင်များ တည်ရှိရာ အပူရှိန် ပြင်းထန်မှုကြောင့် ဖြစ်ပေါ်တတ်သော ကုန်ပစ္စည်း အရည်အသွေး ပြောင်းလဲ လျော့နည်းမှုများကို ယခုကဲ့သို့ မိုးရေတု အအေးဖြင့် ကာကွယ်မည်ဟု ဆိုင် ရှင်အချို့က သုံးသပ်ပါသည်။
မြန်မာနေရှင်နယ်မိုးတုနည်းပညာကို ရွာသားအပေါင်း သိစေကြာင်းအတွက် http://www.news-eleven.com/မှ ကူးယူ ဖြန့်ဝေလိုက်ရပါကြောင်း။။။။။

One comment

  • intro

    December 17, 2010 at 11:19 am

    Great Idea… နွေဘက်ကျရင် အိမ်မှာပါ စမ်းလုပ်ကြည့်ရမယ်… အပေါ်ထပ်က အရမ်းပူလို့

Leave a Reply