ငါသိ ငါတတ်၊ ငါသာ မြတ်၏
သည်ဇမ္ဗူပေါ်၊ ငါလူတော်ဟု
မော်ကြွားဝင့်ဝါ၊ ငါမှ ငါလေ…။
မျက်လုံးစုံမှတ်၊ မသိစိတ်က
ဟစ်လို့ ကြွေးကြော်၊ ငါလူတော်တတ်
ငါလူနပ်ကြီး၊ အယူသည်းလို့
ထီးထီးကြီးကျန်၊ အတ္တဆန်လည်း
ဟန်ရပ်ကိုယ့်ဖို့ မဟုတ်လား…။
အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ သင်္ခါရတရားတွေ
အပြုံးမပေးတတ်၊ အရှုံးမပေးတတ်ရင်
`မင်း` နှလုံးသွေးရပ်သွားမယ် သတိထား….။

manawphyulay

About manawphyulay

manawphyu lay has written 937 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။