ဆိုမာလီယာ မှာ ၁၁၂ အဖိုးကြီးက ၁ရ နှစ် မိန်းခလေးကို လက်ထပ်

introApril 9, 20101min16911

ဆိုမာလီယာ မှာ ၁၁၂ အဖိုးကြီးက ၁ရ နှစ် မိန်းခလေးကို လက်ထပ်


Ahmed Muhamed Dove နှင့် Safia Abdulleh မင်္ဂလာဆောင်နေစဉ်အချိန်

Ahmed Muhamed Dore ဆိုတဲ့သူဟာ သူ့မှာ ခလေး ၁၃ ယောက်နှင့် မိန်းမသုံးယောက်ရှိသူဖြစ်ပါတယ်။ ဒါပေမဲ့အားမရနိုင်သေးလို့လားတော

့မသိဘူး အသက် ၁ရ နှစ်အရွယ်သာရှိသေးတဲ့ Safia Abdulleh ဆိုတဲ့အမျိုးသမီးငယ်လေးကို လက်ထပ်ယူခဲ့ပါတယ်။ Dore ကပြောတာကတော့ နောက်ထပ်မိန်းမအသစ်တွေထပ်လိုခြင်သေးတယ်လို့ ပြောပါတယ်။ ဒီနေ့တော့ ကျွန်တော့်ရဲ့အိမ်မက်တွေကို ဖြစ်လာဖို့အတွက် အလာအရှင်မြတ်ဟာ ကျွန်တော့်ကို မဆလိုက်ပြီးလို့ မင်္ဂလာဆောင်အပြီးမှာ Dore ကပြောပါတယ်။ အမျိုးသမီးဖက်မှ
မိသားစုတွေကလည်း သူတို့သမီးဟာ သူ့ယောက်ျားနှင့်ပျော်ရွှင်နေပြီးလို့ ပြောပြပါတယ်။ ဆက်လက်ပြီး တော့ သူ့ရဲ့အခုလက်ထပ်လိုကတဲ့ဇနီးဟာ သူ့မြစ်ထက်တောင်ငယ်ပြီး ကျွန်တော်တို့ဟာ တစ်ရွာတည်းမှာ နေထိုင်သူတွေဖြစ်ပါတယ်။ သူ့ကို အခုလိုလက်ထပ်ဖို့အတွက် သူအရွယ်မရောက်ခင်ကတည်းက စောင်းစိုင်း နေခဲ့ရတာဖြစ်ပါတယ်။ သူ့ကိုကျွန်တော်ဖိအားမပေးခဲ့ပါဘူး သူကိုကျွန်တော်ချစ်တယ် ဒါပေမဲ့ ကျွန်တော်ရဲ့ အတွေအကြုံများအရ တဖြေးဖြေးခြင်း သူ့ကိုစည်းရုံးကာ နောက်ဆုံး လက်ထပ်ရန် ခေါင်းငြိမ့်ခဲ့တဲ့အထိပါဘဲ။ လို့ သတို့သား အဖိုးကြီးကပြောပြပါတယ်။ Dore ဟာ ဆိုမာလီယာမှာ Dhusamareeb မှာ ၁၈၉ရ ခုနှစ်ကမွေးဖွားခဲ့ကြောင်းသူဖြစ်ပါတယ်။ ၁၉၄၁ မှာတော့ အင်္ဂလိပ်စစ်တပ်ထဲဝင်ပြီး စစ်မှု့ ၁ဝ နှစ်ကျော် ထမ်းဆောင်ခဲ့ပါတယ်။ ဆိုမာလီယာ လွတ်လပ်ရေး ရပြီး ၁၉၆ဝ မှာ ရဲအရာရှိအဖြစ် အမှု့ထမ်းခဲ့ပါတယ်။ Dore မှာ သားသမီးမြေးမြစ်များစွားရှိပြီး သူရဲ့အကြီးဆုံးသားက အသက် ၈ဝ ရှိပြီးဖြစ်ကာ မိန်းမသုံးယောက်နှင့်အိမ်ထောက်ကျခဲ့ပြီး အခုဆိုရင်တော့ သူ့မိန်းမအားလုံးဟာ ဆုံးသွားပြီဖြစ်ပါတယ်။ Dore က သူရဲ့အခုမိန်းမ အသစ်လေးဟာ သူအတွက်အတွက် ခလေးတွေထပ်ပြီးမွေးပေးလိမ့်အုံးမယ်လို့ မျှော်လင့်ထားကြောင်းပြောပြပါတယ်။ ဒါဟာ သူ့ကို သူ့ဘုရားကောင်းချီးပေးတာဖြစ်ပါတယ်တဲ့….
Ref: xmyanmarx

11 comments

  • susunosuki

    April 18, 2010 at 2:55 pm

    တော်တော်ယူနိုင်တဲ့ အဖိုးကြီးပဲ
    ခုရွယ်အထိ ဒီစိတ်တွေ မကုန်သေးတာအံ့ပါရဲ့ဗျာ
    ကျွန်တော်ဆို ရှိတဲ့ရည်းစားတောင် ပြန်အမ်းချင်နေပြီ
    (သူကိုမပြောနဲ့နော်)
    (အာဗြဲနဲ့ ငိုနေဦးမယ်)

  • laypyay

    May 4, 2010 at 3:53 pm

    အန် ကလေးလေးတွေတောင် မွေးကြအုံးမယ် .. ဘာဆေးတွေများ မှီဝဲနေကြပါလိမ့် .. အမယ် အမယ် သူများတွေ တွေ့ လိုအားကျမယ် မှတ်နေလား .. ဒိုးများ ရဲ့ ပြည်ရှင် ဘုရင် မင်းတုန်း တို့များမှီမယ် မထင်ပနော် ..။

  • သာမိညောင်

    May 4, 2010 at 6:10 pm

    သူလောဘမကြီးဘူးနော် ပူတူတူးလေးကိုဘဲယူတယ်

  • thantzinhtut

    May 19, 2010 at 12:06 pm

    မျက်မှန်နဲ့သွားပဲ မြင်ရတယ်။ ကျွန်တော်ဆို ဝတ်မှုံရွှေရည်မှ ယူမှာ ခစ်-ခစ်-

  • zaylay

    June 10, 2010 at 9:47 am

    so bad . because they are not same our religious. that why they can marriage so many girl.

  • ayemyacho

    July 23, 2010 at 11:01 am

    ကောင်းလိုက်တာစိတ်ပျက်ဖို့
    🙁

  • winne

    July 30, 2010 at 11:18 am

    ကိလေသာတွေ ထူပြောနေတာ ညဘက် အိပ်ရင်းနဲ့ အသက်ထွက်လို့ အပါယ်လေးဘုံ ဘယ်သွားရမှန်းမသိလို့ သရဲဖြစ်နေအုန်းမယ်။ ကောင်မလေးကလည်း ငတုံးဘဲ ယူတာဘဲ လူငယ်တွေ လောကကြီးမှာ အများကြီးရှိတာကိုဘဲ

  • khinmintatthu

    August 15, 2010 at 7:51 pm

    အဖိုးကြီးအနေနဲ့ မွေးကင်းစကလေးလို ပြန်လည်နုပျိုသွားမှာပေ့ါနော်…..

  • unclegyi1974

    October 3, 2010 at 6:15 am

    အဖိုးကြီးကချမ်းသာတယ်ဆိုရင် ကောင်မလေးဆုံးဖြတ်ချက်မှန်တယ်ပြောရမှာပါ

Leave a Reply