“ဝီ ကီ လိ နှင့် ပေါတာကြီး ရဲ့ အထုပ်ဖြေပွဲ”

doekalayDecember 14, 20101min663
“ဝီ ကီ လိ နှင့် ပေါတာကြီး ရဲ့ အထုပ်ဖြေပွဲ”
“အမလေးတော် … မြန်မာပြည်နေပြီး ဒီယဉ်ကျေးမှုလေးမှ မသိ။ ဘယ်လို ဂွ စာ မိန်းမကြီးပါလိမ့်…”

တနေ့ တခြား အရွယ်အစား သေးကြုံ့လာ သော ဈေးဆွဲခြင်းလေးထဲမှာ ပုစွန်ဆိတ်ကလေး နဲနဲ နဲ့ ကန်စွန်းရွက်လေး ၂ စည်းကို ခပ်သိုသို လေး ဝယ်ထဲ့ရင်း ဂျီးဒေါ် ဈေးက ပြန်လာစဉ်။ ရှေ့နားမှာ မျက်နှာချင်းဆိုင် လျှောက်လာသော လူစိမ်း တယောက်က …

“ဂျီးဒေါ် … ဂဏ န်း ရ လား” လို့ မေးလာတယ်။

သူ့ကို ကိုယ်မသိ သော် လည်း “အင်းးးး ငါက နာမည်ကြီး စူပါစတားမို့ ထင်ပါရဲ့” လို့ ခပ်တင်းတင်းလေး တွေးလိုက်ရင်း…

“ဟင့်အင်း … ကန်စွန်းရွက် နဲ့ ပုစွန်ဆိတ်ပဲ ရတယ်” လို့ ပြန်ဖြေတော့ စိတ်ပျက် လက်ပျက် ဘုကြည့် ကြည့်ပြီး လှည့်ထွက်သွားတဲ့ လူစိမ်းရဲ့ ကျောပြင်ကို ကြည့်ရင်း ဂျီးဒေါ် ပွစိ … ပွစိ ရေရွတ်မိတယ်။

“အမယ် … လူကို ကန် စွန်းရွက်ဘဲ စားနိုင်တယ် ဆိုပြီး အထင်စမောတဲ့ ပုံနဲ့။ ဒင်းရုပ်ကဖြင့် ကန်စွန်းရွက်တောင် စားနိုင်တဲ့ပုံ မပေါ်ဘဲနဲ့။ ကြီးကြီး ကျယ်ကျယ် … ပင်လယ်စာ စီးဖု ဂဏန်းတွေ ဘာတွေ လျှောက်မေးနေရသေး… ဟွန်း…”

ပြောသာ ပြောရ… ဂျီးဒေါ်တို့ မြန်မာ ပြည်သူ ပြည်သားတွေတော့ စီးဖုတွေ ဘာဖု ညာဖုတွေ မစးနိုင် ပေါင်။ အိပ်မက်တောင် မမက်ဝံ့။ သူတို့ က နိုင်ငံတကာ လှည့်ပြီး ပေါတာကြီးတို့ အိပ်ကပ်ထဲ ထဲ့ ဖို့ ဒေါ်လာတွေ စုပေးနေတာလေ။ ဂျီးဒေါ်တို့ ပြည်သူ အများမှာတော့ သင့်တော်ရာ ဟင်းရွက် ကန်စွန်းလေးတွေဘဲ အလှည့်ကျ လွေးနေရတာ ကြာလှပေါ့။

အင်း… အသက် ၂၀၀ဝ ဂုရုကွေးကြီး ပြောခဲ့သလို စီးဖု အစား ချောင်းတွေ မြောင်းတွေထဲက ငါးနုတ် ငါးဖွဲ မြောင်းဖု လေးတွေဘဲ ပရိုတင်းဓါတ် အတွက် အားထား နေ ရတဲ့ ဘဝ။

ထိုစဉ် မျက် နှာချင်းဆိုင်မှ လာနေတဲ့ ပဲပြုတ်သယ် ဒေါ်တုပ်က “ဂျီးဒေါ်… စလောင်း ဂဏန်း ဘာကြားလဲ” တဲ့။ လာပြန်ဘီ ဒီဂဏန်း … လို့ စိတ် ထဲ က တွေးရင်း …

“ဘာစလောင်း ဂ ဏန်း လဲ … မသိဘူး။ ဒီမှာ ပု စွန် ဆိတ် တောင် အနိုင်နိုင် ဝယ်စားနေရတာ” လို့ စိတ် တို တို နဲ့ အော ်ပစ် လိုက် တော့…

ပဲ ပြုတ်သယ် ဒေါ်တုပ်က မျက်စောင်းကြီး `ဒိုင်း ´ ခနဲ ထိုး။ ထမီကြီး စွန် တောင် ဆွဲ ပြီး ဇောင့်ဇောင့် နဲ့ ထွက် သွားတယ်။ ပါးစပ်ကလည်း …

“အမလေးတော် … မြန်မာပြည်နေပြီး ဒီယဉ်ကျေးမှုလေးမှ မသိ။ ဘယ်လို ဂွ စာ မိန်းမကြီးပါလိမ့်…” တဲ့။
ဒုက္ခော … နေရင်း ထိုင်ရင်း ပါးရိုက် ခံ ရ မယ့် ကိန်း ဆိုက်နေပါလား။ မဖြစ်ဖူး၊ အိမ် မြန် မြန် ပြန် မှ …… လို့ တွေးရင်း သွက် သွက်လျှောက် လာ တုံး …

“မနေ့က ထိုင်းဘုရင်ကြီး မွေးနေ့ မို့လို့ တဲ့ ကွာ။ ဒီနေ့ … မိဖုရားကြီး မွေးနေ့များလားကွ” ဆိုတဲ့ ဆိုက်ကား မာစတာ တွေ ဆီ က အသံ ကြောင့် ဂျီးဒေါ် အံ့ ဩ သွား ရ ပြန်ပကော။ အမယ် … သူတို့က ထိုင်း ဘုရင့် မွေး နေ့ များ သွားတက် ဦး မ လို့ လား မသိ၊ ပြောနေလိုက်ကြတာ။ နောက် တယောက်က အော်ကြီးဟစ်ကျယ်နဲ့ …
“ဘယ်သူ့ မွေးနေ့ ဖြစ်ဖြစ် ကွာ။ ဂဏန်း ရဖို့ ဘဲ အရေးကြီးတယ်”

အော်…… ဒီနေ့ ဂျီးဒေါ် ကံ မကောင်းပါလား။ မြောင်းဖု နဲ့ ကန်စွန်းရွက်သာ မှီ ဝဲ နေရရှာသူမို့ အားငယ် နေတုံး ဒီ စီးဖု ဂဏန်းကဘဲ ခဏ ခဏ လာ ပြီး လှောင် ပြောင် သရော် နေ ပါလား လို့ စိတ်နာနာနဲ့ တွေးမိတယ်။ ကန်စွန်းရွက်နဲ့ ပုစွန်ဆိတ်သာ ပါရှာတဲ့ လက်ဆွဲခြင်းကလေး ကို ခပ်သိုသို သယ် ရင်း အိမ်ကို အမြန် လစ်လာတုံး ……

“ဂျီးဒေါ်ရေ …… ဝီ ကီ လိ က တော့ ဖွင့် ချ နေပြီ ဗျိ ု့”

“ဟဲ့ …… သာဂိပါလား။ ဘာတွေ … ဖွင့် ချ နေတာ လဲ။ ဝီ ကီ လိ ဆိုတာ ဆည်နာမည်လား……။ ဆည်တွေ ဖွင့်ချရင် ရေတွေ ကြီး ဦးမှာ ပေါ့။ ရေ ကြီးရင် တော့ ဒင်း တို့ ပြောပြောနေတဲ့ ဂဏန်း မစားရတောင် ငါးတွေ ပုစွန် တွေ တော့ ဈေး ပေါ ရင် ဝယ်စား ပစ်လိုက် ဦးမယ်”

“ဂျီးဒေါ်… ဂျီးဒေါ်… ခက်ပါဖိ။ ဘာ ဗဟု သုတ မှ လဲ မရှိ။ ဝီ ကီ လိ ဆိုတာ အင်တာနက် ဝက် ဆိုက် ဗျ။ အဲဒီကနေ အခု အမေရိကန် အစိုးရ ရဲ့သံတမန်ဆိုင်ရာ လျှို့ဝှက် သတင်း ဆက်သွယ်ထားတာတွေကို ဖွင့်ချ လိုက်တာဗျ”

“သိ ပါ ဘူးဟယ်……နင့် အင်တာနီ အင်တာနက် တွေ……။ တီ ဗွီ လေးတောင် ဖွင့် မကြည့် ရတာ ကြာလှ။ ရွေးကောက်ပွဲ ဆိုတာကြီး ပြီးကတည်းက ကြံ ဖွတ် ဝန်ကြီး အမတ်မဲသူခိုးကြီးတွေက ၂၄နာရီ ပေးတော့မယ် လို့ မဲဆွယ် ကတိပေးခဲ့တဲ့ လျှပ်စစ်မီး က မလာတချက်၊ လာတချက် ပျောက် ချက်သား ကောင်းနေတာကိုး”

“အင်းပါဗျာ……။ ကဲ … ဒီနေ့ ဘာဟင်းချက် မှာ လဲ ဂျီးဒေါ်။ ဟင်းကောင်းရင် ကြုံ တုံး ဝင် ဆွဲ သွားမလို့ …ဟီး………”

“စိတ် နာ နေတယ် နော် … သာ ဂိ……။ ဟင်းအကြောင်း မပြော နဲ့။ “

“ဟင် … ဘာကို စိတ်နာ နေ သတုံး ဂျီးဒေါ် ရဲ့”

“သူများတကာ ပင်လယ်စာ ဂဏန်း ဂဏန်း နဲ့ အော် နေချိန် မှာ ပုစွန်ဆိတ်တောင် အနိုင်နိုင် စား နေ ရ တဲ့ ဘ ဝကို စိတ် နာ နေတာ”

“အော်…… ဒါလား … ဟားဟား။ စိတ် မနာ ပါ နဲ့ ဂျီးဒေါ်ရယ်။ သူတို့ ပြောတဲ့ ဂဏန်း ဆိုတာ စီးဖု ဂဏန်း အကောင်ကို ပြောတာ မဟုတ်ပါဖူး။ ဂျီးဒေါ်ကမှ ကန်စွန်းရွက် စားနိုင်သေးတာ။ သူတို့ ခမျာ အဲဒီ နှစ်လုံး၊ သုံးလုံး ချဲ ဂဏန်းတွေနောက် လိုက် နေ ရ လို့ မနက်စာနဲ့ ညစာတောင် ပေါင်းစားနေ ရတာ”

“ဟင် … ဂလိုလား။ သိပါဘူးဟယ်”

“အင်းးး တိုင်းသူ ပြည်သားတွေ မှာတော့ စီးပွါးပျက် ကပ် ဆိုက် ပြီး အငတ်ပြဿနာ နဲ့ တိုးလို့။ ကောက်ရိုးတမျှင် ဆွဲ မိသလို ချဲ နှစ်လုံးထီတွေ နောက်ကို မဲ လိုက် ရင်း မွဲသထက် မွဲနေ ချိန် မှာ ပေါတာကြီးတို့ မြေးအဖိုးက မန်ချက်စတာ ယူနိုက်တက် ဘောလုံး အသင်းကိုတောင် ဒေါ်လာ သန်းတထောင် နဲ့ ဝယ်ဖို့ ကြံ စည်ခဲ့သေးတယ် ဗျ”

“ဟေ … ဘာ လုပ်ဖို့ ဝယ်မှာလဲ။ စားမရ … သောက်မရ”

“ဂျီးဒေါ် တို့ ပြည်သူတွေသာ စားဖို့ သောက်ဖို့ ပူနေရတာ။ သူတို့က တိုင်းပြည် ဘဏ္ဍာတွေနဲ့ အလျှှံ အပယ် ပေါနေတော့ စိန်တွေ ဝယ်လိုက်။ မြေးတော်လေး အတွက် ဟယ် လီ ကော် ပတာ တွေ ဝယ်လိုက်။ တိုင်းသူပြည်သားတွေကို သတ် ဖို့ လက်နက် တွေ ဝယ်လိုက်နဲ့ ထင်တိုင်း ကြဲနေကြတာ။ ပြောရင်း ဒေါသတွေ အလိပ်လိုက် ထွက်လာပြီ … ဟင်းးးး”

“အမယ် … သာဂိ ငါ့တူ …… ဗဟုသုတ ဟင်းလေးအိုးကြီး။ ဒါတွေ ဘယ်က သိလာတာတုံး”
“ပြောပါပကော ဂျီးဒေါ်…။ ခုတလော ခေတ်စားနေတဲ့ ဝီကီလိက ဖွင့်ချတဲ့ သတင်းတွေ ဗျ။ သတင်း အချက်အလက်ပေါင်း နှစ်သိန်းငါးသောင်းကျော် ရထားတဲ့ အထဲက မြန်မာနိုင်ငံ ဆိုင်ရာ သတင်း အချက်အလက်ပေါင်း ၃၀၀ဝကျော် ပါသတဲ့ ဗျား။ စောင့်ကြည့် ရဦးမယ် … ပေါတာကြီးတို့ မဟုတ်တာ လုပ်ထားတဲ့ သတင်းတွေ ဘယ်လောက် ထပ် ထွက် လာ မလဲ လို့။ ပေါ တာကြီးတို့ အစုပ်ထုပ် ဖြေပွဲ ပေါ့ ဗျာ။ “
“ဟေ … တယ်စွမ်း တဲ့ ဝီကီလိ ပါလား”

“စွမ်းတယ် ဂျီးဒေါ်ရေ … တော်ကြာ … မြန်မာတပြည်လုံးအား တရုတ် လက်ထဲ သို့ နှစ်ကျပ်ခွဲ ဖြင့် ရောင်းချရန် ဈေးဆိုင်ထားခြင်း … တို့၊ ဧရာဝတီ မြစ်ကြီး တရုတ်ပြည်သို့ စီးဆင်းစေရန် မြစ်ကြောင်း ရွှေ့ပြောင်းမှု ဆိုင် ရာ တရုတ်-မြန်မာ နှစ်နိုင်ငံ (ပြည်သူ့ ဆန္ဒ ပါစရာမလို) သဘောတူ စာချုပ် လက်မှတ် ရေးထိုး ခြင်း တို့ …… ”

“အမလေး… တော်ပါတော့ သာဂိရယ်။ သွေးတောင် တိုးချင် လာပြီ … ဂစ် … ဂစ်… ဂစ် …………”

3 comments

  • koyinmaung

    December 14, 2010 at 11:26 pm

    ကောင်းတယ်ဟေ့…ဂစ် … ဂစ်… ဂစ် …………”

  • moethidasoe

    December 15, 2010 at 5:18 am

    နောက်ဆုံးအချက်ဖြစ်တဲ့ ဧရာဝတီမြစ် ပြောင်းလဲရေး ဆိုတာဟာ မြစ်ဆုံ ဆည်စီမံချက်နဲ့များ တိုက်ဆိုင် နေသလားလို့ တွေးမိတယ် ..

  • char too lan

    December 15, 2010 at 5:25 am

    hahaa 😀 မိုက်တယ်ဗျာ~~
    ကျနော်နေတဲ့ တဲလေးတောင်သူတို့ရောင်းလိုက်ကြပီးပီထင်တယ်ဂျာ… :'(

Leave a Reply