Myanmar ဘိန်းရာဇာ ဖမ်းဖို့ အမေရိကန်အစိုးရက ဘီယာခွက်မှာ ကြော်ငြာပြီ

doekalayDecember 14, 20101min1433

ဒီဇင်ဘာ ၁၃၊ ၂၀၁၀
ဘန်ကောက်မြို့ အနီရောင် ရပ်ကွက် အရက်ဆိုင်တန်းမှ ဘီယာပုလင်းထည့်သည့် ခွက်တွင် တွေ့ရသော ဝေရှောက်ခမ်း

အမေရိကန် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ DEA နှင့် ထိုင်းအရာရှိများက ၎င်းတို့ အလိုရှိနေသော ဝေရှောက်ခမ်းကို ဖမ်းမိနိုင်ရေးအတွက် ဒေါ်လာ ၂ သန်း ဆုငွေ ထုတ်ထားခြင်းအား ပိုမို လူသိများစေရန် လုပ်ဆောင်လိုက်သည်။ ဝေရှောက်ခမ်း မကြာခဏ သွားရောက်လေ့ရှိသည်ဟူသော အရပ်ဒေသများတွင် တွေ့နိုင်သည့် ဘီယာခွက် (beer bottle holders) ပေါ်၌ သူ၏ ဓာတ်ပုံကို ရိုက်နှိပ်လိုက်ခြင်း ဖြစ်သည်။

ဝ တိုင်းရင်းသား စစ်ခေါင်းဆောင် ဝေရှောက်ခမ်းသည် ရွှေတြိဂံဒေသ၏ အထင်ရှားဆုံး မူးယစ်ရာဇာ ဖြစ်လာသည်။ သူ၏ လုပ်ငန်းများရပ်ဆိုင်းသွားစေရေးအတွက် DEA က ယခင်ကပင် သူ့ကို ဖမ်းဆီးနိုင်ရန် ကြိုးစားခဲ့သည်။

3 comments

  • moethidasoe

    December 15, 2010 at 5:31 am

    မူးယစ် ရာဇာကို မူးယစ်နေတဲ့လူတွေက သတင်းပေးမယ် ထင်လို့ မူးယစ်စရာ ခွက်မှာ ကြော်ငြာတာလား .. မူးနေတာနဲ့ မှတ်မိမှာ မဟုတ်ဘူးနော် .. မူးပြီး အခြားလူကို ဆွဲထည့်လိုက်လို့ ..

  • cobra

    December 16, 2010 at 7:26 am

    မဆိုးပါဘူး..ကြေညာတာက..ဘီယာသောက်တဲ့လူဦးရေများတာကိုသိသာစေတာပေ့ါ…။

  • thethtet87

    December 18, 2010 at 7:30 am

    မူးပြီင်္းမှတ်တာနဲ့လူတွေတော့မှားကုန်တော့မယ်။နည်းနည်းပြသနာရှိတယ်။

Leave a Reply