မုံလယ်သို့ တစ်ခေါက်…

who whoDecember 15, 20101min48

အင်း ခုတလော ခေါင်းကသိပ်မကောင်းချင် ။ ဆရာဝန်ပြတော့ လည်း အာရုံကြော အားနည်းလို့ အနားကောင်းကောင်းယူဖို့ ညွှန်ကြား ပါတယ်။ အိမ်မှာ အေးအေးဆေးဆေးလေး နားလိုက်ရင်တော့ ကောင်း သွားမှာပါလေ ဆိုပြီး ဒီနေ့တော့ နားလိုက်တော့မယ်လို့ စိတ်ကူးမိတယ် ပေါ့။ အဲ စိတ်ကူးနေတုန်းရှိသေး သူငယ်ချင်းတစ်ယောက် ရောက်လာ ပါတယ်။ ဒီနေ့ သူ ပဲပိဿာ (၃ဝ ) ကို မုန်လည် ဆရာတော်ဆီကို သွား ကပ်မှာဖြစ်ကြောင်းနဲ့ ဆိုင်ကယ်နောက်ကဆိုတော့ ပဲအိတ် အလေးချိန် က ဝိတ်က များလွန်းနေတာကြောင့်လို့ ဆိုလာပါတယ်။ ဒါနဲ့ ကျနော် လည်း တစ်ဝက်ကို ကျနော့ ဆိုင်ကယ်နောက်က ကူပြီးသယ်ပေးလို့ ရ ကြောင်းပြောရင်းနဲ့ပဲ ကျနော်တို့ရဲ့ ပဲအိတ်ကိုယ်စီနဲ့ မုန်လယ်ဆရာ တော်ဆီသို့ ဆိုင်ကယ်ဖယ်ရီ ခရီးစဉ်လေးစထွက်လို့ လာပါပြီ။

အင်း ခုက သူများကို အဆင်ပြေ သွားစေချင်လွန်းလို့သာ အားတင်းလိုက်လာရတယ်။ ကျန်းမာရေးကလည်း ခနော်ခနဲ့ရယ်။ နောက်ပြီး တစ်ခါမှလည်း အဲလို နောက်က အထုတ်ကြီးနဲ့က မသွားဖူး လေတော့ လမ်းတစ်လျှောက် သတိနဲ့ ထိန်းပြီး သွားရတာပေါ့။ ခေါင်း မကောင်းတာလည်း သူငယ်ချင်းကို အသိမပေးရဲ။ သူအားနာမှာစိုးတာ နဲ့ ။ တဖြည်းဖြည်းချင်း ကျနော်တို့ ဆိုင်ကယ်လေးသည် မုန်လယ် တောရသို့ ဆိုသော ဆိုင်းဘုတ်လေးအတိုင်း ချိုးဝင်လာပါပြီ။ ဆရာ တော့်ဆီ ရောက်တဲ့ အချိန်မှာ နေ့ဆွမ်းကပ် ဖို့ အလှူရှင်များက ဆရာတော်အား စောင့်နေကြပါတယ်။ ကျနော်တို့လည်း သူတို့ဘေး ဝင်ထိုင်လို့ ဆရာ တော် အလာကို စောင့်နေကြပါတယ်။

ဆရာတော် ကြွလာပါပြီ။ ဆရာတော်ဟာ သက်တော်ကြီးပြီ ဖြစ်တဲ့အတွက် ဘေးက ဒကာများက ဝိုင်းဝန်းတွဲကာ ကြွလာပါတယ်။ ဆရာတော့်အား ပါလာသော လှူဒါန်းဖွယ်ရာများကို ဆက်ကပ်ကြပြီး ဆရာတော်မှ တရားချီးမြှင့်ပါတယ်။ ဆရာတော် ချီးမြှင့်ပေးလိုက်သော တရားလေးကတော့ သိပ်ကို ထိရောက်ပြီး လိုတိုရှင်းဖြစ်တဲ့အတွက် ကျနော့အနေနဲ့ မှတ်မိသလောက်လေး ပြန်လည် ဝေမျှလိုက်ပါရစေ။

နှလုံးသွင်းအရေးကြီးပုံ

အရင်ဆုံး ဆရာတော်က ကုသိုလ်ကောင်းမှု လုပ်တဲ့အခါမှာ နှလုံးသွင်းမှန်ဖို့ အရေးကြီးပုံလေးကို သာဓကဇာတ်လမ်းလေးနဲ့ ဟော သွားပါတယ်။ အဲဒါလေးကို ဝေဌလိုက်ပါတယ်။

တစ်ခါမှာ တံငါသည်(ဘုန်းကြီးလား မသေချာပါ) တစ်ယောက်ဟာ တောထဲက ချောင်းနား တစ်နေရာမှာ ငါးမျှားနေပါတယ်။ အဲဒီအချိန်မှာ ဘုရင်ဟာ တောလိုက် ထွက်လာရင်း အဲဒီနားကို ရောက်လာပါတယ်။ သူဟာ ငါးမျှားရင်းကနေ သစ်ရွက်နင်းသံ ကြားလိုက်ရလို့ ငါးမျှားတံကို တနေ ရာ မှာ ဖွက်လိုက်ပြီးတော့ သစ်ပင်တစ်ပင်ရဲ့အောက်မှာ တင်ပလ္လင်ခွေ လျက် တရားမှတ်ချင်ယောင်ဆောင်နေပါတယ်။ အဲဒီအချိန် ဘုရင်ကြီး က အနားကို ရောက်လာပါတယ်။ ရောက်လာလို့ တရားထိုင်နေတဲ့ မြင် ကွင်းကိုလည်း တွေ့လိုက်ရော သူက တွေးမိပါတယ်။ “အင်း..ဒီလို တောကြီးထဲမှာ တရားဘာဝနာ ပ