ကဲ!! ခေတ်စားလာတဲ့ဆန်ပြုတ်ပါဗျာ~~

CharTooLanDecember 15, 20101min21716

ဆြာဆူးရဲ ့(ဆန်ပြုတ်) ပီးတော့ အခု မမရဲ ့(ဆွေမျိုးမေ့ဆန်ပြုတ်) ဦးကြောင်ကြီးလွှေးချင်နေတဲ့ ပရော်ဖက်ရှင်နယ်ဆန်ပြုတ် ~~စသဖြင့် ဆန်ပြုတ် ဆန်ပြုတ် ဆိုတာတွေကိုမြင်မြင်နေရတော့ ဒီဆန်ပြုတ်တော်တော်ခေတ်စားနေပီလို့ တွက်ချက်မိပါတယ်။ ဆန်ပြုတ်နဲ့ပတ်သက်ပီး ကြားခဲ့ဖူးတဲ့ဟာသလေးလဲရှိနေလေတော့ ဒီဆန်ပြုတ်ခေတ်ထနေရတဲ့ အကြောင်းက ဒါကြောင့်ပဲလားလို့တောင်တွေးမိပါတော့တယ်ဗျာ~~
ကျနော်ကြားဖူး ဖတ်ဖူးတဲ့ဟာသလေးက နာမည်ကြီးစာပြောင်စာရေးဆရာအကြည်တော်ရဲ ့ဝတ္ထုထဲမှာလဲပါဖူးပါတယ်။ တခါကလင်မယားနှစ်ယောက်မှာ မူလတန်းအရွယ်သားလေးတစ်ယောက်ရှိတယ် အဲ့ကလေးကိုကျောင်းသွားခါနီးတိုင်း အမေဖြစ်သူကဆန်ပြုတ်တစ်ခွက်သောက်ခိုင်းလေ့ရှိပါတယ်။ တနေ့ကြတော့ ကလေးကဆန်ပြုတ်မသောက်ချင်လို့ဂျီတွန်နေတယ် အမေဖြစ်သူကလဲ “သားဒီဆန်ပြုတ်သောက်မသွားရင် ကျောင်းမှာဗိုက်ဆာနေမှာပေါ့ မေမေကသားလေးအားရှိအောင်တိုက်တာလေ”
ကလေးကလဲ မသောက်ဘူးပဲငြင်းနေတယ် ချော့လဲမရ ခြောက်လဲမရနဲ့ စောစောစီးစီးရိုက်မယ်နှက်မယ်ဆိုပီး ဆူညံနေတော့တာပဲ…ဒါကိုရုံးသွားခါနီးအဖေကကြားတော့ “ဒီသားအမိတွေဆူလှချည်လား ဘာဖြစ်နေကြတာလဲ မနက်စောစောကြီးကွာ”…လို့ဆိုတော့ အမေဖြစ်သူက “ရှင့်သားလေ ကျောင်းသွားခါနီးဆန်ပြုတ်တိုက်နေတာကို မသောက်ဘူးချည်းလုပ်နေတယ် ကျမတော့စိတ်တိုပီးတွယ်မိတော့မယ်” လို့ပြောနေလဲ ကလေးကမသောက်ပါဘူး ဒါနဲ့အဖေက “သားရေ~လာပါအုံးကွ” ခေါ်ပီး ကလေးအနားကိုကပ်ကာ (@$#%$^%&^#*) တိုးတိုးလေးပြောလိုက်ပါတယ်။ “ဟာ..ဟုတ်လားအဖေ”
ဆိုပီး ပန်းကန်ထဲကဆန်ပြုတ်တွေကိုအကုန်မော့သောက်ပစ်လိုက်တယ်။ အဲဒါကိုမြင်ပီး နားမလည်နိုင်ဖြစ်နေတဲ့ အမေကရှင်ဘာပြောလိုက်တာလဲ ကျမဒီလောက်ရိုက်မယ်ပြောတာတောင် လုံးဝမသောက်တဲ့ဟာကို ရှင်ဘယ်လိုစည်းရုံးလိုက်တာလဲ လို့မေးလိုက်တော့ ငါဘာမှမစည်းရုံးပါဘူး “သားလေးသာဒီဆန်ပြုတ်ကို နေ့တိုင်းမသောက်ဘူးဆိုရင် သားသားလေးရဲ ့ ရွှေပန်းကကြီးလာမှာမဟုတ်ဘူး လို့ပြောလိုက်တာပါကွာ” ဆိုတော့ အမေဖြစ်သူက “ဪ… ”လို့ရွတ်ပီး ကလေးအဖေရဲ့ခေါင်းကို ဂွပ်ခနဲမြည်အောင် ဆန်ပြုတ်ဇလုံနဲ့ခေါက်လိုက်တယ်။ အဖေဖြစ်သူက “ဟာ! ဘာဖြစ်တာလဲကွ” လို့မေးလိုက်ရော….အမေကြီးက “ရှင်မှဆန်ပြုတ်မှန်မှန်မသောက်ခဲ့တာကိုး………” လို့ပြောလိုက်ပါတော့တယ်။ 😛 😛 😛

16 comments

  • moethidasoe

    December 15, 2010 at 4:39 am

    အဲဒီဇာတ်လမ်းမှာ ချာတူးလန်က အဖေလား သားလား ..

  • bigcat

    December 15, 2010 at 5:13 am

    အင်း..ဘာမှတ်ချက် ပြုရမလဲတောင် မသိတော့ဘူး။ စာထဲကအတိုင်းဆို ဒီပို့စ်ကိုဖတ်တဲ့သူတိုင်း ခေါင်းအခေါက်ခံရဖို့ပဲရှိတော့တယ်။ အရွယ်တွေ လွန်ကုန်ခဲ့ပြီလေ။ နောက်လူတွေ ကိုယ်တို့လို မခံရလေအောင် ဒီပို့စ်ကိုပဲ ရွှေသွေးတို့လို ကာတွန်းစာစောင်တွေမှာ ထည့်ပို့သင့်တယ်နော်။

  • ဆူး

    December 15, 2010 at 5:43 am

    ချာ တူး လန် ကတော့ ကြံကြံ ဖန်ဖန် ရေးတတ်တယ်။ ဒါနဲ့ ဦးကြောင်ကြီး က ရွှေသွေး ကာတွန်း အယ်ဒီတာ နဲ့ တူတယ်။ ဇတ်လမ်း ဝယ်ဖို့ ကမ်းလှမ်းနေတယ်။

  • အာဖျံ ကွီး

    December 15, 2010 at 7:09 am

    မမမိုးသီတာစိုးရေ …………

    အဲဒီဇာတ်လမ်းမှာ ချာတူးလန်က သားဗျ ……………….
    kdhueisobdg;fmh’yjkd[trs khgsjknfse 😛

  • koyinmaung

    December 15, 2010 at 8:12 am

    ရယ်ရလွန်းလို့ဟိုဟာတွေတောင်ထွက်ကုန်ပြီ…..ချာတူးလန်ရေ မျက်ရည်တွေ မျက်ရည်တွေ……

  • MaMa

    December 15, 2010 at 8:55 am

    ကောက်ညှင်းစိုက်ပြီး ဘိန်းထွက်တဲ့ နယ်က မွေးလို့ထင်တယ်။ ဆန်ပြုတ်လုပ်နည်းဖတ်ပြီး ဟာသစာရေးတတ်တယ်။ တော်ပေစွတကား။

  • ဆူး

    December 15, 2010 at 9:13 am

    ဒီပိုစ်ကို ဖတ်ပြီးနောက် ညနေပိုင်း တရုတ်တန်းက ဆန်ပြုတ်ဆိုင်များအား သွားရောက်လေ့လာ ကြည့်ရာတွင် ဆန်ပြုတ် အိုးကြီးတွေမှ နဲတာ မဟုတ်ဘူး.. အိုးကြီး အကြီးကြီးတွေနဲ့.. အနောက်မှာလည်း တည်ပြီးသား လျော့သွားရင် ထည့်ဖို့ ဆန်ပြုတ် ၁ဝဂါလံ ပုံးကြီး ၂ပုံး ချထားတာ မြင်ခဲ့တယ်။ ဒါကြောင့် ဆန်ပြုတ် သောက်တဲ့ လူ တော်တော် များကြောင်း ဆန်ပြုတ်ဆိုင်က အိုးတွေ ကြည့်ပြီး အစီရင်ခံစာ တင်အပ်ပါသည်။

  • char too lan

    December 15, 2010 at 11:02 am

    ဒီpost ကြောင့် ဆန်ပြုတ်လုပ်ငန်း တိုးတက်အောင်မြင်လာတယ်
    ပြောရမှာပေါ့နော် 🙂 😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 15, 2010 at 12:33 pm

    ဪ…….
    ဒါကြောင့်ကို
    ကိုယ့်ကိုယ်ကို တော်တော့် အကြီးအကျယ် အံ့ဩနေတာ
    ဘယ်လိုဖြစ်ပါလိမ့်ပေါ့
    ငယ်ငယ်က ဆန်ပြုတ်တွေ တော်တော့် တော်တော်
    တော်တော်များများစားခဲ့တာကိုးးးးးးးး

  • yawhan

    December 15, 2010 at 12:50 pm

    ရယ်ရတယ်ဗျို့.. မှန်တော့မမှန်ပါဘူး
    တရုပ်တွေလောက် ဆန်ပြုတ်သောက်တာရှိဦးမလားဗျာ….

  • inz@ghi

    December 13, 2011 at 4:01 pm

    ဆန်ပြုတ် သောက်ဖို့ မလို
    မာဟာဗျူဟာမြောက်ဖို့
    နည်းဗျူဟာ ကျွမ်းကျင်ဖို့
    နည်းစနစ်ကျနဖို့
    လူကဲခတ်ပညာတပ်ဖို့
    ဆိုက်ကော်လော်ဂျီ ကျွမ်းကျင်ဖို့
    အထှာ နပ်ဖို့
    အလိုက် သိဖို့
    သာလိုသည်

    ပုံဂီဂီ

  • char too lan

    December 13, 2011 at 5:09 pm

    ကျိဇမ်းးးးးးး ဆြာဂိစ့် တို့များ………..
    ဘယ်ဒုန်းဂဒဲက ဒီ ကိုစ့်ဒွေကို လေ့လာထားလဲတိဘူး
    အတော်ကိုကျေညက်နေဒါဗျာ…………….. 😛

  • windtalker

    December 13, 2011 at 8:18 pm

    အဟမ်း
    ချာလေးရေ
    အားကိုဂျိ လေ
    ဆန်ပြုတ်သောက်ဖို ့လုံးဝ မလိုဘူးကွဲ ့
    မကြိုက်လို ့သောက်ဖို ့မလိုတာ ပြောတာနော
    ိသို ့ပေသည့်
    ဆန်ပြုတ်သောက်ခြင်းသည်
    ကျန်းမာရေးအတွက် ကောင်းမွန်သည် ဆိုသော ကြောင့်
    လမ်းကြုံခဲ့ရင် သောက်ဖြစ်တယ်
    သိလား
    ချာလေး သိပါစေ

  • kotun winlatt

    December 13, 2011 at 9:19 pm

    အင်းးးးးဆန်ပြုတ်သောက်ရင် ဆုတ်ပြန်ရတတ်တယ်တော့
    ကြားးးးဘူးးတာပဲ…သူပြောတာတော့ ခုမှ မှတ်သားရပြန်တယ်..

Leave a Reply