အရေးကြီးတယ် <<>>

CharTooLanDecember 15, 20101min12713

mail ထဲကိုရောက်လာလို့မျှလိုက်တာ ဟုတ်လား မဟုတ်လား ဖြစ်နိုင် မဖြစ်နိုင်တော့မသိဘူး ကျနော့်မှာက ဟန်ဖုန်းလဲမရှိဘူး၊
အိမ်မှာလဲဂက်စ်မသုံးဘူး ဆိုတော့မစိုးရိမ်ရဘူးလေ ~~ 🙂 🙂

သူငယ်ချင်းအားလုံး ကိုဗဟုသုတအနေနဲ့ဝေမျှပါတယ်
လွန်ခဲ့တဲ့သုံးရက်က ကျွန်မရဲ့သူငယ်ချင်း တစ်ယောက်ဟာ သူ့အိမ်မှာ ချက်ပြုတ်နေရင်း နဲ့ ဟန်းဖုန်းသုံးပါတယ်။ ရုတ်တရက် မီးဖိုချောင် Gas အိုး ထပေါက်ပြီး သူငယ်ချင်းလည်း ကလန်းဆေးရုံ အရေးပေါ်ဌာနမှာ ဆေးရုံတက် ကုသမှုခံနေခဲ့ရပါတယ်။ သူ့ခန္ဓာကိုယ်ရဲ့ ၄၀% (တစ်ဝက်နီးပါး) မီးလောင်သွားပါတယ်။ ဒီနေ့ နေ့လည် သူမသေဆုံးသွားပါတယ်။ ဒါကြောင့်သူငယ်ချင်းအားလုံးရှင်…. GAS မီးဖိုနား မှာ ဟန်းဖုန်း လုံးဝမသုံးဖို့ မေတ္တာရှေ့ထားပြီး ပြောကြားလိုပါတယ်။ ဒါကြောင့် မြန်မာပြည်မှာလဲ ကားတွေ GAS ဖြည့်နေစဉ် ဟန်းဖုန်းမသုံးဖို့တားမြစ်ထားပါတယ်။ ဟန်းဖုန်း ရဲ့ သံလိုက်ဓါတ် လှိုင်းတွေ်နဲ့ တုန်ခါမှုမှုတွေ ဟာ GAS အိုးကို ပေါက်ကွဲစေတဲ့ သတ္တိတွေ ရှိပါတယ်။ သူငယ်ချင်းများ ဆင်ခြင်နိုင်ကြပါစေ…..။

ခင်မင်လျက် မအိချို

13 comments

  • koyinmaung

    December 15, 2010 at 11:38 am

    ခုလိုအန္တရာယ်ရှိနိုင်တာသတိပေးတဲ့အတွက်အထူးကျေးဇူးတင်ပါတယ်…

  • ဆူး

    December 15, 2010 at 12:52 pm

    အဲဒါလေး တွေ့လို့ ဒီနေ့ တင်မလို့ ကြိုးစားသေးတယ် လိုင်းမကောင်းတာနဲ့ မတင်ဘဲ ပိတ်ထားလိုက်တာ.. ဟီးဟီး.. ပေး ၅၀% ဟီးဟီး

  • intro

    December 15, 2010 at 1:19 pm

    ဘုရားဘုရား၊ ကြည့်စမ်း၊ အိမ်မှာ ဂက်စ်အိုး သုံးတာ ဒီလို ဗဟုသုတမျိုး မရှိခဲ့ဘူး၊ ခုချိန်ထိ ဘာမှ မဖြစ်တာ ကံကောင်းတယ်၊ ဟုတ်သော်ရှိ မဟုတ်သော်ရှိ အိမ်ကလူတွေ ပြောပြီး ဆင်ခြင်မှ၊ ဂက်စ်က မသုံးလို့ မဖြစ်ဘူး၊ ဖုန်းကလဲ မသုံးလို့ မဖြစ်ဘူး၊ ဘုရား ဘုရား….

  • Hello

    December 15, 2010 at 4:28 pm

    တော်ပါသေးရဲ့ .. ဟင်းချက်ရင်း သူငယ်ချင်းနဲ့ ခဏခဏဖုန်းပြောဖြစ်တာ … ဘာမှမဖြစ်ခဲ့လို့သာပဲ…ဒီလိုအသိပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…..

    • kai

      December 15, 2010 at 7:13 pm

      ဒါကလည်း ဖြစ်နိုင်ချေရဲ့ ၁သန်းပုံတပုံကို နင်းပြီးရေးနေတာလို့ ယူဆပါတယ်..။
      ဟန်းဖုန်း ရဲ့ သံလိုက်ဓါတ် လှိုင်းတွေ်နဲ့ တုန်ခါမှုမှုတွေ ဟာ GAS အိုးကို ပေါက်ကွဲစေတဲ့ သတ္တိမရှိပါဘူး..။
      အပေါ်ကအချေအနေမျိုး ..ထပေါက်ကွဲဖို့က..
      ၁) ဂက်စ်အိုးက ဂက်စ်ယိုစိမ့်နေရမယ်..။
      ၂) ဆဲလ်ဖုံးက .. အတွင်းဆားကစ်မှာ စပါတ်ခ် (မီးကူး)ဖြစ်နေရမယ် ဆိုတဲ့ ၂ချက်ကိုက်မှ ဖြစ်မှာပါ..။
      ယူအက်စ်ကားဓါတ်ဆီဆိုင်တွေမှာလည်း ..ဆီထည့်ရင်းဆဲလ်ဖုံးမပြောဖို့ တားမြစ်ထားပါတယ်..။
      ဒါပေမဲ့..လူတိုင်းလိုလိုပြောနေတာပဲ..။
      ဒီခေတ်ဆဲဖုန်းတွေ.. တော်ရုံနဲ့..မီးမကူးနေပါဘူး..။ ၁ဝနှစ်လောက်မှာ.. ကြားဖူးလှ ဒါမျိုးကေ့စ်..၁ခု၂ခုပဲ..။

  • nyinyiyannaing

    December 16, 2010 at 12:52 am

    kai ပြောတာ မှန်ပါတယ်။ Gas Station တွေမှာ မီးလောင်တာလည်း Static Electricity ကြောင့်ပဲ လောင်တာပါ။ လက်ကိုင်ဖုန်းတွေ ပေါ်ကာစမှာ လူတွေ တော်တော်များများက ဒီဖုန်းတွေကြောင့် မီးလောင်စေတယ်ထင်တာပါ။ လက်တွေ့စမ်းသပ်ချက်တွေအရတော့ ဒီဖုန်းတွေကနေ ထွက်ပေါ်တဲ့ heat and electricity (electromagnetic wave) က မီးလောင်တဲ့အထိ မဖြစ်နိုင်ပါဘူး။

  • pan pan

    December 16, 2010 at 2:56 am

    မတော်တဆဆိုတာက ဖြစ်တတ်တယ်။ အရင်ကတော့ ဘာကြောင့်အဲလိုဖြစ်တယ်မသိခဲ့ပါဘူး။ ဘာပဲပြောပြောဆင်ခြင်သင့်တာပေ့ါ။

  • paukpauk

    December 16, 2010 at 2:26 pm

    email တစ်စောင်ကနေကြားရတဲ့အသိပါ။
    hand phone နှစ်လုံးကို ဖွင့်ထားပြီး ကြားမှာ ကြက်ဥကို ရေဇလုံထဲစိမ်ထားတယ်တဲ့။
    အနားမှာကက်ဆက်ကိုလဲ ဖွင့်ထားတယ်
    (ဆိုလိုတာက ဖုန်းနှစ်လုံးစလုံး အဝင်အထွက် လုပ်နေတယ်ပေါ့)။
    မိနစ် ၅ဝ (မသေချာ – sure written as less than an hour) လောက်ကြာတဲ့အခါမှာ ကြည်ဥဟာ လုံးဝကျက်သွားရောတဲ့။
    ဦးဏှောက်ကို ထိခိုက်စေတယ်ဆိုတာ ပြောချင်တာပါ။
    Static electricity နဲ့တော့ ဆိုင်မဆိုင် မသိပါ။

    • kai

      December 16, 2010 at 5:39 pm

      အဲဒါဗီဒီယိုရိုက်ပြီး ..လက်တွေ့စမ်းလို့ရတာပဲ..။
      ဖြစ်တယ်ဆို မန္တလေးဂေဇက်က အဲဒီဗီဒီယိုကလစ် ဒေါ်လာ၃ဝပေးဝယ်မယ်..။
      တကယ်ပြောတာပါ..။

      စတက်တစ်ချချ်နဲ့တော့ဆိုင်မယ်မထင်ပါ..။
      အဲဒါက … ပလပ်စတစ်ပေတံကို အဝတ်ကြမ်းမှာပွတ်ရင်… စက္ကူစတွေဆွဲလို့ရတဲ့ ချချ်မျိုူး..။
      အေးပြီးခြောက်သွေ့တဲ့နိုင်ငံတွေမှာတော့ ..အကျီ ်ဂျာကင်အထူဝတ်ထားပြီလမ်းလျှောက်နေတဲ့သူကို သွားထိရင်..လက်ကစူးကနဲ့ဖြစ်ပြီး ဒစ်စ်ချချ်ဖြစ်တာမျိုုး…။

  • mG

    December 16, 2010 at 4:37 pm

    မအိချိုရေ ကျေးဇူးတင်ပါတယ်ဗျာ. . . ။ကျွန်တော်တို့ တကယ်ကိုသတိမထားမိတာပါ။ဆီတွေဖြည့်နေတဲ့ အချိန်မှာ ဖုန်းပိတ်ထားခိုင်တာကို အခုမှပဲ သိတော့တယ်ဗျာ ။ ။ကျေးဇူးတင်ပါတယ်နော်. . . ။

  • ဆူး

    December 16, 2010 at 5:17 pm

    ဖုန်းကြာကြာပြောရင် နားပူတယ်။ (နားရွက် အပူဟပ်)

  • search123

    December 21, 2010 at 12:13 pm

    ဒီလိုလေးတွေ သိထားတော့ ဆင်ခြင်လို့ ရတာပေါ့။

  • thethtet87

    December 21, 2010 at 12:17 pm

    ဟဲဟဲကျွန်တော်တို့အတွက်တော့သိပ်ပြီးစိတ်မပူရလူးလေး။ဖုန်းလည်းမရှိ
    ဂတ်(စ်)အိုးလည်းမသုံးနိုင်ဘူးဆိုတော့။တော်သေးတာပေါ့။
    ပိုက်ဆံရှိရင်ဝယ်သုံးမိနေအုန်းမယ်။

Leave a Reply