မိုက်ခရိုဝေဖ့်ရဲ့ ဆိုးကျိုးများ

စေနDecember 15, 20106min36024

မိုက်ခရိုဝေဖ့် မီးဖို

နည်းပညာများ တစ်နေ့တစ်ခြား တိုးတက်ထွန်းကားလာသော ယနေ့လို ခေတ်ကာလမျိုးမှာ ဘယ်အရာမဆို ခလုပ်လေးတစ်ချက်နှိပ်ယုံနဲ့ အဆင်သင့် ရနိုင်လောက်တဲ့အထိ ခေတ်တွေ ပြောင်းလဲလာပြီ ဖြစ်ပါတယ်.. အစားအသောက်ချက်ပြုတ်ရာမှာလည်း ယခင်ကတော့ ထင်းမီးဖိုနဲ့ ချက်ပြုတ်ကြပါတယ်.. ဒီကမှ မီးသွေး၊ လျှပ်စစ်၊ဂက်စ် စသည်တို့နဲ့ ချက်ပြုတ်လာကြရာမှာ ခုတော့ အိမ်ရှင်မတွေအတွက် မိုက်ခရိုဝေဖ့်မီးဖိုနဲ့ လွယ်ကူလျှင်မြန်စွာနဲ့ သက်သက်သာသာ ချက်ပြုတ်နေကြပါပြီ.. အချိန်ကုန်လဲ သက်သာသလို လွယ်လဲလွယ်ကူတာကြောင့် လူသုံးများတဲ့ ရုပ်ဝတ္ထုပစ္စည်းတစ်ခုအဖြစ် နေရာယူလာပြီ ဖြစ်ပါတယ်.. ဒါပေမဲ့ နည်းပညာတွေနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေမှာ side effect ကတော့ အနည်းနဲ့ အများ ရှိနေတတ်ပါတယ်..  အခုလည်း တွင်တွင်ကျယ်ကျယ်နဲ့ အသုံးပြုနေကြတဲ့ မိုက်ခရိုဝေဖ့် မီးဖိုနဲ့ပတ်သက်ပြီး လေ့လာမိသလောက် ဆိုးကျိုးတွေ ရှိတာကို တွေ့ရပါတယ်.. ၎င်းကနေ ဖြာထွက်လာတဲ့ ပြင်းထန်တဲ့ လျှပ်စစ် သံလိုက်လှိုင်းတွေဟာ အစားအသောက်နဲ့ ရေတွေမှာ ပါဝင်တဲ့ မူလ ဓာတ်သဘာဝကို ပြုပြင်ပြောင်းလဲပစ်နိုင်စွမ်း အားကြီးပါတယ်..

မိုက်ခရိုဝေဖ့် မီးဖိုနဲ့ပတ်သက်ပြီး စမ်းသပ်ချက်တစ်ခုက သန့်စင်ထားတဲ့ ရေကို ယူလာပြီး ခွက် ၂ခုထဲကို ခွဲထည့်လိုက်ပါတယ်.. ပထမခွက်ထဲက ရေကိုတော့ ရိုးရိုး မီးဖိုက မီးနဲ့ ကျိုချက်လိုက်ပြီး နောက်ခွက်တစ်ခုကရေကိုတော့ မိုက်ခရိုဝေဖ့်ထဲ ထည့်ပြီး ကျိုချက်ပါတယ်.. ပြီးတော့ အဲဒီရေ၂မျိုးလုံးကို အေးသွားအောင် အအေးခံလိုက်ပါတယ်.. ပြီးတော့ ဖန်ပုလင်းတစ်ခုစီကို ရေတစ်မျိုးစီထည့်ပြီး အမျိုးတူအပင်ငယ်လေး ၂ပင်ကို ထည့်ထားလိုက်ပါတယ်.. နေ့တိုင်းလည်း ရေ၂မျိုးကို သူ့အိုးနဲ့သူ လောင်းထည့်ပေးပါတယ်.. ပြီးတော့ ထူးခြားဖြစ်စဉ်ကို စောင့်ကြည့်တဲ့အခါမှာ အံ့ဩစရာက သာမန်ရိုးရိုး မီးဖိုနဲ့ ကျိုချက်ထားတဲ့ ရေကိုထည့်ထားတဲ့ အပင်လေးဟာ လန်းဆန်းစွာ ရှင်သန်နေပြီးတော့ မိုက်ခရိုဝေ့က ထွက်လာတဲ့ရေနဲ့ စိုက်ထားတဲ့အပင်ကတော့ အရွက်တွေဟာ လန်းဆန်းခြင်းမရှိတော့သလို၊ ချည့်နဲ့စွာနဲ့ ရှင်သန်နေခဲ့ရပါတယ်.. ဒီလိုဆိုရင် ရေထဲမှာပါဝင်တဲ့ ပစ္စည်းတွေကို မိုက်ခရိုဝေ့ဖ်က ပြုပြင်ပြောင်းလဲပစ်လိုက်ပုံ ရပါတယ်..

စမ်းသပ်ထားတဲ့ အပင်ငယ်

နောက်ထပ် စမ်းသပ်ချက်တစ်ခုက အမျိုးအစားတူ အပင်ငယ်နှစ်ပင်ကို အိုးတစ်ခုစီမှာစိုက်ပျိုးထားပြီး ပထမအိုးကို  Microwaved water လို့ စာတန်းကပ်ထားပြီး အခြားတစ်အိုးမှာ Purified water လို့ စာကပ်ပါတယ်.. ကပ်ထားတဲ့အတိုင်းပါဘဲ ပထမပန်းအိုးကိုတော့ မိုက်ခရိုဝေ့ မီးဖိုနဲ့ ကျိုချက်ထားတဲ့ ရေကို နေ့စဉ်လောင်းပေးပြီး ဒုတိယအိုးကိုတော့ ရိုးရိုး မီးဖိုနဲ့ ချက်ပြီး အအေးခံထားတဲ့ရေကို လောင်းပါတယ်.. ပုံမှာ ကြည့်ပါရှင်…

ပထမဆုံးနေ့ အနေအထား

တတိယနေ့ အနေအထား

၅ရက်မြောက်နေ့ အနေအထား

ရရက်မြောက် အနေအထား

ကိုးရက်မြောက်အနေအထား( အပင်ကတော့ သေသွားရှာပြီ)

နောက်ဆုံးမှာတော့ မိုက်ခရိုဝေဖ့်က ရေနဲ့လောင်းတဲ့ပန်းအိုးက အပင်လေးဟာ တစ်ဖြေးဖြေး ညှိုးရော်လာပြီး ၉ရက်မြောက်နေ့မှာ အပင်ဟာ လုံးလုံးလျားလျား သေဆုံးသွားပါတော့တယ်. ဒီစမ်းသပ်ချက်ကို ပြုလုပ်သူက William P. Kopp ဖြစ်ပါတယ်ရှင်။

Prepared By: William P. Kopp

A. R. E. C. Research Operations
TO61-7R10/10-77F05
RELEASE PRIORITY: CLASS I ROO1a

ဒီတော့ ကျွန်မတို့ဟာ လွယ်ကူမြန်ဆန်တာနဲ့ဘဲ ဘေးထွက်ဆိုးကျိုးတွေရှိနေတဲ့ မိုက်ခရိုဝေဖ့် မီးဖိုတွေကို သုံးဖို့ မသုံးဖို့ စဉ်းစားရမှာပါနော်.. ဆက်လက်ပြီး မိုက်ခရိုဝေဖ့် နဲ့ ပတ်သက်တဲ့ ဆိုးကျိုးများကို ဖော်ပြရမယ်ဆိုရင်

မိုက်ခရိုဝေဖ့်ဖြစ့် ချက်ပြုတ်ထားသော အစားစာများကိုရေရှည် စားသုံးခြင်းအားဖြင့် ဦးနှောက်၏လုပ်ငန်းစဉ်များ နှောင့်နှေးခြင်းနှင့် ့အစားထိုးမရသော ဦးနောက်ဆဲလ်များ ယိုယွင်းခြင်းကို ဖြစ်စေနိုင်ပါတယ်။

လူ၏ ကိုယ်ခန္ဓာသည် မိုက်ခရိုဝေဖ့်ကြောင့် အသစ်ထပ်မံထွက်လာသော အော်ဂဲနစ်ပစ္စည်းများကို ပုံမှန်ချေဖျက်နိုင်ခြင်း မရှိနိုင်တော့သဖြင့် ကိုယ်တွင်းတွင် ကြာရှည်စွာ ခိုအောင်းနေနိုင်ခြင်းများ ဖြစ်စေနိုင်ပါတယ်.။

ကျားဟိုမုန်း၊ မဟိုမုန်း ထွက်စေသည့် ဖြစ်စဉ်များကို ပြောင်းလဲစေနိုင်ခြင်း၊ မညီမျှစေခြင်း၊ လျော့နည်းသွားခြင်းများ ဖြစ်စေနိုင်ပါတယ် ။

မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်ထားသော အစားအသာက်များတွင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် အဟာရဓာတ်များ လျော့နည်းသွားခြင်းသော်လည်း လျှပ်စစ် သံလိုက်လှိုင်းများကြောင့် အခြားဓာတ်ပေါင်းများ အဖြစ်သို့ ပြောင်းလဲသွားခြင်းသော်လည်းကောင်း ဖြစ်နိုင်သောကြောင့်  စားသောက်သူအတွက် အကျိုး ဖြစ်ထွန်းမှု နည်းပါးပါတယ်.. ၎င်းအပြင် ဖြစ်ပေါ်လာသော ဓာတ်ပေါင်းများကိုလည်း ခန္ဓာကိုယ်က အလွယ်တကူ ချေဖျက်နို်င်စွမ်း နည်းပါးပါတယ်.

အသီးအရွက်များတွင် ပါဝင်တတ်သော သတ္တုဓာတ်မှာလည်း မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်လိုက်ပါက ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုးပစ္စည်းများ အဖြစ်သို့ ပြောင်းလဲသွားစေနိုင်ပါတယ်..

မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်ထားသော အစားအသောက်သည် အစာအိမ်၊ အူမကြီး၊ သွေးတို့တွင် ကင်ဆာ  ဖြစ်နိုင်ချေ ပိုမိုများပြားပြီး ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို လျော့နည်းစေနိုင်ပါတယ်

မိုက်ခရိုဝေဖ့်ဖြင့် ချက်ပြုတ်သော အစားအသောက်များသည် မှတ်ဉာဏ်အားနည်းခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်း၊ စိတ်လှုပ်ရှားလွယ်ခြင်း၊ ထက်မြက်သော ဉာဏ်ရည်ဉာဏ်သွေး လျော့နည်းလာခြင်း တို့ကိုဖြစ်စေနိုင်ပါတယ်.

ဒီလိုဆိုရင် ကျန်းမာရေးအရ မိုက်ခရိုဝေဖ့်မီးဖိုတွေကို အမြဲတမ်း မသုံးစွဲသင့်ကြောင်းကို လေ့လာတွေ့ရှိချက်တွေက ညွှန်ပြနေပါတယ်.. ကမ္ဘာအနှံ့မှာ မိုက်ခရိုဝေဖ့် မီးဖိုများကို သုံးစွဲနေကြသော်လည်း ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ အချို့သောပိုက်ဆံရှိ အိမ်ထောင်စုများမှ လွဲ၍ အသုံးပြုကြသူ နည်းပါးပါသေးတယ်..  ဘယ်လိုပင်ဖြစ်စေကာမူ မိုက်ခရိုဝေဖ့်ကို အမြဲတမ်းအသုံးမပြုဘဲ ရိုးရိုး သာမာန် လျှပ်စစ်မီးဖို ဂက်စ်မီးဖို၊ ထင်းမီးသွေး မီးဖိုတို့ကိုသာ တတ်နိုင်သမျှ အသုံးပြုသင့်ကြပြီး  ရံဖန်ရံခါလောက်သာ အသုံးပြုသင့်ပါတယ်လို့ ကျန်းမာရေးပညာရှင်များက တိုက်တွန်းထားပါတယ်ရှင်..

သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေရှင်……

24 comments

  • bigcat

    December 15, 2010 at 6:27 am

    ဦးကြောင်ကြီးကို ဗေဒင်က အသက်၁၂ဝထိနေရမယ်လို့ ဟောထားတာ ဒီအတိုင်းဆို ၁၀ဝ အလွန်ဆုံးပဲနဲ့ တူပါ့။ ေဩာ် အနိစ္စ ဒုက္ခ အနတ္တ။

  • weiwei

    December 15, 2010 at 6:44 am

    ဆိုးကျိုးသိပေမယ့်လဲ သုညအောက်အေးတဲ့ဒေသမှာနေရတော့လဲ မတတ်နိုင်ဘူး … အဲဒါနဲ့မှ နွှေးမစားရင် ရေခဲထမင်း ရေခဲဟင်း စားရမှာ 😛

    မြန်မာပြည်မှာနေရတာ တော်တော်ကံကောင်းတယ်နော် … 🙂

  • အာဖျံ ကွီး

    December 15, 2010 at 7:03 am

    အမလေး မီးလေးရယ် 🙁
    ကျေးဇူးပါပဲ
    microwave နဲ.ချက်ပီးရင် vibration တွေကျန်နေသေးလို. ချက်ချင်းမစားပဲ 15 minute လောက်မှစားရတရ် … ဆိုတာလောက်ပဲသိထားတာ … 🙁
    ကျေးဇူးပါပဲ

  • meelay

    December 15, 2010 at 7:35 am

    ဒီစာလေးကို ဖတ်မိပြီး မဝေရဲ့ မိုက်ခရိုဝေဖ့်နဲ့ ဟင်းအလွယ်ချက်နည်းတွေကို သတိရလို့ တင်ပေးလိုက်တာပါ… 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 15, 2010 at 8:32 am

    ဟီဟိ
    အင်္ဂလိပ် ဘိန်းမုန် ့(pizzahurt ) နဲ ့ အင်္ဂလိပ် ဘာမုန် ့လဲတိဝူး (hambaker) စားတဲ့လူတွေတော့နာပြီ
    ဒါကြောင့် အောင်ပုတို ့ကတော့ ကစွန်းဥ ဖုတ်ဘဲစားတယ်
    ဒေါ်အာဖျံကွီးကိုလည်း ကျေးဂျူးပါ (microwave နဲ.ချက်ပီးရင် vibration တွေကျန်နေသေးလို. ချက်ချင်းမစားပဲ 15 minute လောက်မှစားရတရ် )
    ခုမှသိတယ် စားလာတာ နိုင်ခြံဂါးရောက်ကတည်းက
    စိတ်ထင်တော့ ဝေ့ဗ် လုပ်တဲ့အချိန်မှာထွက်တဲ့ အငွေ ့တွေက စက်ထဲမှာ အောင်းနေပြီး ဖြစ်လာတာလားတိဝူးနော်။

  • ဆူး

    December 15, 2010 at 8:59 am

    ပြောလို့သာ ပြောတာ အဲဒီ မီးဖိုကြီး အကြောင်း ပြောရရင်.. မနေ့က အမေက ပြောတယ် ရေခဲ သေတ္တာထဲမှာ ရှိတဲ့ ပုဇွန်ခြောက်ကြော ငါ့ကို နွေးပေးအုန်းတဲ့.. စကား တပြောပြောနဲ့ ၂မိနစ်လောက် ပေးရမှာ ၅မိနစ်ပေးမိလို့.. ပုဇွန်ခြောက်ကြော် မီးသွေးတုံးဖြစ်သွားတယ်။ အဆူခံထားရလို့ စိတ်နာနေတာ.. 🙁
    အမေကို ပြန်ပြောလိုက်မယ်.. ဒီမီးဖိုကြီး လွင့်ပစ်လိုက်တော့လို့.. 😛

  • char too lan

    December 15, 2010 at 9:24 am

    ပုံမမြင်ရဘူးဗျ အိမ်မှာကထင်းနဲချက်တာဆိုတော့ မစိုးရိမ်ရဘူး 🙂

  • kai

    December 15, 2010 at 9:30 am

    အဟမ်း…။
    သိပ်တော့ မဖြစ်နိုင်လောက်ဘူးထင်ပါတယ်..။ အနောက်နိုင်ငံတွေရော..တိုးတက်တဲ့နိုင်ငံတွေမှာပါ..မိုက်ကရိုဝေဗ့်အာဗင်နဲ့ချက်နေတာ… ရာစုနှစ်ဝက်ကျိုးနေပြီ..အဲဒီကလူအသက်တမ်းတွေက .. သာမန်တတိယနိုင်ငံ(မိုက်ခရိုဝေဗ့်မသုံးတဲ့နိုင်ငံ)တွေထက်ပိုရှည်ကြပါတယ်..။

    မိုက်ခရိုဝေဗ်မှာ အန္တရယ်တကယ်ရှိတာက ..လက်ကိုင်ဖုန်းလို ဒစ်ဂျစ်တယ်တွေကို လေထုထဲကပို ့လွတ်တဲ့စံနစ်တွေမှာလို့သာ ထင်မိပါတယ်..။
    ဒါတောင်လူကိုအန္တရယ်ဖြစ်နိုင်တဲ့စည်းဘောင်သတ်မှတ်ထားပြီး ..အဲဒါကျော်မှဖြစ်တာပါ..။ဒါကြောင့် ဖုန်းထုတ်တဲ့ကုမ်ပဏီတွေအားလုံးက ..စံနစ်တကျအစစ်ဆေးခံပြီးမှ ..ထုတ်ကြရတာပါ..။ မြန်မာပြည်လို.. ဂရေးမားကက်ပစ္စည်းတွေ လက်ခံဝယ်..သုံးစွဲနေရင်တော့ တမျိုးပေါ့..။

    ဟင်းချက်..အပူပေးတဲ့ အာဗန်ဆိုတာက… ဘာမှထူးထူးဆန်းဆန်းလုပ်ထားတာမဟုတ်ပါဘူး..။
    လျှပ်စစ်ဓါတ်ကို ကြိမ်နှုန်းမြင့်ပေးလိုက်တော့ … အသားအထဲကရေ၊ဆီစတာတွေက(မော်လီကျုူးတွေက) … ကြိမ်နှုန်းမြင့်လို့တုန်ခါ ပူလောင်လာတာပဲလို့ သာမန်နားလည်နိုင်ပါတယ်..။
    ၁၅မိနစ်လည်းစောင့်စရာမလိုပါဘူး..ဘာvibration မှလည်းမကျန်ပါဘူး..။
    တခုပါပဲ.. သတ္တုလို ..လျှပ်စစ်ဓါတ်ဖြတ်စီးဆင်းတာ လွယ်တဲ့ အရာတွေမထည့်မိဖို့ပါပဲ..။
    အဲဒါဆို..ကြိမ်နှုန်းမြင့်လွန်းတာကြောင့် .. အပူထွက်တာအရမ်းများပြီး .. မီးတွေပါတွေပွင့်ကုန်မှာမို ့ပဲဖြစ်ပါတယ်..။

    တိုးတက်တဲ့ ခေတ်ပစ္စည်းတွေကို ..စိတ်ချလက်ချ သုံးကြပါခင်ဗျား.။
    ယူအက်စ်မှာ ..လူထုကျမ်းမာရေး..ထိခိုက်မဲ့အရာအားလုံးကို.. စမ်းသပ်ခန်းတင်ပြီးစစ်ဆေးနေတဲ့ ..အဖွဲ ့အစည်းကြီးတွေအများကြီးရှိပါတယ်..။ ဒေါက်တာအဆင့်..။မာစတာအဆင့်တွေ..ထောင်သောင်းချီပြီး နေ ့တိုင်း အလုပ်လုပ်နေကြတာပါ..။ သူတို့က.. ကုန်ပစ္စည်းတခု..စားသောက်စရာတခုထွက်ပြီဆို..စံနစ်တကျစစ်ဆေးပါတယ်..။ အပြစ်ကင်းမှ စက်ရုံတင်.ထုတ်ခွင်ပြုတာပါ..။
    ထုတ်ပြီးသားကိုလည်း .. အချိန်အခါမရွေးလှမ်းလှမ်းစစ်ပါတယ်..။

    ပြောရရင်.. ထင်းနဲ့ချက်တာကမှ… လူအသိုင်းအဝိုင်းအတွက်.. တော်တော်ဒုက္ခများနိုင်ပါတယ်..။
    ထင်းမီးသွေးကြောင့် သစ်ပင်ပြုန်းတီးကုန်လို့ ..ပါတ်ဝင်းကျင်ထိခိုက်တယ်..။ ရာသီဥတုထိခိုက်တယ်..။ နောက်တော့ ..နာဂစ်လို..ဂီရိလိုမုန်တိုင်းတွေ..နဲ့လူတွေအသက်ပါပြန်နှုတ်တော့တာပါပဲ..။
    ကာဗွန်တွေတိုက်ရိုက်ထွက်သမို ့.. ချက်တဲ့အစားအသောက်လည်း စားမကောင်းပါဘူး..။ ကင်ဆာဖြစ်နိုင်ချေလည်းများပါတယ်.။

    အဲဒီလို…။ 🙂

  • MaMa

    December 15, 2010 at 10:10 am

    တော်ပါသေးရဲ့။ နို့မို့ဆို microwave နဲ့တောင် ချက်မစားရဲတော့ဘူး ဖြစ်နေတာ။ ခုမှဘဲ မြန်ကောင်းသက်သာကို ဆက်သုံးရတော့မယ်။ ကျေးဇူးပါ။

  • intro

    December 15, 2010 at 12:40 pm

    တို့ကတော့ လွယ်လွယ်ကူကူ Gas နဲ့ပဲ ချက်တယ်…. (ဟီဟီ ကိုယ်မှ ဝယ်မသုံးနိုင်တာ)

  • yawhan

    December 15, 2010 at 1:15 pm

    ခေတ်ကြီးကိုက စိစစ်မှုတွေများလာ အမျိုးမျိုးသော တွေ့ရှိမှုတွေ တွေ့လာ…
    အင်း….အသက်ကိုညဏ်စောင့်ဆိုသလိုပေါ့ ချင့်ချိန် သုံးသပ်ကြပေါ့နော…
    သေတာတော့ သေကြရမှာပါ…

  • unclegyi1974

    December 15, 2010 at 3:30 pm

    ဆူး ရေ လွှင့်ပစ်မယ်ဆိုကြိုပြောနော်
    အိမ်အရောက်လာယူမယ်
    သွားလွှင်ပစ်ရင်အလုပ်ရှုတ်နေမှာစိုးလို့ပါ

    • kai

      December 15, 2010 at 7:17 pm

      အဲဒါမျီုးဗမာစိတ်နဲ့..ဂျပန်မှာနေတုန်းက ..လိုက်လိုက်ကောက်လိုက်တာ..
      အိမ်ခန်းလေးထဲ.. ရေခဲသေတ္တာ၊ တီဗီ၊ မိုက်ကရိုဝေ့ဗ်တွေ ပုံနေဖူးတယ်..။ 🙂

  • weiwei

    December 15, 2010 at 3:35 pm

    ကျွန်မနဲ့ ဆူးနဲ့က အိမ်နီးနားချင်းတွေ … အန်ကယ်ကြီးလာယူရတာ ပင်ပန်းပါတယ် … ကျွန်မပဲ သွားယူလိုက်တော့မယ် … 😛

  • ဆူး

    December 15, 2010 at 3:45 pm

    အပေးအယူကတော့ တည့်နေကြတယ်။ ဆူးတောင် မနေ့က အဆူခံထားရလို့.. သိပ်မပြောရဲလို့ မပြောရသေးဘူး။

  • bigcat

    December 16, 2010 at 1:49 am

    ကင်ဆာဖြစ်နိုင်လို့ မိုက်ကရိုဝေ့ဗ်ထဲကို ပလပ်စတစ်၊ ကော်ခွက်၊ မယ်လမင်းခွက်တွေ ထည့်မနွေးနဲ့၊ ဖန်ခွက်၊ ကြွေပန်းကန်တွေပဲ သုံးသင့်တယ်လို့ မှတ်ထားပါသည်။

  • kai

    December 16, 2010 at 5:13 am

    မှန်ပါတယ်..။ ပလပ်စတစ်၊မီလာမင်းတွေမှာ ပါတဲ့ဓါတ်တမျီုးက ..အပူနဲ့တွေ့ရင် ..ဓါတ်တမျိုုးထုတ်ပြီး .. အဲဒီဓါတ်က..အပူပေးနေတဲ့အသား..ဟင်းရွက်ထဲသွားစွဲပါတယ်တဲ့..။
    အဲဒီဓါတ်ကကင်ဆာဖြစ်စေတယ်လို့ ..ဆိုပါတယ်..။
    ဒါကြောင့်.. ယူအက်စ်ကခွက်တွေ..ပလပ်စတစ်ဗူးတွေထုတ်ရင်.. မိုက်ကရိုဝေဗ့်သုံးနိုင်တဲ့ အမှတ်အသားလေးပါထည့်ပေးပါတယ်.။
    အဲဒီ မိုက်ကရိုဝေ့ဆေ့ဗ်မပါရင်..မသုံးသင့်ပါဘူး..။

  • member

    December 16, 2010 at 6:38 am

    အခုလိုသိထားရတော့ ဆင်ခြင်လို့ရတာပေါ့၊post တင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

  • moethidasoe

    December 16, 2010 at 9:05 am

    ထင်းမီးသုံးတော့ သစ်တော ပြုန်းတီးတယ် .. ကာဘွန်ဓါတ်ငွေ့တွေကြောင့် ဖန်လုံအိမ် ဘာဖြစ်တယ် ညာဖြစ်တယ် .. မီးသွေးလဲ အလားတူ ပြောကြပြန်တယ် ..
    ဟိုတုန်းကတော့ ရေနံဆီ မီးဖို သုံးခဲ့ကြသေးတယ် .. အခု ရေနံ မရှိတော့ ဒီဇယ်မီးဖို ဆိုတာ လုပ်လာပြန်တယ် .. သူ့ကိုသုံးတော့ .. ဒီဇယ် အနံ့က တော်တော် ဆိုးတယ် .. မှိုင်းအထွက်တော့ နည်းတယ် ..
    ဂက်စ် သုံးမယ် ဆိုတော့ အစိုးရဈေးနဲ့ ရတဲ့လူတွေ အလုပ်ဖြစ်ပါတယ် .. ပိုလို့ ပြန်ရောင်းတာတောင် တစ်လကို သောင်းနဲ့ချီပြီး မြတ်သေးတယ် .. ဒါပေမယ့် လူနပ်ချမ်းသာပါ ..
    လျှပ်စစ် မီးဖို သုံးမယ် ဆိုပြန်တော့ လျှပ်စစ်မီးက မရ .. နွေဆိုရင် ဖုံတောင် တက်လို့ ..
    နောက်တစ်မျိုး .. သံလိုက်စွမ်းအင်သုံးမီးဖို တဲ့ .. လျှပ်စစ်ကို သံလိုက်စွမ်းအင်ဖြစ်အောင် လုပ်ပြီး သုံးတာ လို့ ဆိုတယ် .. သူလဲ လျှပ်စစ် မရရင် ဘာမှ လုပ်မရသလို .. ဒန်အိုးနဲ့လဲ ချက်လို့ မရ ..
    မီးချောင်းသုံး ဆိုတာကတော့ လျှပ်စစ်မီးချောင်းကို သုံးတာ ဓါတ်တော့ မလိုက်နိုင်ဘူးပေါ့ .. အပျက် များတယ် .. လျှပ်စစ် မရရင် ချက်မရပြန်ဘူး ..
    အင်တာနက်နဲ့ စလောင်းက ပြတဲ့အထဲမှာ အလင်းပြန် စလောင်းကို သုံးပြီး နေရောင်မီးဖိုတွေ လုပ်ခဲ့သေးတယ် တဲ့ .. နေပူထဲ ထွက်လုပ်ရမှာ ဆိုတော့ ရေနွေးတယ်တာလောက်ပဲ ဖြစ်နိုင်မှာ ..
    အခု မိုက်ကရိုဝေ့ဖ် ဆိုတာကလဲ လျှပ်စစ်မီး လိုပြန်ရော ..
    အလိုအလျှောက် ဘာမှ မလုပ်ပဲ သုံးလို့ရတာများ ရှိရင် ကောင်းမှာနော် ..
    (ကလေးအတွေးမျိုးဆိုရင် ချက်ပြီးပြုတ်ပြီး အဆင်သင့် ရှိမယ့် ပဒေသာပင်များ ဘယ်တော့ ပေါ်မှာလဲ ဟင်)

    • kai

      December 16, 2010 at 10:41 am

      ပေါ်နေပြီလေ..။ လမ်းထိပ်ထွက်ပြီး..လိုချင်တာ…လက်ညိုးထိုးယုံပဲ..။
      စားစရာဆိုလည်းပူပူနွေးနွေးလတ်လတ်ဆပ်ဆပ်..။
      စားပြီးရင်လည်း..စက္ကူလေးတွေ ပြန်ပေးစရာမလိုပါဘူး..။ ပလပ်စတစ်ကဒ်တခုထုတ်.. ရှေ ့မှာတွေ့တဲ့ စက်ရဲ့ စလိုက်လုပ်တဲ့နေရာတချက်ကောက်ဆွဲလိုက်… ပြီးရောပဲ..။

      လွန်ခဲ့တဲ့ အနှစ် ၂၅၀ဝကနေ.. ပြီးခဲ့တဲ့ နှစ် ၂ဝအထိ.. သမိုင်းထဲကလူတွေ… အခုဖြစ်နေတာကို ..ဒိဗ်ဗစက္ကုနဲ့ကြိုမြင်မိရင်… .ပဒေသာပင်ကို.. လူတွေသွားဆွတ်ခူးစားနေတယ်ပြောမှာပေါ့..။
      မြောက်ကျွန်းသူမြောက်ကျွန်းသားတွေလေ…။
      (ဒါတောင် အင်တာနက်ကနေ..ဆဲလ်ဖုန်းနဲ့ ထိုင်ရာမထ .. မှာနိုင်တာမပြောသေးဘူး..) 🙂

  • ဆူး

    December 16, 2010 at 2:59 pm

    တခါ နိုင်ငံခြား သတင်းတခုမှာ ကြည့်မိဘူးတယ်။ ကပ္ပလီ နိုင်ငံတခု ဖြစ်မယ် ထင်တယ် လူမဲ အမျိုး သမီးကြီးတွေ.. ဟင်းချက်ချင်တိုင်း အဲဒီ နေရာ တခုသွားပြီး ချက်ကြတယ်။ ထိုနေရာက မီးတောင်မပေါက်ကွဲသေးတဲ့ နေရာလိုမျိုး.. တွင်းကလေး တခု အတွင်းက မီးအပူတွေ ထွက်နေတာ ချောရည်တွေ ရှိနေသလိုမျိုး.. တီဗွီလိုင်းမှာ မြင်မိတာ.. အန်တီ မိုးတို့ မိသားစု အဲဒီ သွားပါလား.. ဟင်းချက်ရင် အဲဒီ တွင်းပေါက်ကလေးပေါ် အိုးကလေးတင်ပြီး ချက်လိုက်ပေါ့.. ဘာလောင်စာမှ မလိုဘူး။ သဘာဝမီးဖိုလေးပေါ့။

  • moethidasoe

    December 17, 2010 at 5:26 am

    အောင်မြတ်လေး .. Denti Peak ကြည့်ပြီးကတည်းက မီးတောင်ဆို ဝေါင်ဝေါင်ရှေး ပဲ .. အင်ဒိုမှာ ဖြစ်တာတွေကို စလောင်းက ပြတော့ ပို ကြောက်သေး .. (သူက တစ်ကယ်ကြီးကိုး)
    ဆူးက အချွန်နဲ့ မတာ .. အန်တီကို မမြင်ချင်တော့ဘူးနဲ့ တူတယ် ..

    • ဆူး

      December 17, 2010 at 7:14 am

      အနိစ္စသဘောနဲ့ ကိစ္စချောအောင် လုပ်တာ မဟုတ်ပေမဲ့ လွယ်ကူ သက်သာ ဖြစ်အောင် သတင်းပေးတာပါ။ မကြိုက်တော့လည်း နောက်တနည်း စဉ်းစားပေးမယ်။ အကြံရရင် လာပေးမယ်နော်.. အန်တီ..
      အန်တီကို မမြင်ချင် မရှိပါဘူး.. အန်တီရယ်.. အန်တီကိုမှ မမြင်ရတာ.. ဟီးဟီး.. နောက်တာနော်

  • weiwei

    December 17, 2010 at 6:37 am

    ဆူးကတော့ ရန်ကုန်မှာနေရတာ တရားရလွယ်တယ်လို့ ကုသိုလ်ရတယ်လို့ တစ်ခါပြောဖူးတယ် … မီးလာရင် လာတယ်မှတ်တယ် .. မလာရင် မလာဖူးလို့မှတ်တယ် … အနိစ္စပေါ့ … လုပ်ချင်တာလုပ်လို့မရတော့လဲ ဒုက္ခ ဒုက္ခနဲ့ ဒုက္ခကို ကောင်းကောင်းနားလည်တယ်တဲ့ … ကိုယ့်သဘောအတိုင်း မဖြစ်ပဲ သူ့သဘောသူ ဆောင်နေတော့လဲ အနတ္တကို ဆင်ခြင်နိုင်တယ်တဲ့ …

    ဗမာပြည်မှာ လူဖြစ်ရတာ ဘယ်ဘက်ကကြည့်ကြည့် ကံကိုကောင်းတာ … 🙂

Leave a Reply