ရွှေနိုင်ငံကုမ္ပဏီ တစ်သောင်းတန် အစုရှယ်ယာ အမြတ်ငွေ ၂၅၀ဝ ပေးဟုဆို

BayoteApril 10, 20101min1263

အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် ရွှေနိုင်ငံအရှေ့အာရှဖွံ့ဖြိုးတိုးတက်ရေးလီမိတက်က ထုတ်ဝေရောင်းချသော ကျပ်တစ်သောင်းတန် အစုရှယ်ယာ တစ်ခု လျှင် အမြတ်ငွေ ၂၅၀ဝ ကျပ်ပေးအပ်ကြောင်း အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ အဆိုပါကုမ္ပဏီက အစုရှယ်ယာ တစ်စု လျှင် ကျပ် ၁၀,၀၀ဝ သတ်မှတ်ပြီး အစုရှယ်ယာ ကျပ်တစ်သိန်းတိတိကို ထုတ်ဝေ ရောင်းချခဲ့ရာ အစုရှယ်ယာ ၈၃,၉၇၅ အထိ ရောင်းချ ပေးခဲ့ရပြီး ရောင်းချ သည့် အစုရှယ်ယာတစ်စုလျှင် ၂၅ ရာခိုင်နှုန်း အမြတ်ပေးကြောင်း ကုမ္ပဏီတာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ ရောင်းချရန် ကျန်ရှိသည့် အစုရှယ်ယာ ၁၆,၀၂၅ စုကိုလည်း ယခုအခါ လုပ်ငန်းများတိုးချဲ့ရန် အများပြည်သူသို့ ပြန်လည် ရောင်းချနေပြီ ဖြစ်ကြောင်း ၎င်းကဆိုသည်။ သို့ရာ တွင် အဆိုပါ အများပိုင်ကုမ္ပဏီမှ ဝယ်ယူထားသည့် အစုရှယ်ယာများကို အများပြည်သူများအတွင်း ပြန်လည်ရောင်းချမှု မရှိသေးကြောင်း ကုမ္ပဏီ တာဝန်ရှိသူက ရှင်းလင်းပြောဆိုသည်။ ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်သည် ဆန်စပါး၊ ပဲမျိုးစုံ အပါအဝင် လယ်ယာ ထွက်ကုန် များကို ပြည်တွင်းပြည်ပတွင် ရောင်းဝယ်ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပြီး သစ်နှင့် သစ်တောထွက်ပစ္စည်း ပြည်တွင်းပြည်ပ ရောင်းဝယ်မှုလုပ်ငန်း၊ ရေထွက်ကုန်ပစ္စည်း ပြည်တွင်ပြည်ပ ရောင်းဝယ်မှုလုပ်ငန်း၊ စက်ရုံသုံးပစ္စည်း ကုန်ကြမ်း ပစ္စည်းများ ထုတ်လုပ်ခြင်း၊ တင်သွင်းဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ၊ စားသောက်ကုန်နှင့် အထွေထွေ ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်း၊ ရေကြောင်း၊ လေကြောင်းနှင့် ပြည်တွင်းပြည်ပသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ သတ္တုတွင်း သယံဇာတများကို ထုတ်လုပ်ပြီး ပြည်တွင်းပြည်ပတင်ပို့ ရောင်းချသည့် လုပ်ငန်း၊ မီးရထားအပါအဝင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက တရားဝင်ထုတ်ပြန်သည်။ ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်သည် တရုတ် Guangxi Baoyuan Real Estate Development ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းကာ Guangxi China-Myanmar Real Estate Development ဖက်စပ် ကုမ္ပဏီ ထူထောင်ကာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်းဇီးပြည်နယ်၊ နန်နင်းမြို့တွင် စီးပွားရေးအဆောက်အအုံ Commercial Complex နှင့် မြန်မာစီးပွားရေး ကိုယ်စားလှယ်ရုံး Myanmar Liaison Office ဖွင့်လှစ်ရန် အစီအမံများ ချမှတ်လုပ်ဆောင်လျက်ရှိသည်ဟု ကုမ္ပဏီ၏ တရားဝင် ထုတ်ပြန်ချက်အရ သိရှိရသည်။ အများပိုင် ကုမ္ပဏီဖြစ်သော ရွှေနိုင်ငံအရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက်၏ သတ်မှတ်မတည်ငွေရင်းမှာ ကျပ်သန်းတစ်ထောင်တိတိ ဖြစ်သည်ဟု ကုမ္ပဏီထုတ်ပြန်ချက်များတွင် ဖော်ပြထားကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

3 comments

  • မယုံနှိုင် ပါ

    April 11, 2010 at 2:29 am

    arrowဗလာစာအုပ်တုံးကလည်း ရှယ်ယာ အမြတ်တွေ ကြမ်းလို့ဘယ် ရှေ့နေ ငှားရ မှန်း မသိ ခဲ့…
    မယုံ ကြနဲ့ ယုံ ရင် ကုန် ပြီလို့ မှတ်ပါ…။ရှယ် ရာတွေ ကြောက် လွန်းလို့ ကိုယ်တွေ နော်…….။

  • မယုံနှိုင် ပါ

    April 11, 2010 at 2:30 am

    arrowဗလာစာအုပ်တုံးကလည်း ရှယ်ယာ အမြတ်တွေ ကြမ်းလို့ဘယ် ရှေ့နေ ငှားရ မှန်း မသိ ခဲ့…
    မယုံ ကြနဲ့ ယုံ ရင် ကုန် ပြီလို့ မှတ်ပါ…။ရှယ် ရာတွေ ကြောက် လွန်းလို့ ကိုယ်တွေ့ နော်…….။

  • wailynnoo

    June 5, 2010 at 9:23 am

    ရှယ်ယာဝယ်ရမယ့်လိပ်စာလေးပြောပြပါလား။

Leave a Reply