အိမ်ထောင်ကျခြင်း (၁)

ashinindakaDecember 15, 20101min60926

ဟိုတစ်နေ့က တရုတ်ဗုဒ္ဓဘာသာဝင်တစ်ဦးရောက်လာတယ်။
ဟိုအကြောင်း ဒီအကြောင်းစပ်စုပြီး
ဗုဒ္ဓဘာသာဝင်တို့ရဲ့ပန်းတိုင်ဖြစ်တဲ့နိဗ္ဗာန်အကြောင်းမေးပါတယ်။

တချိန်တည်းမှာဘဲ
ဒီနိဗ္ဗာန်ကို ရောက်ဖို့ ရဖို့ ခံစားရဖို့ တွေ့ကြုံရဖို့ ရဟန်းမဖြစ်မနေပြုရပါသလား။
ဗုဒ္ဓဘာသာရှုဒေါင့်က အိမ်ထောင်ပြုမှုအပေါ် ဘယ်လိုမြင်ပါသလဲလို့ ဆက်မေးပါတယ်။

အိမ်ထောင်ပြုခြင်း ဆိုတာ လူ့မှုလုပ်ငန်းတွေထဲက လုပ်ရိုးလုပ်စဉ်တစ်ခုပါ။
ဒီအိမ်ထောင်ပြုခြင်းလို့ခေါ်တဲ့
သားမှတ်မှတ် မယားမှတ်မှတ်ပေါင်းသင်းဆက်ဆံခြင်းဆိုတာ
လူသားမှာ မရှိမဖြစ်လိုအပ်ပါတယ်။

လူနဲ့ တိရိစ္ဆာန် မတူတဲ့ အချက်တွေထဲမှာ
ဒီအချက်က အဓိကပါဝင်တယ်လို့ ဆိုချင်ပါတယ်။

ဒါ့ကြောင့် လူတစ်ဦးတစ်ယောက်အိမ်ထောင်ပြုတာဟာ
ကုသိုလ်၊ အကုသိုလ်နဲ့ မဆိုင်ပါဘူး၊
အိမ်ထောင်ပြုတာ ကောင်းတယ်၊ အိမ်ထောင်ပြုတာ မကောင်းဘူးလို့ ပြောလို့မရပါဘူး။

ဒီထက်ရှင်းရှင်းပြောရရင်
အိမ်ထောင်ပြုတာဟာ ဘာသာရေးနဲ့လုံးဝ မပတ်သက်ပါဘူး။
အိမ်ထောင်ပြုတယ် မပြုဘူးဆိုတာ ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။

လူဖြစ်လာလို့ လူ့လုပ်ရိုးလုပ်စဉ်တစ်ခုကို လုပ်လိုက်တာပါဘဲ။

ဗုဒ္ဓဘာသာက လူတစ်ဦးတစ်ယောက်ကို အိမ်ထောင်ပြုပါလို့လဲ မတိုက်တွန်းပါဘူး။
ဘုန်းကြီး၊ သီလရှင်ဝတ်ပါလို့လဲ မတောင်းဆိုပါဘူး။

ကိုယ်ဖြစ်ချင် လုပ်ချင်တဲ့အရာကို ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ချက်ချကာ
ကိုယ်လုပ်တဲ့လုပ်ငန်းက ဖြစ်ထွန်းလာတဲ့ အကျိုးဆက်ကို
ကိုယ်ကဘဲ တာဝန်ယူရတာ ဗုဒ္ဓဘာသာပါ။

ဒါပေမဲ့လဲ အိမ်ထောင်ရေးမှာ လောလောဆယ်ကျင့်သုံးနေတဲ့
တစ်လင် တစ်မယားဓလေ့ထုံးစံ၊ မယားပြိုင်ဓလေ့ထုံးစံတွေနဲ့ပတ်သက်လို့
ဘယ်ဓလေ့ထုံးစံကို ကျင့်သုံးရမယ်လို့ ဗုဒ္ဓဘာသာစာပေမှာ တိတိပပ မတွေ့ရပေမဲ့
တစ်လင်တစ်မယားစနစ်ကိုသာ ဦးစားပေးအကြံပြုထားတဲ့ သုတ္တန်တွေ အတော်တွေ့ရပါတယ်။

အိမ်ထောင်ကျပြီးသား အမျိုးကောင်းသား အမျိုးကောင်းသမီးဟာ
တစ်ဦးအပေါ် တစ်ဦးသစ္စာရှိဘို့၊
မိမိလင်ယောက်ကျား (သို့) မိမိဇနီးမယားမှတပါး
တခြားသူနဲ့ မကျူးလွန်ဘို့၊ မပစ်မှားဘို့ စတဲ့
ပျော်ရွှင်ချမ်းမြေ့တဲ့အိမ်ထောင်ရေးအတွက် အကြံပေးထားတာတွေ ရှိပါတယ်။

ဗုဒ္ဓစာပေတစ်နေရာမှာ
“ကိုယ့်မိန်းမမှတစ်ပါး တခြားသောမိန်းမတွေနဲ့ ကျူးလွန်ဖောက်ပြန်တာဟာ
စီးပွါးရေး လူမှုရေးစတဲ့လုပ်ငန်းတွေအဆင်မပြေမှုရဲ့  အဓိကတရားခံဘဲ” တဲ့။

ဒါ့ကြောင့်
လူသားတိုင်း ခါးဝတ်ပုဆိုးလို (ခါးဝတ်ဘောင်းဘီလို)
ခိုင်မြဲအောင်ကျင့်ဆောင်ရမဲ့ငါးပါသီလထဲမှာ
ဒီအိမ်ထောင်ရေးဖောက်ပြန်မှုမှ ရှောင်ကြည်ရမဲ့သီလကို ထည့်သွင်းထားတာလို့ ယူဆနိုင်မယ်။

26 comments

  • search123

    December 15, 2010 at 8:04 am

    စင်တင်စားသောက်ဆိုင်တွေ ကို အမြဲလိုလို သွားနေတဲ့သူတွေ။
    small လေးတွေ ကို sponser ပေးနေတဲ့သူတွေ ဖတ်မိကြရင်ကောင်းမယ်။
    ထင်ရာလုပ်ပြီး အဆင်မပြေရင် အိမ်က မိန်းမပြဿနာရှာတဲ့ သူတွေ အတွက် စဉ်းစားရမဲ့ အချက်ပေါ့။

    • ashinindaka

      December 15, 2010 at 8:07 am

      အိမ်း။ ဘာသာရေးရှုဒေါင့်က သိသင့်တာလေးတွေ ရေးပြအုံးမှ။ ဒီကိစ္စလေးတွေနဲ့ပတ်သက်လို့။

  • kai

    December 15, 2010 at 9:06 am

    ဂေါတမဘုရားလက်ထက်တော်က … မင်းညီမင်းသားဘုရင်ငယ်တွေအားလုံးလိုလို မိဖုရားများပြားစွာနဲ့နေကြတယ်လို့ ဖတ်ဖူးပါတယ်..။
    ဂေါတမမြတ်စွာဘုရားဆီမှာ..ဆွမ်းကပ်ဥပုဒ်ဆောက်တည်တရားနာချင်လို့ .. လင်ယောက်ျားကို ပြည့်တန်ဆာနဲ့ လွှတ်ပေးတဲ့ .. ဇတ်လမ်းမျိုးလည်း ဖတ်ဖူးပါတယ်ဘုရား..။

    ဆိုတော့ …
    တလင်တမယားစံနစ်ဆိုတာက … နောက်တိုးစာနဲ့ဓလေ့ထုံးစံလို့ယူဆရဟန်ရှိပါတယ်ဘုရား..။
    မြန်မာပြည်မှာလည်း ဘုရင်တွေ..မင်းညီမင်းသားတွေကစလို့..နယ်ပိုင်မြီု ့ပိုင်..သူကြီးတွေအထိ ..ဒီခေတ်ဆိုရင်လည်း ..စမောလေးတွေနဲ့..ဖြစ်နေတဲ့သူဌေးတွေ… အာဏာပိုင်တွေ.. မယားအများကြီးယူကြတဲ့အထောက်အထားတွေ အများကြီးရှိပါတယ်..။
    မြန်မာ့ရိုးရာဓလေ့ကနေ ယူထားတဲ့ ..မြန်မာပြည်ရဲ့လက်ရှိဥပဒေမှာလည်း .. ယောကျင်္ားဟာ မယားပြိုင်ယူလို့ရပြီး .. မိန်းမကတော့ ..လင်ပြိုင်ယူလို့မရတာလည်း ရှိတယ်လိုမှတ်ဖူးပါတယ်..။

    အစ္စလမ်ဘာသာမှာဆိုရင်လည်း … မယားအများကြီးယူဖို့တိုက်တွန်းတာမို ့… မိမိဇနီးမယားမှတပါး
    တခြားသူနဲ့ မကျူးလွန်ဘို့၊ မပစ်မှားဘို့ ဆိုတာက… အိမ်ထောင်ရှင်မိန်းမတွေအတွက် အဆန်းတကြယ်ဖြစ်မနေပဲ.. ထူးထူးခြားခြားဖောက်လွဲဖောက်ပြန်လည်း မဖြစ်ကြတာ သတိထားမိပါတယ်ဘုရား..။

    ဒါပေမဲ့..အရှင်ဘုရားရဲ့ .. ဘာသာရေးရှုထောင့်အမြင်လေးတွေတော့ ..စောင့်ဖတ်ကြည့်ချင်ပါတယ်..။
    တတ်နိုင်သလောက်တင်ပေးသွားပါဘုရား…။

    • ashinindaka

      December 15, 2010 at 12:11 pm

      ရေးထားတဲ့အတိုင်းပါဘဲ။ တစ်လင်တစ်မယားကိုသာ ကျင့်သုံးလိုတော့ တိတိပပ ဗုဒ္ဓစာပေမှာ မပါပါဘူး။ ဦးစားပေးကတော့ တစ်လင်တစ်မယားစနစ်ပါ။ ဒါရ ပါဠိပုဒ်က မြန်မာလို မယားပါ။ ဒါရနဲ့ တွဲသုံးတဲ့ ကိန်းကို Singular ကိန်းဝိဘတ်နဲ့ ယေဘုယျတွဲသုံးတာ စာပေမှာတွေ့ရပါတယ်။ ဥပမာ။ မယားကို ထောက်ပံ့ရမယ်လို့သာပြောတယ်။ မယားတွေကို ထောက်ပံ့ရမယ်လို့ စာပေမှာ မတွေ့ပါဘူူး။ ဒီအကြောင်းကို နောက်ကျယ်ကျယ်ပြန့်ပြန့်ရေးဘို့ စိတ်ကူးရှိပါတယ်။

  • member

    December 15, 2010 at 10:36 am

    ဆက်ပြီးတင်ပြပေးပါအုံး

    • ashinindaka

      December 15, 2010 at 12:12 pm

      ရေးတင်ပြပေးပါမယ်။ စိတ်ချပါ

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 15, 2010 at 12:24 pm

    ရေးပေးပါ
    (ဂေါတမမြတ်စွာဘုရားဆီမှာ..ဆွမ်းကပ်ဥပုဒ်ဆောက်တည်တရားနာချင်လို့ .. လင်ယောက်ျားကို ပြည့်တန်ဆာနဲ့ လွှတ်ပေးတဲ့ .. ဇတ်လမ်းမျိုး)
    အဲ့သည်အခါမှာ လင်ယောက်ျားနဲ ့ထိုပြည့်တန်စာ အမျိုးသမီးတို ့(ဆိုလိုတာက မယားဖြစ်သူကကြည်ဖြူတဲ့အတွက် လင်နဲ ့ပြည့်တန်စာမှာ
    ဘယ်လို ကံအကျိုးသက်ရောက်မှု ့ရှိတယ်ဆိုတာကို သိခြင်ပါသည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 15, 2010 at 12:25 pm

    ဘုရား

    • ashinindaka

      December 15, 2010 at 12:30 pm

      ဒကာမိုက်၊ ဂျော်၊ အောင် က ဒါမျိုးအတော်စိတ်ဝင်းစားတယ်ထင်တယ်။ တကယ်ပါ ၊ နောက်တာပါ။

  • yawhan

    December 15, 2010 at 1:27 pm

    တိုင်းတပါးမှာ တစ်ယောက်ထဲ အထီးကျန်လွန်းလို့ ဆေးပေးမီးယူလေးတော့ ထားမိပါတယ်ဘုရား…
    အဲဒါရော အပြစ်ရှိပါသလား အရှင်ဘုရား…
    တပည့်တော် ကိုဂျော်နီအောင်ဘုကို အားကျလို့လုပ်မိပါတယ်

    • ashinindaka

      December 15, 2010 at 1:54 pm

      ဟဲဟဲ။ ဆေးပေးမီးယူလောက်တင်လား။

  • paukpauk

    December 15, 2010 at 1:40 pm

    Dr. Ashin Indaka ပါဝင် ဟောကြား ဆွေးနွေးလာတာ အတွက် ဝမ်းမြောက်မိပါတယ်။
    ဘာသာရေးမရှင်းလင်းတာတွေ ဒွိဟတွေအတွက် အဖြေပေးမယ့်သူ ပေါ်လာတာ အားကိုးစရာပေါ့ ဘုရား။

    • ashinindaka

      December 15, 2010 at 1:55 pm

      ဘာသာရေးနဲ့စပ်သမျှ မေးနိုင်ပါတယ်။

  • narziparty2009

    December 15, 2010 at 3:36 pm

    သမီရည်းစားတွေမယူသေးတဲ.အချိန်မှာအတူနေမိတာကိုကံငါးပါးထဲကတစ်ပါး
    ဖြစ်တဲ.သူများသားမယားပစ်မှားတာဖြစ်ပါသလားဘုရား။
    အဲလိုနေပြီးမှယူရင်ရောပစ်မှားရာရောက်ပါသလား။
    ဂျော်နီအောင်ပုသူငယ်ချင်းပါဘုရား
    သူမေးခိုင်းလို.ပါ
    တပည်.တော်လည်းသိချင်လို.ပါ။
    သူများသားပျိုသမီးပျိုကိုမယူခင်ဖျက်ဆီးလို.ငရဲကျပါသလားသိချင်ပါတယ်ဘုရား

    • kai

      December 16, 2010 at 12:03 am

      ကံငါးပါးက ငါးပါးသီလကိုဆိုလိုချင်တာထင်ပါတယ်..။
      ကျုပ်ကတော့ … လူဆိုတော့ .. လူအနေနဲ့ လူ့အသိုင်းအဝိုင်းဖက်ကရေးမယ်နော..။
      ဆရာတော်ကတော့ .. ဘာသာရေးပွိုင့်အော့ဗျူးက ရေးမယ်ထင်ပါတယ်…။

      သမီးရည်းစားတွေမယူသေးတဲ.အချိန်မှာအတူနေကိုနေသင့်ပါတယ်..။
      ဒါမှ ယူပြီးနောက် ပြသနာတက်တာနည်းမှာပေါ့..။ ညမအိပ်မချင်းကို သူ့အကြောင်း..ကိုယ့်အကြောင်း အတွင်းကျကျသိဖို့ ဘယ်လိုမှမဖြစ်နိုင်တာမို ့ပါ..။
      အဲဒီတော့ အိမ်ထောင်ပြုပြီးမှနောက်ဆုတ်မရတော့တာမျိုး မဖြစ်ဖူးပေါ့..။
      ငယ်ရွယ်ကျမ်းမာချိန်မှာ .. ဒီလိုကိစ္စတွေက .. (စိတ်ချရရင်). လက်တည့်စမ်းချင်သလောက်စမ်းထားမှသာ လူဖြစ်ရကျိုးနပ်မှာလည်း ဖြစ်ပါတယ်….။

      လိင်ကိစ္စတွေဟာ..ရှက်စရာကြောက်စရာ..ငရဲကျစရာတွေမဟုတ်ပါဘူး..။
      ကောင်းမှုလုပ်လို့ ..နတ်ပြည်တက်ရရင်.. နတ်ပြည်မှာ နတ်သမီးတဖက်ငါးရာ.. ပေါင်း၁၀၀ဝနဲ့တောင် လိင်ကိစ္စပြုဖို့ .. စာတွေမှာ ညွှန်းဆိုထားတယ်မဟုတ်ပါလား..။

      လွဲမှားစွာ သုံးစွဲမှသာ .. ကိုယ်တိုင်က ..ငရဲမရောက်ခင်ကို .. ဒီဘဝမှာတင် .. အေကိုက်ပြီးလူညွှန့်တုံးမှာဖြစ်ပါကြောင်းနဲ့..
      ကံဆိုးရင်..နတ်သားတဖက်ငါးရာနဲ့..နတ်ပြည်မှာနတ်သမီးသွားဖြစ်မယ် ဖြစ်ပါကြောင်း…။ 🙂

  • Hello

    December 15, 2010 at 4:11 pm

    ကျမှာ….ကျကိုကျမှာ… ပြန်ကိုတက်လာရမှာ မဟုတ်ဘူး… တကတည်းတော်… မကျဘူးများပြောလိုက်ရင်… မိန်းကလေးတွေအတွက် မတွေးရဲစရာပဲ… မိုက်ကယ်ဂျော်နီအောင်ပုသူငယ်ချင်းတို့များ မလွယ်ပါဘူး ဘုရား…

    • ashinindaka

      December 16, 2010 at 1:43 am

      မလွယ်ပါလား ဒီပြဿနာ။ စမိမှတော့ ဆုံးအောင်ရေးရတော့မယ်။ အလုပ်ကတော့ အများသား။

  • tell U later

    December 16, 2010 at 1:23 am

    ရည်းစားလူ လု အူနုကျွဲခတ်
    မုန့်သာဝေစားချင်စားမယ် အချစ်ကိုတော့ဝေမစားနိုင်ဘူး
    ဒီအကျိုးဆက်ကြောင့် နောက်အိမ်ထောင်ပြုတာ ဖောက်ပြန်တာတွေမှာ တဖက်သားစိတ်ဒုက္ခရောက်ကြတယ် လူသတ်မှုတွေဖြစ်ကြတယ် ကို်ယ့်ကိုယ်ကို သတ်သေမှုတွေဖြစ်ကြတယ် ဒါတွေကို ဘုရားကမြင်လို့ ငါးပါးသီလထဲမယ် ထည့်ပေးခဲ့တယ်လို့ လက်ခံပါတယ်
    ဘုရားက ပညတ်ခဲ့တဲ့ ငါးပါးသီလဆိုတာ အဲဒီ အပြစ်တွေကို ကျူးလွန်ရင် တခြားလူ တယောက်တယောက်ကိုထိခိုက်လို့ မကျူးလွန်ဖို့ ပညတ်ခဲ့တာပါ
    ခံလိုက်ရတဲ့သူနေရာကို ကိုယ်ချင်းစာတရားထားကြည့်ဖို့ပါ ဒါမှ သူ့နေရာမှာ ငါသာဆိုရင်လို့တွေးလိုက်တာနဲ့ ကျမတို့လဲ ကျူးလွန်ဖို့ ခက်သွားမယ့်လေ

  • bigcat

    December 16, 2010 at 1:45 am

    ဘာသာရေးအတွက် အားကိုးစရာ သက်သေထူစရာ တိုင်တလုံးရ၍ ကျေးဇူးတင်ပါသည် ဘုရား။
    ဘုရားက လူတွေကိစ္စကို ဒီလောက်ထိ လိုက်ပညတ်လိမ့်မယ်လို့ မထင်ပါ။ သာဓကအားဖြင့် ဒါထက်ဆိုးတဲ့ ဘုရားလက်ထက်က ရာဇဝတ်သားများ၊ သူပုန်များကို ရက်ရက်စက်စက် ခြေဖြတ်၊လက်ဖြတ်၊ တံကျင်လျှိုပြီး အပြစ်ပေး ကွက်မျက်တာတွေတောင် မလုပ်နဲ့လို့ ဝင်မပြောခဲ့။ သူ့ကံနဲ့သူ့အကျိုးပါ။ ကိုယ်ကနောင်ဘဝမှာ ပြန်မခံချင်ရင် ဒီဘဝမှာ မဟုတ်တာမလုပ်နဲ့၊ လုပ်ရင်ကိုယ်လည်း အဲသလိုပဲ ပြန်ခံရမည်ဟု နားလည်ပါသည်။ အိမ်ထောင်ရေးမှာလည်း အတူတူပဲလို့ ထင်ပါသည်။ လက်မထပ်ခင် နားလည်မှုအတွက် ရိုးသားစွာဖြင့် နှစ်ဦးသဘောတူ (အသက်တော့ပြည့်ရမည်) ကြည်ဖြူခဲ့ကြတာလား၊ ကိုယ်ဆန္ဒပြည့်ဖို့ စိတ်ရိုင်းအရင်းခံတဲ့ သဘောနဲ့လားဆိုတာ မိမိကိုယ်သာ အသိဆုံးလို့ထင်ပါသည်။ ဘုရားကစိတ်ပဲဟောပါသည်။

  • အာဖျံ ကွီး

    December 16, 2010 at 4:11 am

    ဒီပို.စ်လေးကို စိတ်ဝင်စားပီးဖတ်မိပါတရ် ဘုရား ………………

    ရေးထားတဲ့ comment တော်တော်များများကိုကြည့်ပီး
    ******ကာမေသုမိစာ္ဆစာရကံ******
    ကိုလဲ အကျယ်တဝင့်ပို.စ်တင်ပီးရေးသားပေးဖို.
    လျှောက်ထားပါရစေအရှင်ဘုရား …………….

    ပြင်ပဗဟုသုတတော်တော်ရှိတဲ့သူတွေတောင် ဒီဘက်ပိုင်းမှာ (ဒီပို.စ်နဲ.ပတ်သက်တဲ့အကြောင်းအရာ) စဉ်းစားတွေးခေါ်လက်ခံ ထားပုံတွေ မဟုတ်သေးဘူးလို. ထင်ပါတရ်ဘုရား။ သူတို.နေထိုင်တဲ့ နေရာဒေသနဲ. ဆိုင်ရင်ဆိုင်မှာပေါ့ ဘုရား။ အပြစ်တော့မပြောချင်ပါဘူးဘုရား။

    ဒါပေမဲ့ …. မသိပဲနဲ.ကျူးလွန်ရင်လဲ ကံထိုက်မရ်။ သိသိကြီးနဲ. ကျူးလွန်ရင်လဲ ကံထိုက်မရ် ဆိုတော့ ………………

    အရှင်ဘုရားကပဲ ကယ်တင်ပေးပါဘုရား …………………

    • ashinindaka

      December 16, 2010 at 4:15 am

      ဒီအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ရေးပေးဘို့ အစီအစဉ်ရှိပါတယ်။ လောလောဆယ် ဆက်စပ်အကြောင်းအရာလေးတွေ တင်ပါနေပါတယ် ဒကာ အာဖျံကွီးရေ။

  • ဆူး

    December 16, 2010 at 4:35 pm

    ဒီကွန်မန်းတွေထဲမှာတော့ ဦးကြောင်ကြီး ရေးတဲ့ ကွန်မန်းကို အထောက်ခံဆုံးဘဲ။ ဘယ်သူ မပြု မိမိမှု.. အမျိုးသမီး ဘဝ ဖြစ်ကတည်းက အကြောင်း ၂မျိုးဘဲ မြင်မိတယ်။ ဆုတောင်းကြောင့် မိန်းမဘဝ ရခြင်းနဲ့ ကံကြောင့် (အတိတ် ကာမေသု အကုသိုလ်) အကျိုးပေးကံကြောင့် ရခြင်း လို့ မြင်ပါတယ်။ အမျိုးသမီးများ ယခုဘဝမှာလည်း ယောကျားမှာ မယူခင် အတူနေမိတာ တိတ်တိတ်ပုန်းနေနေရတာတွေ အားလုံးကလည်း အတိတ်က သူပြုဘူးတဲ့ အကျိုးပေး အတိုင်း ဖြစ်လာတာပါ။ ဒီအကျိုးပေး ဖြစ်မြောက်အောင် လုပ်ဆောင်ပေးတဲ့ အမျိုးသားကတော့ ကံအသစ်ဖြစ်သွားတဲ့ အတွက် သွားပေအုန်းတော့.. ဘိုင်ဘိုင်ပေါ့.. သူလည်း တဖန် အိုရ နာရ သေရ အုန်းမှာ ဆိုတော့.. သေတော့ ငရဲ အပေါ်တက်တော့ တိရိစာ္ဆန် အမ.. လူဖြစ်တော့ မိန်းမ.. အလိုမတူညားတဲ့ ဘဝ ရောက်မှာပေါ့.. အဓိကတော့ စိတ်ဘဲ.. သူတပါး ကြည်ဖြူစွာ လက်ခံသလား ဆိုတာ အရင်ဆုံး ကြည့်ရမယ်။ အိမ်သူရှိနေသူ အဖို့.. ဒီလို လုပ်တာ အိမ်သူ သိသလား လက်ခံပေးလား ခွင့်လွတ်ပေးလား။ အိမ်သူ မသိအောင် လိမ်ထားရင်လည်း လိမ်တဲ့ ကံတခု ထပ်ထိုက်ပြန်ကော.. အိမ်သူက ခွင့်မလွတ်နိုင်ပါဘူးတဲ့.. သူစိတ်ထဲ ညိုညင်ပြီး အညိုးအတေး မှတ်ထားမယ် ဆိုရင်.. သူအတွက်လည်း မကောင်းသလို သံသရာမှာ မထွက်နိုင်သေးတဲ့ လူအဖို့ တကွေ့ကွေ့မှာ အိမ်သူက ကျားဘဝနဲ့ ထိုနည်းတူစွာ အကြွေးတောင်းမယ်ဆို သင်ဘယ်လို ခံစားမလဲ။ ပြုကျင့်ခံရသူ အမျိုးသမီးကကော.. ဝမ်းရေးအတွက် သော်လည်းကောင်း ဝါသနာ ပါလို့သော်လည်းကောင်း စိတ်လိုလက်ရ ဖြစ်ပြီး ကြည်ဖြူမယ်ဆို အပြစ် မထိုက်ပါ။ သူတပါး သမီးပျို ဆိုရင်တော့ အုပ်ထိန်းသူ မသိဘဲ ကျင့်ကြံတဲ့ အတွက် ကာမေသုကံ မြောက်ပါတယ်။

  • ashinindaka

    December 17, 2010 at 7:40 am

    ပို့စ်အသစ်တင်လို့ မရဖြစ်နေတယ်။
    I am not able to post today. I dont know the reason why it is happening in me the whole day.

  • အာဖျံ ကွီး

    December 17, 2010 at 8:12 am

    aaha! u can’t post for only today.
    for me, there are long even one week i can’t post and comment well. 🙁
    now, i’m getting feel that i’m so unlucky for being a human at this country. 🙁

Leave a Reply