ကျောက်ဖြူတွင် လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်

နွယ်ပင်December 17, 20101min623

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှ အသက် ၂၁ နှစ် အရွယ် လူငယ် တစ်ဦးကို စစ်တပ်မှ ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိသည်။
သေဆုံးသွားသူ လူငယ်မှာ ကျောက်ဖြူမြိ့နယ် မင်းတပ်ချောင်းကျေးရွာမှ ဦးလှခင် ၏သား မောင်ဝင်း (၂၁)နှစ် ဖြစ်သည်။

မောင်ဝင်းကို ယမန်နေ့ (ဒီဇင်္ဘာလ ၁၄ ရက်နေ့) နေ့လည်ပိုင်းက ရန်ကုန်-ကျောက်ဖြူ ကားလမ်း ပေါ်တွင် တည်ရှိသော မင်းချောင်း တံတားတွင် တာဝန်ကျနေသော စစ်တပ်က ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

“ သူတို့က စက်လှေ တစီးနဲ့ ဘုတ်စပ်မယ့် သစ်တွေကို တင်ပီး အလာမှာ စစ်တပ်က စက်လှေကို ကမ်းကပ်ခိုင်းတယ်လို့ သိရပါတယ်။ စက်လှေက ကမ်းအကပ်မှာ ကြိုးကို ကမ်းပေါ် ပစ်တင်တော့ ကြိုးက စစ်ဗိုလ်ကို သွားထိတဲ့ အတွက် မကျေနပ်ရာကနေ ပစ်သတ်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။”

မောင်ဝင်း အလောင်းကို မနေ့က ကျောက်ဖြူသို့ ယူဆောင်လာခဲ့ပြီး ဆေးစစ်ဆေးချက်များ ယူခဲ့သည်ဟု ကျောက်ဖြူ ရဲအရာရှိက ပြောသည်။

“ မောင်ဝင်း အလောင်းကို ဆေးစစ်ချက် ယူပြီး တဲ့နောက် သူမိဘတွေရှိတဲ့ မင်းတပ်ချောင်းကို ဒီကနေ့ ယူသွားခဲ့ပါတယ်။ ဘာကြောင့် စစ်တပ်က ပစ်သတ်ခဲ့တယ်ဆိုတာတော့ မသိရသေးဘူး။ အထက်က စစ်ဆေး နေတုန်းဘဲ ဖြစ်ပါတယ်” ဟု ပြောသည်။

အခုနောက်ပိုင်း ဒီ သတင်းနဲ့ ပတ်သက်ပြီး သိရှိရတာကတော့

ကျောက်ဖြူ အခြေစိုက် ခမရ ၅၄၂ တပ်ရင်းမှ စစ်သား တစ်ဦး၏ ပစ်ခတ် သတ်ဖြတ်ခံရသူ မောင်ဝင်း၏ အသုဘကို ယမန်နေ့ နေ့လည်ပိုင်းက ကျောက်ဖြူတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အသုဘသို့ လူအများအပြား လိုက်ပါ ပို့ဆောင်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။

“ ရဲက ဆေးစစ်ဆေးချက်တွေ ရပြီးတဲ့နောက်မှာ မောင်ဝင်း အလောင်းကို သူ့ မိဘတွေဆီ ပြန်လည် အပ်နှံခဲ့ပါတယ်။ မိဖတွေရော သူဆွေမျိုးတွေရော အကုန်လုံး ကျောက်ဖြူကို လိုက်လာကြပြီး ကျောက်ဖြူ ပိုက်ဆိပ် သချိင်္ုင်းမှာ မနေ့က နေ့လည် ၂ နာရီခွဲမှာ သဂြိင်္ုလ်ခဲ့ပါတယ်။” ဟု ပြောသည်။

ယခုအခါ မောင်ဝင်း အသတ်ခံရမူနှင့် ပတ်သက်ပြီး ရဲစခန်းတွင် အမူဖွင့်ထားသည်ဟု ရဲက အတည်ပြု ပြောကြားသည်။

မောင်ဝင်း၏ မိသားစုကို တပ်ရင်း ၅၄၂ မှ တပ်ရင်းမှူးမှ နစ်နာကြေး ကျပ်တစ်သိန်း ပေးကြောင်း သူ၏ ဆွေမျိုး တစ်ဦးကလည်း ပြောသည်။

“ မိသားစုတွေက ဆင်းရဲတော့ တပ်ရင်းမှူးပေးတဲ့ ပိုက်ဆံကို မယူချင်ပေမယ့် လက်ခံခဲ့ရပါတယ်။ တပ်ရင်းမှူးက သဂြိုလ် စရိတ် အနေနဲ့ ပေးတာ ဖြစ်တယ်လို့ ပြောပါတယ်။ ကုသိုလ် ကောင်းမူ လုပ်တဲ့အခါလည်း ကူညီပေးအုံးမယ်ဆိုပြီး ပြောပါသေးတယ်” ဟု ပြောသည်။

လေဘေးဒဏ်ကြောင့် လူထုများ အနေဖြင့် အထူး ဒုက္ခ ရောက်နေကြချိန်တွင် ယခုကဲ့သို့ စစ်တပ်မှ နိုင်ထက်စီးနှင်း ပြုလုပ်ပြီး အပြစ်မဲ့ လူငယ် တစ်ဦးကို သတ်ပစ်ခဲ့သဖြင့် ဒေသခံ လူထု အတွင်း အထူးခံပြင်း ဒေါသထွက် နေကြသည်ဟု ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

source by : http://www.narinjara.com

3 comments

  • ဆူး

    December 17, 2010 at 8:45 am

    သနားစရာ ကောင်းလိုက်တာ။ ဒါမျိုး အကြောင်းတွေ အရင်က မသိဘူး။ ရှိမယ်လို့လည်း မထင်ဘူး။ အခုမှဘဲ.. မျက်စိကြီး နားကြီး ဖြစ်လာသလိုဘဲ။

  • unclegyi1974

    December 17, 2010 at 2:23 pm

    ပဲခူးကအခြေအနေဘာများထူးသေးသလဲ
    ကြားလားကြားလား
    ကြားရင်အကြောင်းပြန်

  • yuyu

    December 18, 2010 at 4:38 am

    အမှုဖွင့်ထားတယ်ဆိုတော့ နောက်ဘယ်လို ဆက်လက်အကောင်အထည်ဖော်မလဲ သတင်းရရင် ဆက်လက်တင်ပြပေးပါဦးနော် စောင့်နေမယ်၊စိတ်ဝင်စားလို့ပါ

Leave a Reply