LA က Hawaii Supermarket

kaiDecember 15, 20101min15311
120 E Valley Blvd
San Gabriel, CA 91776

(626) 307-0062

မြန်မာတွေအဝယ်များတဲ့ ဆူပါမားကက်တခုပေါ့..။ ပိုင်တာက တရုတ်-ဗီယက်နမ် လား..တရုတ်-ကမ္ဘောဒီယန်းလားပါပဲ..။
အဲဒီမှာ ငပိရည်ကြို၊ စိမ်းစားငပ၊ိငံပြာရည်ကစလို့.. အီကြာကွေး၊ ဒူးရင်းသီးအထိရှိပါတယ်..။

ကွမ်းရွက်တောင်ရသေး…။
ကန်းစွန်းရွက်လည်းပုံထဲတွေ့မှာပေါ့..။ တပေါင် ၂.၂၉ဒေါ်လှတဲ့..။

11 comments

  • fatty

    December 15, 2010 at 11:26 am

    အဲလိုပုံတွေကြည့်ချင်တာ … ဒီဘက်က ကွန်ဒင်ရှင်မကောင်းသေးတော့ အဲဒီဘက်ကများများတင်ပေးစေချင်ပါတယ်ကွာ ်ွခြားတာလေးတွေ … မြင်ရတော့ပိုကောင်းတာပေါ့အတွေးချဲ့လို့ကောင်းတယ် …။

  • intro

    December 15, 2010 at 12:51 pm

    တောက်… ရပ်ကွက်ထဲက ကန်စွန်းခင်းတွေကို လိုက်ကောက်ပြီး LA ကို ကန်စွန်းရွက် export လုပ်ချင်တယ်… LA ရှိ Super Market များ ဆက်သွယ်ပါ။ 😛

  • ဆူး

    December 15, 2010 at 3:03 pm

    အဲဒီ အရွက်တွေ ဘယ်လိုနည်းနဲ့ တင်ပို့လဲ.. ဒေသ စိုက်ပြီး ရောင်းတာ ဖြစ်ပုံမပေါ်ဘူး။ တင်ပို့ရင် ဘယ်လမ်းက လာတာလဲ။ ရေလမ်းလား ကုန်လမ်းလား လေလမ်းလား။ အရွက် လတ်ဆတ်ဖို့ ဆိုရင်တော့ လေကြောင်းနဲ့ မှ ဖြစ်မယ်။

    • kai

      December 15, 2010 at 7:25 pm

      အမ်..။
      ယူအက်စ်ကို များအထင်သေးလို့..။ ဒီမှာတင်အကုန်စိုက်တာဟေ့..။
      တိုင်းပြည်ကကျယ်ကျယ်.. ရာသီမိုးလေဝသက စုံစုံရှိလေတော့… မစိုက်လို့မရတာ မရှိသလောက်ပဲ.။
      ခုဆို မြန်မာပိုင်ချဉ်ပေါင်ပင်တွေ စိုက်ခင်းတွေတောင်ရှိနေပြီ..။
      အိန္ဒိယသားတွေက ..သူတို့စားတဲ့..ဒန့်ဒလွန်။. ဒညင်းသီး စိုက်တယ်..။ ကိုရီးယားက သူတို့ကြိုက်တဲ့..ဂျင်ဆင်းပင်စိုက်တယ်..။
      စသဖြင့်ပေါ့..။

      အရင်ကတော့ .. တောင်ဖက်နိုင်ငံ မက်ဆီကိုက..အသီးအနှံ၊ ဟင်းသီးဟင်းရွက်တော်တော်များများသွင်းတယ်..။
      အခုတော့ ..နယ်စပ်အဖြတ်ခက်တာကြောင့်..ကုန်သွယ်မှုတော်တော်ကျသွားတယ်..။
      ဆန်ရှင်(စီးပွားရေးပိတ်ဆို့တာ) မရှိရင် .. မြန်မာအသီးအနှံ၊ဟင်းသီးဟင်းရွက်တွေ ဒီကမြန်မာ-အမေရိကန်တွေရောင်းတာနဲ့တင် အလုပ်ဖြစ်နိုင်တယ်..။
      ခန့်မှန်းခြေ မြန်မာ-အမေရိကန်အိမ်ထောင်စု ၂သောင်း+ အိမ်တိုင်းလိုလို တလ ၂ခါ+လက်ဖက်စားတယ်။ ငပိစားတယ်။ ငရုပ်သီးစားတယ်။ မုန့်ဟင်းခါးစားတယ်.။ စားတယ်..သုံးတယ်..။
      ဆိုတော့ ..လက်ဖက် တလ အထုတ် ၄သောင်း အသာလေးဝယ်ပေးနိုင်တယ်..။
      တထုတ် .. ရောင်းဈေး ၅ဒေါ်လာ..ဆိုရငိပဲ.. လက်ဖက်တမျိုးထည်းကို ..လည်ပါတ်ငွေ ၂သိန်း+ရှိတယ်..။

  • char too lan

    December 16, 2010 at 6:55 am

    လေးခိုင် ဒီပုံတွေကဖရီးရိုက်လို့ရတာလား ကျနော်တို့မြန်မာဆူပါမားကပ်တွေက အဲလိုပေးမရိုက်ဘူးဗျ ဂမုန်းပွင့် စိန်ဂေဟာ City mart, Super one ဓာတ်ပုံပေးမရု်ိက်ဘူး

    • ဆူး

      December 16, 2010 at 3:06 pm

      အူးခိုင်ကတော့ တွက်တာကတော့ ဟုတ်နေတာဘဲ.. ပင်မ ပစ္စည်းတန်ဖိုး မရှိပေမဲ့ ခရီးစရိတ်ကြောင့် တက်သွားကြတာပါ။ မြန်မာ- အမေရိကန် ဆိုရင် လေကြောင်းက နေ လာလို့ ကတော့ စရိတ်တွေ အစမတန် တက်ကုန်မယ် ရေကြောင်းကနေ လာမယ် ဆိုရင် လည်း တန်ကြေးက ရှိတာဘဲ။ ကုန်သွယ်ရေးကတော့ ဆန်ရှင်မရှိရင် ကိုယ်ထက် လည်ပြီး လက်ဦးမဲ့ သူတွေ တပုံကြီး.. ဆန်ရှင်ကြားထဲမှာ တောင်မှ.. မသိအောင် လုပ်နေတဲ့ လူလည်တွေ အများကြီးရှိတယ်။

  • etone

    December 16, 2010 at 9:12 am

    ချာတူးရေ သူတို့ပေးမရိုက်လည်း လစ်ရင်လစ်သလို ရိုက်လို့ရနေပါပြီကွာ ။
    ကင်မရာကြီးတကားကားနဲ့ဆိုရင်တော့ အဆဲခံရမှာပေါ့ … မသိမသာလေး ဖုန်းနဲ့ ရိုက်ရင် ရတာပဲ ..။ ဟိုးတစ်လောက ရုံးမှာ နာမည်ကြီးတံဆိတ်နှုတ်ခမ်းနီတွေလာရောင်းတယ် ဝယ်လိုက်ကြတာ ဝက်ဝက်ကွဲပဲ … ကြည့်တော့မှ အင်တွေဖြစ်နေတယ် …သိလို့ပြောလည်း ပြောတဲ့လူက ငပေါပဲ ..ဒါနဲ့စိတ်ပေါက်ပေါက်နဲ့ ပို့စ်တစ်ခုတင်မိလိုက်သေးတယ် … အဲ့ဒီတုန်းက သူတို့ကို သက်သေပြချင်လို့ အဲ့ဒီနာမည်ကြီးအလှကုန်ရောင်းတဲ့ စိန်ဂေဟာကိုသွားပြီး …. မသိမသာ ခိုးရိုက်လာခဲ့သေးတယ် ။

  • kai

    December 16, 2010 at 9:33 am

    ကင်မရာနဲ့လည်းရိုက်တာပဲ..ဖုန်းနဲ့လည်းရိုက်တာပဲ..။
    ဘာမှလာပြောတာမရှိပါဘူး..။ ပါ့ဗလစ်နေရာမှာ မရိုက်ရသတိပေးဆိုင်း မရှိရင် ရိုက်လို့ရပါတယ်..။
    ဒါက လွတ်လပ်ခွင့်ပဲလေ..။ ဒါတောင် မီဒိယာရဲ့ လက်မှတ်မပြသေးဘူး..။

    စီးပွားဖြစ်တနေရာရာသုံးမယ်ဆိုရင်တော့ ခွင့်ပေးနိုင်တဲ့သူရဲ့ ခွင့်ပြုချက်လက်မှတ်ထိုးခိုင်းရတယ်..။
    တနေရာရာပါလာပြီးမှ .. ဆိုင်ရာလူက တရားစွဲလိုက်ရင် ငွေလျှော်ရများလို့ ..။

  • char too lan

    December 16, 2010 at 10:16 am

    ဒီအထဲမှာဓာတ်ပုံရိုက်လို့မရပါဘူးလို့ပြောကြတာပဲဗျ Dagon Center မှာလဲရိုက်လို့ရမလား ခွင့်တောင်းတော့ရဘူးတဲ့လေဂျာ 🙁

    • etone

      December 17, 2010 at 2:09 am

      ွှအလကားပါချာတူးရေ အဲ့ဒီ ဒဂုံစင်တာက အဲ့ဒီလိုပဲ။
      သူတို့မှာ ပရိုမိုးရှင်းပွဲတွေလုပ်နေတာပဲ .. ရိုက်လိုက်တာ တဖြတ်ဖြတ်နဲ့ ကင်မရာမရိုက်ရဆိုတဲ့ ဆိုင်းဘုတ်တောင် ပုံထဲပါသေးတယ် .. ရစ်ချင်ရင် ရစ်တယ် ။ ပေးရိုက်ချင်ရင်ရိုက်တယ် … ။ ဒီမှာ စင်တာအတော်များများက ရိုက်လို့မရဘူး …ဒါပေမဲ့လည်း လစ်ရင်လစ်သလို ဆော်တာပါပဲ ။

  • ဆူး

    December 16, 2010 at 3:11 pm

    အော်.. ဟုတ်လား.. ဆူးက အဲဒီ တုန်းကလေ… ချာတူးလန် ပုံကို ကြည့်ပြီး ဒီကောင်လေး အကွက်ကောင်း သေချာ ရိုက်ပြီး ဗုံးထားခဲ့မဲ့ ရုပ်ဘဲ ဖြစ်ရမယ်ထင်လို့.. လက်မှတ်မထိုးပေးဘဲ ပြန်လွတ်လိုက်တာပါ။ နောက်တခါ ရိုက်ခွင့်ပေးမယ်။ ဟုတ်ပြီလား တာဝန်အရမို့လို့ပါ။ 😛

Leave a Reply