“” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းနှစ်)

” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းနှစ်)

ကျနော်တို့အဖေတို့ ဦးလေးတို့ ငယ်ငယ်တုန်းကတော့ အလုပ်တစ်ခုရဘု့ိသိပ်မခက်ဘူးဆိုတာကိုတော့ သူ့တို့အပြောနဲ့ သိခဲ့ရပါတယ်။
ကျနော်အဖေ 8 တန်းအောင်တော့ အတန်းကျောင်းဆက်မတက်တော့ ဘဲ စက်မူ့လက်မူ့ သိပ္ပံကျောင်း(GTI)ကို သွားတက်ပါတယ်။
နောက်အဲဒီမှာ တက်နေရင်းနောက်တစ်နှစ်ကျောင်းဆက်မနေချင်ဘူးဆိုတာနဲ့ ကျနော်တို့ အဖိုးရဲ့ညီအလုပ်လုပ်နေတဲ့ မီးရထာား(ဘူတာကြီး)မှာလက်မှတ်စစ်အနေနဲ့
အလုပ်သွင်းပေးလိုက်ပါတယ်။အဲဒီခေတ်က အစိုးရအလုပ်က နဂိုရ်အခံလူရှိရင် အလွယ်တကူ အလုပ်ဝင်လို့ရပါတယ်။
နောက်အဲဒီမှာလုပ်နေရင်းကျနော့်အဖေက ဂျီတီအိုင်ကဆင်းလာတယ်ဆိုတာလဲသိရော ကျနော်အဖေကို မြစ်ငယ်မီးရထားစက်ရုံဘက်ကိုပြောင်းပေးလိုက်ပါတယ်။
ဒါကကျနော့်အဖေအလုပ်ရခဲ့ပုံလေးပါ။
အဖေ့ညီအလတ်ကတော့ သူဆယ်တန်း (အဲဒီတုန်းကတော့ တက္ကသို်လ်ဝင်တန်းလို့ခေါ်ပါတယ်)ရောက်တဲ့နှစ်မှာ ကျနော်တို့အဖိုးက နာမကျန်းပင်စင်ယူလိုက်ရပါတယ်။
အဲဒီအချိန်မှာကျောင်းအုပ်ကြီးက ကျနော်ဦးလေးအလတ်ကို လုပ်ချင်တယ်ဆိုရင ်အလယ်တန်းပြဆရာအဖြစ်ခန့်ပေးမယ်လို့ပြောတာနဲ့ ဘဲ သူလဲကျောင်းဆရာဖြစ်သွားပါတယ်။
နောက်(2)လောက်နေ့တော့ ကျနော်တို့အဖေရဲ့ညီမဝမ်းကွဲတစ်ယောက်ကလဲ ဆယ်တန်းကို ဝိဇ္ဇာနဲ့ဖြေတာအခါခါကျနေတော့ ညကျောင်းတက်မယ် နေ့အလုပ်လုပ်မယ်ဆိုပြီး
ပြောလာတာနဲ့ သူ့အကိုအလတ်လုပ်တဲ့ကျောင်းမှာဘဲ မူလတန်းဆရာမလုပ်ဖြစ်သွားပါတယ်။

ကျနော်အဖေရဲ့အဒေါ်အပျိုကြီးတစ်ယောက်ကတော့ အဲဒီခေတ်က ဖွင့်တဲ့ သမဝါယမဆိုင်မှာစာရေးမအနေနဲ့ အလုပ်လုပ်သွားတာ သေတပန်သက်တဆုံးပါဘဲ။
အဲဒီခေတ်ကတော့ ကျောင်းဆရာ ဆရာမအလုပ်ဆိုတာ တော်ရုံတန်ရုံစိတ်နဲ့ ဝါသနာနဲ့ မလုပ်ကြလို့များ အလုပ်ကို လွယ်လွယ်ရသလားတော့ မသိပါဘူး။
အဖေ့ညီအငယ် စက်မူတက္ကသို်လ်က ဆင်းတဲ့တစ်ယောက်ကလဲ ကျောင်းပြီးတာနဲ့ “ဆောက်လုပ်ရေး”မှာအစိုးရအလုပ်ရ ဝမ်းကွဲညီ ဆေးကျောင်းကဆင်းတဲ့ဆရာဝန်ပေါက်စကလဲ မြန်မာပြည်မြောက်ဖျားက ကောလင်းဘက် မှာ ဟောက်ဆာဂျင် ဆင်းပြီးတာနဲ့အလုပ်ရ အတော်ကို အဆင်ပြေခဲ့ကြပါတယ်။
အဲဒီတုန်းကများ (7)တန်း(8)တန်းလောက်ဆိုရင် အင်္ဂလိပ်စာကအတော်အသင့်တတ်တော့ အောက်တန်းစာရေးနေရာလောက်က တော့ မခက်ဘူးလို့ပြောကြပါတယ်။
အစိုးရအလုပ်မလုပ်ချင်လို့အပြင်အရောင်းအဝယ်လုပ်မယ်ဆိုရင် လဲ မိတ်ဆွေအသိအကျွမ်းတွေဖွင့်ထားတဲ့ ပွဲရုံတွေ ဈေးဆိုင်တွေ ကားပြင်တဲ့ဝပ်ရှော့တွေ
ပန်းတိမ်ဖိုတွေ မှာအလုပ်သင်အဖြစ်အပ်လိုက်။
အလွယ်တကူလက်ခံပြီး နည်းနည်းလေး မျက်နှာလွှဲလို့ရပြီဆိုတာနဲ့ နေ့တွက်ပေးလိုက်တာပါဘဲ။
အဲအလုပ်တစ်ခုရပြီဆိုတာနဲ့လဲ အလကားနေရင်း ခဏလေးအတွင်း ဟိုပြောင်းဒီပြောင်းမရှိသလောက်ပါဘဲ။
ပြောင်းတယ်ဆိုရင်လဲ ခိုင်လုံတဲ့အကြောင်းပြချက်တော့ ရှိပါတယ်။
ဒါလေးကတော့ အဖေတို့ခေတ်ပေါ့။