Mandalay Gazette သို့အိတ်ဖွင့်ပေးစာ

petitelapineDecember 16, 20101min33256

ခုတလော Mandalay Gazette  မှာ စာဖတ်ရတာ တော်တော်ပျင်းစရာကောင်းလာတယ်..အရင်ကလောက် သတင်းတွေ မမြိုင်တော့သလိုပဲ..ထင်တာတော့ copy တွေ ပျောက်သွားလို့ ထင်တယ်..အဲဒါ တစ်ခုက ကောင်းလည်း ကောင်းတယ်..မကောင်းလည်း မကောင်းဘူး ဘာလို့လည်းဆိုတော့ တစ်ချို့ သတင်းတွေ မဖတ်ရတော့ဘူးလေ..ဖြစ်နိုင်ရင် copy တွေလည်း ပြန်တင်ပေးစေချင်ပါတယ်.အမှတ်ပေးတာ မပေးတာတော့ Admin တွေရဲ့ အပိုင်းပေါ့နော်..ကျွန်မတို့ကတော့ သတင်းတွေ(ဖြစ်နိုင်ရင် အရေးပါတာတွေ) ဖတ်ချင်ပါတယ်..အမှတ်ရရင်ပြီးရောဆိုပြီး ဘာမှ မဟုတ်တာတွေ တင်နေတာကတော့ စာဖတ်သူကို အချိန်ပုတ်စေပါတယ်..ကျွန်မ အကုန်လုံးကို မဆိုလိုဘူးနော်..တကယ်ဖတ်လို့ကောင်းတဲ့ ကိုယ်တိုင်ရေး post တွေလည်း ရှိပါတယ်..ဒီတော့ Admin တွေအနေနဲ့ နည်းနည်းစဉ်းစားဖို့ ကောင်းပါပြီ

56 comments

  • ကြေးမုံ

    February 4, 2011 at 5:23 pm

    ကျမ ဒီ ဆိုဒ်လေးကို သိတာမကြာသေးပါဘူး။
    member အဖြစ် ဝင် တာလဲမကြာသေးပါဘူး။

    ကျန်တဲ့ အင်တာနက်မှာရှိတဲ့ ဆိုဒ်တွေ တော်တော်များများ
    ကို တော့ လေ့လာ ဖြစ် ဝင် ဖတ်ဖြစ်ပါတယ်။

    စာရေးခြင်း။စာဖတ်ခြင်း။ဟာ ကျမ ရ ဲ့ ဝါသနာ တစ်ခု့ ကိုဘဲဖြစ်လို့
    ကိုယ်ကိုယ်တိုင် ရဲ ့ ခံစားချက်စာ တွေကိုဘဲရေးရရေးရ။
    သူများရေးထားတဲ့ စာတွေ ကိုဘဲ ဖတ်ရဖတ်ရ ။
    ကျမ ကတော့ အလွန်ဘဲပျော်ရွှင်ပါတယ်။

    စာရေးသူဆိုတာလဲ သူ့ ရဲ ့ တန်ဖိုးရှိလှတဲ့ အချိန်တွေ ကို နစ်မြုတ် ထားရသလို

    စာဖတ်သူတွေမှာလဲ တန်ဖိုးရှိလှတဲ့ အချိန်တွေကို ပေးဆပ်ထားရတာပါ။

    နှစ်ဦးနှစ်ဖက် သာတယ်။နာတယ်။မရှိပါဘူးလို့တော့ ထင်မိပါတယ်။

    စာရေးရ တဲ့ သူကတော့ စာဖတ်တဲ့ သူထက်စာရင် နဲနဲ ကပိုပြီးတာဝန်ကြီးပါတယ်။

    စာအရေးအသားစကားလုံးတွေကအစ
    စာဖတ်ပရိတ်သတ်ကို စော်ကားမော်ကားမလုပ်မိအောင် ပိုပြီးသတိထားရပါတယ်။

  • ကြေးမုံ

    February 4, 2011 at 5:52 pm

    ကျမ ကတော့ အသက် ၃ဝ ကျော် နေတဲ့ သူဆိုတော့
    ကျမ တို့ လူငယ် ခေတ်တုံးက မရခဲ့ တဲ့
    အခွင့် အရေးတွေ အခု့ အင်တာနက် ရဲ ့ ကျေးဇူး။
    web site တွေ ကို ပြုလုပ် ပေးကြ တဲ့ သူတွေ ရ ဲ့ ကျေးဇူး ။ နဲ့
    မိမိ ရ ဲ့ ဝါသနာတွေကို အကောင် အထည်ဖေါ်လာနိုင် တာ ဆိုတော့
    ဒီ လို အခြေအနေ ကို အလွန်ဘဲ တန်ဖိုးထား ဝမ်းသာမိတာအမှန်ပါဘဲ။

    ဒီ ဆိုဒ်မှာ ပိုက်ဆံပေးတယ်ဆိုလို့ ဒီ လိုစကားမျိုး ပြောတာမဟုတ်ပါဘူး။

    ဘာလို့ လဲ ဆိုရင်
    ကျမ မိန်းမသားစစ်စစ် တစ်ယောက် ဖြစ် ရက် သားနဲ့တောင်
    members တွေ တော်တော်များများ က ယောက်ကျင်္ားလေးတွေ
    ဘဲ ရှိကြတဲ့ ဆိုဒ်တစ်ခု့ မှာ တောင် စာဝင်ရေး ။
    သူများ ပိုစ် တွေ ထဲက ကောင်းနိုးရာရာ တွေ့ ရင်။
    ပြောချင်တာလေးတွေ ရှိရင် ။့
    comment ဝင်ပေး နဲ့ နှစ်ပတ်လည် လုပ်နေခဲ့တာပါ။

    ကျမ အချိန်တွေ တော်တော်များများကို အသုံးပြုခဲ့တာပါ။
    ဒါကို နစ်နာတယ်လို့လဲ မမြင်ခဲ့ပါဘူး။

    ပိုက်ဆံရခြင်း။မရခြင်း။ထက် မိမိ ဝါသနာ ပါတာ ကို လုပ်ခွင့် ရ တာကို ဘဲ

    စာရေးတင်ကြတဲ့ ပို့စ် ပိုင်ရှင်တွေ ကို ကော။
    စာဖတ် ကွန့်မန့် ဝိုင်းပေးကြတဲ့ သူတွေ ကို ကောဘဲ ။
    တော်တော်လေးကျေးဇူးတင်မိပါတယ်။

    တစ်ချို ့ ဆိုရင် comment ပေး တဲ့ နေရာမှာ လက်လွတ်စပယ် မဟုတ်ဘဲ
    လေးလေးနက်နက် အချက်ကျကျ ရေးထားကြ တာကို
    လေးစားဖွယ် တွေ့ မြင်ဖတ်ရှု ရပါတယ်။

    ကျမဆိုရင် တစ်ချို ့ comment တွေ ကတောင် ကိုယ်မသိသေးတဲ့အချက်။
    ကိုယ်မစဉ်းစားမိတာတွေ။ပါလာတတ်လို့ တော်တော် သဘောကျမိပါတယ်။

    နှုတ်တရာ ။စာ တစ်လုံး ဆိုသလို

    ဖတ်မိခဲ့ သမျှ တွေ ထဲက နေ

    စာပေမှန်သမျှ ကို ကိုယ့်ဘာသာ ဇကာ တင်ရွေးချယ် ယူလို့ ရှိရင်

    အလွန် အကျိုးရှိပါတယ်။
    ဇကာတင်စစ်။အနှစ်ကျန် အောင် လုပ်ရမှာကတော့
    စာဖတ်သူရ ဲ့ တာဝန်ဘဲ လို့ ထင်တာပါဘဲ။

  • ကြေးမုံ

    February 4, 2011 at 6:30 pm

    ကျမ ရေးတဲ့ စာမူတော်တော်များများ မှန်သမျှ ဟာ
    ကျမ ရဲ ့ ကိုယ်ပိုင် အတွေးအခေါ် အယူအဆ တွေကို အခြေခံ ပြီး။
    လက်တွေ့ ဘဝတွေ နဲ့ တွက်ဆ လေ့ ရှိပါတယ်။

    ကျမ ကိုယ်ပိုင် ရေးထားတဲ့ ကိုယ်တိုင်ရေးစာမူ တွေကိုဘဲ
    မတူညီ တဲ့ site နှစ်ခု့ မှာတင်လိုက်တဲ့ အခါ
    comment တွေ မှာပါ တော်တော်အယူအဆ ကွဲလွဲ တာကိုလည်း
    လေ့လာတွေ့ ရှိရပါတယ်။

    site တော်တော်များများ ကို လေ့လာဝင် ဖတ်ကြည့် တဲ့ အခါမှာလဲ
    တစ်ခါတစ်လေ တစ်ချို ့ ကိစ္စ အသေးအဖွဲ အကြောင်းအရာလေးတွေကိုဘဲ
    တစ်ယောက် နဲ့ တစ်ယောက်
    ဆတ်ဆတ်ထိမခံ အပြင်းအထန် ခြေပတာမျိုးတွေ။

    တော်တော်လေးနစ်နစ်နာနာ ဝေဖန်ထားတာမျိုးတွေ ။

    အပြန်အလှန် comment တွေမှာ ဖတ်မိပါတယ်။

    ကျမတဖက်သက် အမြင်ပြော ရရင်
    ပို့စ်တင်သူတွေကော။comment ပေးသူတွေကလဲ
    ငါ့ ကို ဘယ်သူမှန်း ဘယ်သူမှ့ သိ တာ မဟုတ်ဘူး။

    ငါ ပြောချင်သလို ရေးချင်သလို ဝေဖန်ချင် သလို ဝေဖန်ပြစ် လိုက်မှာဘဲ
    ဆိုတဲ့ စိတ်ကလေးတွေ လဲ တစ်ချို ့ မှ ရှိပုံရ ပါတယ်။

    အားလုံးသော post ။ comment ။ရေးနေသူတွေကို စော်ကားမော်ကားပြောတာမဟုတ်ပါဘူး။

    ကျမ အထက်မှာပြောခဲ့ သလိုဘဲ တစ်ချို့ ပေးတဲ့ comment တွေ ဆိုရင် ကျမ ထက်စိတ်ကူးအတွေးတွေ ကောင်းပြီး အတု့ယူချင်စရာကောင်းပါတယ်လို့ပြောပြီးသားပါ။

    Post တင် တဲ့သူကလဲငါရေးချင်တာရေးမယ်။
    commentပေးတဲ့သူကလဲ ငါဝေဖန်ချင်သလိုဝေဖန် ရေးချင်တာရေးမယ်။

    ငါ ကို ဘယ်သူမှန်းသိတာမှတ်လို့။
    username အမျိုးမျိုး သုံးပြီး ပယ်ပယ်နယ်နယ် ပြစ်တင်ဝေဖန်ပြစ်လိုက်မှာဘဲ။

    အင်တာနက် စာပေ တွေမှာ စာပေ edit မရှိဘူး။

    လို့ ထင်ရင်တော့ မှားလိမ့်မယ်လို့ ဘဲ သုံးသပ်ဆင်ခြင်မိပါတယ်။

    Post ဘဲရေးရေး။ comment ဘဲရေးရေး ။
    စာ တစ်ကြောင်းရေးပြီဆို ကထဲ က

    ရေးသူရဲ့ အာဘော်။စိတ်ဓာတ်။ ကို တော်ယုံ စာဖတ်သန်တဲ့သူတွေက
    ကောင်းကောင်း အကဲခတ်။အကဲဖြစ်နိုင်စွမ်းရှိကြပါတယ်။

    စာရေးသူရ ဲ့ စာကြောင်းရေ ။စကားလုံးအသုံးအနှုန်းတွေ ကနေ
    စာရေးသူရဲ ့ သဘောထား။စိတ်နေစိတ်ထား။ခံယူချက် တွေ ကို
    ကြေးမုံ မှန်ပြင် တစ်ချပ် လိုဘဲ ထင်ထင်ရှားရှားမြင်ရပါတယ်။

    လို့ ကျမ ကတော့ သုံးသပ် မိတဲ့ အတွက်
    မည်သူမည်ဝါဆိုတာသိစရာ မလိုဘဲ
    စာပေ အဆင့် အတန်းကို သတ်မှတ်ခွဲခြားနိုင်ပါတယ်။
    လို့ ယူဆမိပါတယ်။

  • zaw min

    February 5, 2011 at 5:44 am

    ဆိုဒ်တစ်ခုမှာစာရေးတယ်ဆိုတာ စာရေးသူ စာဖတ်သူတို့၏အသိပညာ၊ဗဟုသုတများ တစ်ဦးနှင့်တစ်ဦးဖလှဲကြသည်၊မိမိတို့၏အမြင်များကိုဆွေးနွေးကြသည်။ထိုသို့ ဆွေးနွေးမူများတွင် အချင်းချင်းအပြန်အလှန် နားလည်မူ၊ယဉ်ကျေးမူ၊လေးစားမူများနှင့်ဆွေးနွေးတိုင်ပင်ကြလျှင်အလွန်ပင်သင့်လျှော်မည်ဟုထင်မိပါသည်။
    ကျွန်တော်သည် ဤမန္တလေးဂေဇက်မှလွဲ၍ ဘယ်မှာမှမရေးဘူးပါ။ရေးသားခြင်စိတ်ပေါ်လာ၍၎င်း၊အယ်ဒီတာ အာဘော်ကိုသဘောကျနှစ်သက်၍၎င်း၊ဝင်ရောက်ရေးသားခြင်းဖြစ်ပါသည်။
    ပိုစ့်တင်၍ ပွိုင့်ရသည်ဖြစ်စေမရသည်ဖြစ်စေ။ဗဟုသုတ ရစေသောအကြောင်းအရာများ သတင်းများကိုပေးပို့သွားပါမည်။မိမိရခဲ့သောပွိုင့်အားလုံးနှင့် ရရှိမည့်ပွိုင့်အားလုံးကို အမြဲတမ်း အလှူအဖြစ်ပေးအပ်ပါသည်။ကျွန်တော်သည် အသက်(၄၀)ဝန်းကျင်သို့ရောက်ရှိနေသောသူဖြစ်ပါသည်။ကျွန်တော်ခေတ်များတွင် ယနေ့ခေတ်လို ဆက်သွယ်ရေးများကောင်းမွန်ခြင်းမရှိခဲ့ပါ၊အင်တာနက်မပြောနဲ့ရန်ကုန်မှမြစ်ကြီးနားသို့ တယ်လီဖုန်းဆက်သွယ်မူပင် ကောင်းကောင်းမသုံးနိုင်သေးပါ။ဝါသနာကြောင့်၎င်း၊ဗဟုသုတရစေခြင်းကြောင့်၎င်း၊ရေးသားရခြင်းသာဖြစ်ပါသည်။
    အချိန်များပေါနေ၍လည်းမဟုတ်ပါ။မိမိကိုယ်ပိုင်လုပ်ငန်းနှင့် အချိန်ပြည့်အလုပ်များနေသူပါ။မိမိ၏ကိုယ်ပိုင်အချိန်လေးထဲမှ နေ့စဉ်တစ်နာရီ၊နှစ်နာရီကို အများအကျိုးအတွက် အကျိုးရှိစေရန်ရည်ရွယ်ပါသည်။
    ကျွန်တော်ရေးသားသည့် အကြောင်းအရာများကို အယ်ဒီတာမှမနှစ်သက်ပါက ပယ်ဖျက်နိုင်ပါသည်။
    ယနေ့တိုးတက်နေသော ဆက်သွယ်ရေးနည်းပညာကို အကျိုးရှိစွာနဲ့ အသုံးပြုကြစေရန်လေးစားစွာဖြင့်တိုက်တွန်းလိုက်ပါသည်။

    • bigcat

      February 5, 2011 at 6:57 am

      ပွိုင့်မမျှော်နဲ့ဗျို့ ဆရာဇော်ရမဲ့ပွိုင့်ကအင်ကြီး၊ ငွေသားနဲ့လဲလို့မရဘူး၊ မြန်မာနိုင်ငံ ပြင်ပမှာနေလို့။ လိုချင်ရင် ကောင်းကောင်းရေးရင် (ဥပမာ မလေးရှားက ညီမလေးတွေအကြောင်း စိတ်ဝင်စားဖွယ် နှိုက်နှိုက်ချွတ်ချွတ်) တပုဒ်ကို ငါးဒေါ်လာ ကိုယ့်နာမည်နဲ့လှူပေးမယ်။ သိပ်ကြိုက်လို့ ပုံနှိပ်သတင်းစာမှာပါရင် (မဖြစ်နိုင်လို့ မမျှော်နဲ့) ဒေါ်လာ၂ဝရမယ်။ ပိုက်ဆံပေးမှာက သဂျီးကတော်ဆိုတော့ ကျနော် အခုသဂျီးနဲ့ညှိနေတယ်။ ကျနော်ရေးသမျှကို ကောင်းကောင်းမကောင်းကောင်း သူက fund ရှိသလောက် ဝယ်မယ်၊ ပြီးတော့ တယောက်တဝက် ခွဲယူမယ်။ သူ့ခင်မျာ ဘီယာဖိုးလည်း ကြံဖန်ရသေးသကိုးကွဲ့။ သဂျီးကတော်က သူ့နှစ်လုံးပြူးသေနတ်ကို လုံးဝမကြောက်ဘူးတဲ့။ သားသား မီးမီးတို့ကတော့ ကြောက်ကြောက်..

  • zaw min

    February 5, 2011 at 7:44 am

    မမျှော်ပါဘူး ကိုကြောင်ကြီး၊ ကျွန်တော်က စာတတ်ရေးနေရရင် ကျေနှပ်နေသူပါ။
    ကျွန်တော် အမှန်တကယ်လိုချင်သောပွိုင့်ကတော့ စိတ်ကျနေသော လူငယ်များ ကျွန်တော်တို့ ရေးသားသည်များကို ဖတ်ရူမိ၍ မိမိတို့၏ စိတ်ဓါတ်ခွန်အားများ ပြန်လည်နိူးကြားလာစေရန်အတွက် သာရည်ရွယ်ပါသည်။ထိုသူများထဲမှ တစ်ယောက်တစ်လေသည် မိမိကိုယ်ကိုမိမိ ပြန်လည်၍ စိတ်ဓါတ်ခွန်အားများရရှိခဲ့ပါလျှင် ကုန်ဆုံးခဲ့သော အချိန်များအတွက် အလွန်အကျိုးရှိပါမည်ဟုထင်မိပါသည်။

  • naywoonni

    February 5, 2011 at 4:26 pm

    ကောင်းလေစွ …ကောင်းလေစွ

Leave a Reply