စစ်ရေးပူးပေါင်းမှု တိုးမြှင့်ရန် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

cobraDecember 16, 20101min38
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့သည် စစ်ရေးအရ ပူးပေါင်း လုပ်ဆောင်မှုများ တိုးမြှင့်သွားရန် ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA) ဌာနချုပ်တည်ရှိရာ မိုင်းလားမြို့တွင် အလွတ်သဘော ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ယင်းဆွေးနွေးပွဲတွင် NDAA ခေါင်းဆောင်များ၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ဒုတိယ ခေါင်းဆောင် ကျောက်ကြုံးတန်းနှင့်အဖွဲ့၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-S) မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ယခင် ရက်သတ္တပတ်က မိုင်းလားမြို့တွင် ပြုလုပ်သည့် ရှမ်းနှစ်သစ်ကူးပွဲတော်၌ ယင်းကဲ့သို့ ဆွေးနွေးကြခြင်း ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာ ဦးစိန်ကြည်က ဆိုသည်။

“တိုင်းရင်းသား ကိုယ်စားလှယ်တွေက လက်ရှိနိုင်ငံရေးအခြေအနေကို ဝိုင်းပြီး သုံးသပ်ကြတယ်။ ပြီးခဲ့တဲ့ အနှစ် ၂ဝ အတွင်းမှာ ဘာတွေလုပ်နိုင်ခဲ့ကြသလဲ ဆိုတာတွေ၊ ရှေ့လျှောက် ဘာဆက်လုပ်ကြမလဲ ဆိုတာတွေ ဆွေး