စစ်တပ်က မီးရှို့မည်ဆို၍ ရွာခံများ တိမ်းရှောင်ရ

cobraDecember 16, 20101min36

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူးကြီး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း သိရ သည်။

တိမ်းရှောင်နေကြရသည့် မဲကသာရွာသား ၅၀ဝ ခန့် ရှိသည်ဟုလည်း ဒေသခံ တဦးက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ၎င်း အား သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသောကြောင့် မဲကသာရွာကို မီးရှို့ ရန် ဗိုလ်မှူးကြီး အာကာ က တပ်ဖွဲ့ဝင်များကို အမိန့်ပေး စီစဉ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူ ဒေသရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။ ပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီး အာကာ၏ ဘယ်ဘက် လက်ကောက် ဝတ် ကို သေနတ် ထိမှန် သွားကြောင်း သိရသည်။

“ဘော်လီဘော ကစားနေတုန်း ဘယ်အဖွဲ ့ကမှန်းမသိတဲ့ သေနတ်သမားတဦးက ဝင် ပစ်သွားလို့ ဗိုလ်မှူးကြီး အာကာ ကို မှန်သွားတယ်။ ဒါကြောင့် သူက ရွာကို မီးရှို ့ဖို့ အမိန့် ပေးလိုက်လို့ ရွာသားတွေ မနေရဲတော့ဘူး။ အားလုံး ထွက် ပြေး ကုန်ကြတယ်။ မဲကသာမှာ အိမ်ထောင်စု ၈၃ စု ရှိတဲ့အထဲက ၆၁ စုက တောထဲကို ဝင်ပြေးကြတယ်။၂၁ စု က တော့ ဘုရားသုံးဆူ နဲ့ သဘာဝရွာဘက်ကို ပြေးကြတယ်။ ရွာသူကြီးအိမ်တအိမ် ကျန်တယ်”ဟု ဗိုလ်ကြီး စောထဲနေက ဆိုသည်။

ယင်းကိစ္စဖြစ်ပွားပြီး နောက်တနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင်လည်း ခမရ ၄၀၂ စစ်ကြောင်း ၁ မှ စစ်ကူပေးရန် လာရောက်စဉ် အချင်းချင်း မှားယွင်းပစ်ခတ်မှုတရပ် ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု မရှိကြောင်းလည်း သိရသည်။

“ဗိုလ်မှူးကြီး အာကာ ဒဏ်ရာရသွားတဲ့ နောက်ပိုင်း စစ်ကြောင်း၂ ကို ကူဖို့ စစ်ကြောင်း ၁ က မဲကသာ ကို လိုက် လာ တယ်။ အဲဒီမှာ ရွာမှာ အရင်ရေ